ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ
ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်    ဇွန်     ၁၅


ပြည်ထောင်စုနယ်မြေ    နေပြည်တော်     ဒက္ခိဏသီရိမြို့နယ်ရှိ   မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန်  ဆောင်ရွက် လျက်ရှိသည့် ကမ္ဘာပေါ်ရှိ   ထိုင်တော်မူ    ကျောက်ဆစ်ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့်  မာရဝိဇယ  ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး    တည်ဆောက်ပြီးစီးမှုအခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါ၍  ယနေ့ညနေပိုင်းတွင်   သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ဦးစွာ  ရှင်းလင်းဆောင်၌   ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး  ကံမြင့်သန်းက ဇွန်  ၁၃  ရက်တွင်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်     လာရောက်စစ်ဆေးစဉ် မှာကြားချက်များအပေါ်      ဆောင်ရွက်ပြီးစီးမှု၊ ဆင်းတုတော်ငယ်များ ထုဆစ်နေမှု၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး      တည်ထားကိုးကွယ်ရေး လုပ်ငန်းများတိုးတက်မှု၊    ဆင်းတုတော်ကြီးအား ဆေးသင်္ကန်းကပ်ခြင်းနှင့် လက်မှုအချောထည်များ ထုဆစ်ခြင်းဆောင်ရွက်နေမှု၊ အလှပန်းကနုတ်များ အား Mobile CNC  ဖြင့်  ထုဆစ်၍   ပလ္လင်တော်တွင် တပ်ဆင်မှုနှင့် အပတ်စဉ်လုပ်ငန်းတိုးတက်မှုအခြေအနေများကို   လည်းကောင်း၊    စစ်ထောက်ချုပ်   ဒုတိယဗိုလ်ချုပ်ကြီး  ကျော်စွာလင်းက  ဗုဒ္ဓဥယျာဉ် အတွင်း သာသနိကအဆောက်အအုံများ၊  ရေပန်း ရင်ပြင်၊ ရင်ပြင်တော်၊ ဂန္ဓကုဋိတိုက်၊ မုစလိန္ဒအိုင်နှင့် နဂါးရုံဘုရားတည်ဆောက်ခြင်း၊    သာသနာ့ဗိမာန်တည်ဆောက်ခြင်းနှင့်     ကျောက်စာရုံစေတီများ တည်ဆောက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း   ရှင်းလင်းတင်ပြကြသည်။

 


လိုက်လံကြည့်ရှုစစ်ဆေး


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ် ပြီးစီးမှု၊ တံခွန်တိုင်တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက် များ တည်ဆောက်ပြီးစီးမှု၊ မဟာဗောဓိညောင်ပင် ရှင်သန်ဖြစ်ထွန်းမှု၊    သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များ တည်ဆောက် ပြီးစီးမှု၊   ရေပန်းရင်ပြင်    တည်ဆောက်ပြီးစီးမှု၊ ကျောက်စာရုံစေတီတော်များ တည်ဆောက်ပြီးစီးမှု၊ နဂါးရုံဘုရားနှင့် မုစလိန္ဒအိုင် တည်ဆောက်ပြီးစီးမှုနှင့် ကျည်းပင်များ   ရှင်သန်ဖြစ်ထွန်းနေမှုအခြေအနေ များကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်


အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင်   ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာ ကိုပြသရန်၊ မြန်မာနိုင်ငံသည်  ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏   ဗဟိုချက်ဖြစ်စေရန်၊  နိုင်ငံတော်ကြီး သာယာဝပြောမှု   ရှိစေရန်၊    ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန်  စသည့် ရည်ရွယ်ချက်   ၄  ရပ် ဖြင့်  တည်ထားကိုးကွယ်ရန်  လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း၊ စကျင်ကျောက်တော်ကြီးတည်ရှိရာ မတ္တရာ မြို့နယ် စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းအထိ ရေလမ်း ကြောင်းဖြင့်လည်းကောင်း၊ ၎င်းမှတစ်ဆင့် မန္တလေး-ရန်ကုန်    အမြန်လမ်းအတိုင်း     နေပြည်တော်သို့ Modular Trailer များဖြင့်လည်းကောင်း အခက်အခဲ များစွာကြားမှ    ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်သို့ရောက်ရှိလာသည့် ကျောက်တုံးတော် ကြီးများကို  အဆင့်မြင့်နည်းပညာဖြစ်သည့်  CNC Machine များဖြင့် ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။

 


ထုဆစ်မှုမှာ  ၉၇  ရာခိုင်နှုန်းပြီးစီးပြီဖြစ်


ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကို  တွဲဆက်ထားသည့်   ဆင်းတုတော် အစိတ်အပိုင်းကြီးကို ဇန်နဝါရီ ၂၆ ရက် မင်္ဂလာအချိန် တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင် ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာ   ပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊   ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏   ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင်လည်း   ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင် များက  ကုသိုလ်ပြုလှူဒါန်းထားသည့်   အဖိုးတန် ကျောက်မျက်ရတနာဌာပနာတော် ကုသိုလ်ပစ္စည်း များ ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်း အနားများကို ဇန်နဝါရီ ၂၇ နှင့် ဖေဖော်ဝါရီ ၁၀ ရက် တို့တွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ ဌာပနာတော် ကုသိုလ်ရှင်များ၊  ပြည်သူ   ပြည်သားများအားလုံး ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုခဲ့ကြကြောင်း၊ ဖေဖော် ဝါရီ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကို ရတနာ ပလ္လင်တော်ထက်သို့   ပင့်ဆောင်ပူဇော်ခြင်း   မဟာ မင်္ဂလာအခမ်းအနားကို    ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ထုဆစ်မှုမှာ  ၉၇   ရာခိုင်နှုန်း   ပြီးစီးပြီဖြစ် ကြောင်း။

 


ခေတ်မီစက်ကိရိယာများ အသုံးပြု


ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့် နည်းတူ ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်း သာသနာရေး ဆိုင်ရာအခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့ နိုင်သော သာသနာ့ဗိမာန်တော်ကြီးအပါအဝင် အခြား သော   သာသနိကအဆောက်အအုံများစွာကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိကြောင်း၊    ထို့ပြင် ဆရာတော်ကြီးများ၏   ဩဝါဒမိန့်ကြားချက်များ အရ   ဆဋ္ဌသင်္ဂါယနာမူ    ပိဋကတ်ကျမ်းစာများကို   ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ် များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိ အက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာ တော်များ တည်ထားဆောင်ရွက်လျက်  ရှိကြောင်း၊  ထုဆစ်ပြီးစီးသည့်    ဗုဒ္ဓမြတ်စွာဘုရား၏     နှုတ် ကပါဌ်တော်လာ  ပိဋကတ်သုံးပုံ   အဋ္ဌကထာ    ဋီကာ ကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော် ထားရှိပြီး   ဘုရားဖူးလာမိဘပြည်သူများအနေဖြင့်  ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ   ပိဋကတ်သုံးပုံ တော်လာ အဋ္ဌကထာ ဋီကာကျမ်းစာများကို   တစ်ပါ တည်း    လေ့လာနာယူကြည်ညိုနိုင်ရေး    စီစဉ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့   ဖြန့်ဝေရန်အတွက် လည်း   ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့်  ရိုက်နှိပ်ရန်   စီမံ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုအခါ   သာသနိက အဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ   ၈၆   ရာခိုင်နှုန်းခန့်   ပြီးစီးပြီဖြစ်ကြောင်း   သတင်း ရရှိသည်။  

                                           
သတင်းစဉ်