ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော်    ဇူလိုင်    ၂၁


ကမ္ဘာပေါ်ရှိ    ထိုင်တော်မူကျောက်ဆစ်  ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့်    မာရဝိဇယ   ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှု နှင့်ပတ်သက်၍   သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက    နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်  အတွင်းရှိ      ယာယီရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်    ဗိုလ်ချုပ်ဇော်မင်းထွန်းက  ရှင်းလင်းပြောကြားခဲ့ပြီး  သတင်းမီဒီယာများ၏    သိရှိလိုသည့်   မေးမြန်းမှုများကို    ပြန်လည်ဖြေကြား သည်။


ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး   
ခိုင်မာစွာထွန်းလင်း


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊     သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်   ဗိုလ်ချုပ်ဇော်မင်းထွန်းက မာရဝိဇယ      ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင်    ထေရဝါဒဗုဒ္ဓသာသနာ တော်ကြီး   ခိုင်မာစွာထွန်းလင်းတောက်ပ လျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံ  သည်   ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု ၏   ဗဟိုချက်ဖြစ်စေရန်၊   နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊       ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန်     စသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့်      တည်ထား ကိုးကွယ်ရေး ဆောင်ရွက်ခဲ့မှု၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဆိုင်ရာ အချက် အလက်များနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ထည့်သွင်း     တည်ဆောက်ထားရှိသည့်  သာသနိက         အဆောက်အဦများ၊  ကျောက်စာရုံ    စေတီတော်များဆိုင်ရာ      အချက်အလက်များကို            ရှင်းလင်း  ပြောကြားသည်။


ထို့နောက် ကမ္ဘာပေါ်ရှိ   ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် ရုပ်ပွား  တော်မြတ်ကြီးနှင့်    ကြီးမားကျယ်ပြန့်ပြီး ခမ်းနားထည်ဝါလှသည့်  ဗုဒ္ဓဥယျာဉ်တော် သာသနာ့နယ်မြေကို   တည်ဆောက်ခဲ့ရာ တွင် ငွေအင်အား၊    လူအင်အား    အများ အပြားဖြင့်  နေ့မနား၊ ညမအား ကြိုးစား ၍   ဗုဒ္ဓဘာသာသာသနာ   ရောင်ဝါနေသို့ လင်းစေရေး     ဆောင်ရွက်ခဲ့ရမှုများကို ရှင်းလင်းပြောကြားရာ၌     ရုပ်ပွားတော် မြတ်ကြီးဖြစ်လာမည့်    စကျင်ကျောက် တော်ကြီး လက်ခံရရှိခဲ့မှုနှင့် အင်ဂျင်နီယာ  ပိုင်းဆိုင်ရာ အသေးစိတ်တွက်ချက်မှုများ ဆောင်ရွက်ခဲ့ရမှု၊   စကျင်ကျောက်တော် ကြီးကို နေပြည်တော်သို့  ရောက်ရှိနိုင်ရေး အတွက်  ရေလမ်းကြောင်း၊   ကုန်းလမ်း ကြောင်းတို့ကို    အသေးစိတ်တွက်ချက် ဆောင်ရွက်၍ ကြိုးပမ်းသယ်ယူပင့်ဆောင် ခဲ့ရမှု၊ နေပြည်တော်သို့  ပင့်ဆောင်နေချိန် နှင့် တစ်ပြိုင်တည်း၌ပင် နေပြည်တော်သို့ ရောက်ရှိပြီးချိန်၌ စတင်ထုဆစ်မည့်နေရာ၊ ထုဆစ်ပြီးချိန်တွင်    တည်ထားကိုးကွယ် မည့်နေရာနှင့်  သာသနိကအဆောက်အဦ များ     ထည့်သွင်းဆောက်လုပ်နိုင်ရေးတို့  အတွက်ကိုလည်း  နိုင်ငံတော်  သံဃမဟာ  နာယကအဖွဲ့    ဆရာတော်ကြီးများထံမှ  ဩဝါဒခံယူခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း  များ    ဆောင်ရွက်ရန်အတွက်     ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဟန်ချက်ညီ  ဖြစ်အောင်ဆောင်ရွက်ခဲ့ရမှု၊ ရုပ်ပွားတော်  မြတ်ကြီးကို အပိုင်း ၄ ပိုင်းဖြင့် ခွဲ၍ ထုဆစ် ပုံဖော်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပြီး ခေတ်မီ CNC နည်းပညာအသုံးပြု၍   အဆင့်ဆင့် ထုဆစ်ပုံဖော်    ဆောင်ရွက်ခဲ့ကာ    ၂၀၂၂  ခုနှစ်   မတ် ၃၁ ရက်တွင်    ထုဆစ်ခြင်း လုပ်ငန်းများအားလုံး ပြီးစီးခဲ့မှု။ 


ထို့နောက် ရုပ်ပွားတော်မြတ်ကြီး၏   အပိုင်းများကို  တွဲဆက်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့မှုနှင့် တစ်ချိန်တည်း၌ပင် ကျောက်စာရုံစေတီစုစုပေါင်း အဆူ   ၇၂၀   ကိုလည်း    တည်ထားကိုးကွယ်နိုင်ရေး   ဆောင်ရွက်ထားရှိမှု၊     ရုပ်ပွားတော် မြတ်ကြီး၏  အပိုင်းများကို   တွဲဆက်ပြီး နောက်     ရတနာပလ္လင်တော်ထက်သို့   ပင့်ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်  ခဲ့မှုနှင့် စေတနာရှင် ရဟန်း၊ ရှင်လူ၊  မိဘ ပြည်သူများ လှူဒါန်းထားသည့်  ဌာပနာ တော်များ  ထည့်သွင်းပူဇော်ခြင်း  မဟာ မင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ် ခဲ့မှု၊  ရုပ်ပွားတော်မြတ်ကြီးအား  ပိဋကတ် တော်လာအချက်အလက်များနှင့် ညီညွတ်  ပြည့်စုံစေရေးအတွက်   ဥဏ္ဏလုံ  မွေးရှင် တော်ဓာတ်   စီသွင်းပူဇော်ခြင်း    မင်္ဂလာ အခမ်းအနားကျင်းပခဲ့မှု၊  သာသနာ့ဗိမာန် တော်ကြီး တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ ရုပ်ပွားတော် မြတ်ကြီး     တည်ထားကိုးကွယ်ရာတွင်   ရေရှည်တည်တံ့        ခိုင်မြဲရေးအတွက် ဆောင်ရွက်ခဲ့မှုများ။ 


အနေကဇာတင် မင်္ဂလာအခမ်းအနား တိုက်ရိုက်ထုတ်လွှင့်သွားမည်


ဆင်းတုတော်နှင့် ပလ္လင်တော်ထုဆစ် ခြင်းလုပ်ငန်း      တိုးတက်မှုမှတ်တမ်း များ၊     ရင်ပြင်တော်တည်ဆောက်ရေး လုပ်ငန်း   ဆောင်ရွက်ခဲ့မှုမှတ်တမ်းများ၊ မာရဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီး    တည်ဆောက်ရေး လုပ်ငန်းများအားလုံး      ပြီးစီးသည့်အချိန် တွင်       မြင်တွေ့ရမည့်         အခြေအနေများ ကို   Powerpoint Presentation များ၊   မှတ်တမ်း   Video  ဖိုင်များ၊     အထူးပြုလုပ် ချက်များဖြင့်   အကျယ်တဝင့်    ရှင်းလင်း ပြောကြားပြီး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဗုဒ္ဓါဘိသေက အနေကဇာတင် လှူခြင်း၊    ကျောက်စာရုံစေတီတော်များ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်း အနားများကို   မြန်မာသက္ကရာဇ်    ၁၃၈၅ ခုနှစ်၊   ဒုတိယဝါဆို လပြည့်နေ့(ဓမ္မစကြာ နေ့)၊  ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နိုင်ငံတော်အဆင့်  စည်ကား ခမ်းနားစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊    အနေကဇာတင်လှူ ပူဇော်ပွဲအခမ်းအနား ၌     ပြည်ပနိုင်ငံ    ၉ ခုမှ    သံဃာတော် အပါး  ၇၀ကျော်သည်လည်း  တက်ရောက် အနေကဇာတင်မည်       ဖြစ်ပါကြောင်း နှင့်     မဟာမင်္ဂလာအခမ်းအနားကြီး   ကျင်းပနေမှုများကို    ပြည်သူလူထုတစ်ရပ် လုံး        ကြည့်ရှုကုသိုလ်ပွားနိုင်ရေး အတွက်လည်း    နိုင်ငံပိုင်ရုပ်မြင်သံကြား Channel   များမှ  တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမည် ဖြစ်ကြောင်းဖြင့်  ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် သတင်းဌာနများမှ   သတင်းထောက်များ ၏     သိရှိလိုသည့်   မေးမြန်းမှုများအပေါ်  နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီ၊  သတင်းထုတ်ပြန်ရေး   အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်  ဇော်မင်းထွန်းက   ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး     သတင်းစာ ရှင်းလင်းပွဲကို        ရုပ်သိမ်းခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများမှ     မာရဝိဇယ    ဗုဒ္ဓ  ရုပ်ပွားတော်မြတ်ကြီးနှင့်       မာရဝိဇယ   ဗုဒ္ဓဥယျာဉ်     တည်ဆောက်ခြင်းအတွက်  ကြည်ညိုသဒ္ဓါတရား    ပွားများစွာဖြင့် အလှူငွေများကို   ပေးအပ်လှူဒါန်းခဲ့ရာ ဗိုလ်ချုပ် ဇော်မင်းထွန်းက လက်ခံရယူ သည်။


သတင်းစာရှင်းလင်းပွဲ        အပြီးတွင် လာရောက်သတင်းရယူကြသည့် ပြည် တွင်း/ ပြည်ပ   သတင်းဌာနများမှ သတင်း ထောက်များ၊ မြန်မာနိုင်ငံ   ဓာတ်ပုံဆရာ များအသင်းမှ    ဓာတ်ပုံပညာရှင်များက ကြည်ညိုသဒ္ဓါတရား    ထက်သန်စွာဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။


ပြည်တွင်း ပြည်ပသတင်းဌာနများမှ သတင်းရယူ


အဆိုပါ  မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး      တည်ထားကိုးကွယ်မှုနှင့်  ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ တပ်မတော်အရာရှိကြီးများ၊ တာဝန် ရှိသူများ၊      ဖိတ်ကြားထားသူများနှင့် ပြည်တွင်း သတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်ပသတင်းဌာနများမှ သတင်းထောက်များ၊ မြန်မာနိုင်ငံ ဓာတ်ပုံ ဆရာများအသင်းမှ ဓာတ်ပုံပညာရှင်များ လာရောက်သတင်းရယူခဲ့ကြသည်။


သတင်းစာရှင်းလင်းပွဲ     အပြီးတွင် တက်ရောက်       လာကြသူများသည်   မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်  မာရဝိဇယ     ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ကြရာ  တာဝန် ရှိသူများက     လိုက်လံရှင်းလင်းပြသခဲ့ကြ  ကြောင်းနှင့်    စိတ်ဝင်တစား  လေ့လာ ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း    သတင်း ရရှိသည်။        

သတင်းစဉ်