ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြသ

 

နေပြည်တော်  ဇွန်   ၂၉


ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။  

 


အခမ်းအနားသို့            ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည် တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ သာသနာနုဂ္ဂဟဘွဲ့ရ ပုဂ္ဂိုလ်များ၊ ပြည်တွင်းဘဏ်များနှင့် ကုမ္ပဏီကြီးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန် ရှိ    ပုဂ္ဂိုလ်များ၊   ပြည်တွင်းရုပ်သံလိုင်းများနှင့် ဆက်သွယ်ရေးအော်ပရေတာများမှ တာဝန်ရှိပုဂ္ဂိုလ် များ၊  သတ္တုလုပ်ငန်းကုမ္ပဏီများမှ    တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ကြသည်။

 


ကျရာအခန်းကဏ္ဍများမှ ပါဝင်ထမ်းဆောင်


ဦးစွာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်က   ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့်  မာရဝိဇယ  ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကမ္ဘာပေါ် တွင် စကျင်ကျောက်ဖြင့် ထုဆစ်သည့်ဗုဒ္ဓရုပ်ပွားတော် များတွင် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ် မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြသရန် ဖြစ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာကြ သည့် ဓမ္မမိတ်ဆွေများသည် ဘာသာ၊ သာသနာအား ဖြင့်သော် လည်းကောင်း၊ နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင်လည်းကောင်း တိုးတက် မှုရှိရန်  ကျရာအခန်းကဏ္ဍများမှ ပါဝင်ထမ်းဆောင် နေကြသည့် လူပုဂ္ဂိုလ်များဖြစ်ကြကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည့် နေပြည် တော်တွင် မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် နေသည့် အခြေအနေများကို သိရှိရန်လိုအပ်သည်ဟု ယူဆပြီး ကုသိုလ်စိတ်ပွားများနိုင်ရေး ရှင်းလင်းပြသ ခြင်း ဖြစ်ပါကြောင်း။

 

 
သာယာပျော်ရွှင်စွာနေထိုင်နိုင်ရေး


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ခြင်းနှင့်ပတ်သက်၍    ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်    ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှု ရှိစေရန်၊  ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်(၄)ရပ်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း၊ မိမိတို့နိုင်ငံသည်   ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ကိုကိုးကွယ်သည့်    နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌   ဗုဒ္ဓ၏တရားတော်များကို ပဉ္စသင်္ဂါ ယနာတင်ခြင်းကို မင်းတုန်းမင်းလက်ထက်တွင် လည်း ကောင်း၊  ဆဋ္ဌသင်္ဂါယနာတင်ခြင်းကို ဝန်ကြီးချုပ် ဦးနုလက်ထက်တွင်လည်းကောင်း ဆောင်ရွက်ခဲ့ကြ ကြောင်း၊   ထို့ကြောင့်    ထေရဝါဒဗုဒ္ဓဘာသာနှင့် ပတ်သက်၍     ခိုင်မာသောအခြေခံရှိခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ မိမိတို့နိုင်ငံတွင် ခိုင်မာမှုရှိခြင်း ကို ပြသနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်အတွက် သာသနာ တော်ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော် သာယာဝပြောမှုရှိခြင်းဆိုသည် မှာ ပြည်သူ၊ ပြည်သားအားလုံး အေးအေးချမ်းချမ်းဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်ရမည်ဖြစ်ပြီး စီးပွား လာဘ်လာဘများ   တိုးတက်စေရမည်၊   ပျော်ပျော် ရွှင်ရွှင်   ပညာသင်ကြားနိုင်ရမည်ဖြစ်ကြောင်း၊  ဗုဒ္ဓ မြတ်စွာဘုရား၏အေးမြသည့် အရိပ်အာဝါသအောက် တွင် အားလုံးအေးအေးချမ်းချမ်းဖြင့် သာယာပျော်ရွှင် စွာနေထိုင်နိုင်ရေးဖြစ်ကြောင်း၊   ဗုဒ္ဓဘာသာသည် ငြိမ်းချမ်းမှု၊    အေးချမ်းမှုမေတ္တာတရားထားသည့် ဘာသာတရားတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဗုဒ္ဓ ဘာသာတရား၏ အောက်တွင် ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုရှိစေရေးရည်ရွယ်ချက်များဖြင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 


ထပ်မံထည့်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့


မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် နှောင်းပိုင်း တွင် ယခင်နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် ၎င်းထံလှူဒါန်းထားသည့် စကျင်ကျောက်တော်ကြီး ကို  တပ်မတော်မှ  ဦးဆောင်၍   ဘုရားတည်ထားရန် အတွက်  လွှဲအပ်ခဲ့ကြောင်း၊  အဆိုပါကျောက်တော် ကြီးကို တူးဖော်ရရှိရေး ကျွမ်းကျင်ပညာရှင်များဖြင့် အသေးစိတ်    စစ်ဆေးဆောင်ရွက်၍   တွက်ချက် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်  အောက်တိုဘာလမှ စတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ၂၀ ရှိ A အဆင့်ရှိ သည့်  ကျောက်တော်ကြီးကို    အကြမ်းထည်ပုံဖော်နိုင်ခဲ့ ကြောင်း၊ ဆင်းတုတော်ထုဆစ်ရန်အတွက် တွက်ချက် ဆောင်ရွက်ရာတွင်   အချို့ကျောက်သားနေရာများ တွင် လိုအပ်ချက်များရှိခြင်းကြောင့် ကျောက်သားများ ထပ်မံထည့်သွင်းရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း။

 


ဆင်းတုတော်ကြီး     တည်ထားကိုးကွယ်ရန် ဆောင်ရွက်ရာ၌ ခေတ်အလိုက် တည်ထားဆောင်ရွက် ခဲ့သည့်ရုပ်ပွားတော်များထဲမှ အကောင်းဆုံးဖြစ်သည့် ရတနာပုံခေတ်ဟန် ဘူမိဖဿပုံစံဖြင့်   တည်ထား ကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ၁၈၈၅ ခုနှစ်တွင် အထက်မြန်မာပြည် လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး   ၁၈၈၆  ခုနှစ်  ဇန်နဝါရီ ၁ ရက်မှစတင်၍ မိမိတို့နိုင်ငံ၏သမိုင်းမှာ အဆက် ပြတ်သွားခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ်မှသာ လွတ်လပ်ရေး ပြန်လည်ရရှိခဲ့ကြောင်း၊ ကိုလိုနီဖြစ်ခဲ့သည့်ကာလ အတွင်း မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုများပျက်စီးသွားခဲ့ခြင်းကြောင့် နောက်ဆုံးကျန်ရှိခဲ့သည့် ယဉ်ကျေးမှု ကိုယူရန်အတွက် ရတနာပုံခေတ်ဟန်ဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊   ဘုရားကြီးထုဆစ်ပူဇော်ရန် စဉ်းစားရာတွင်   ဉာဏ်တော်ကို   အဓိကထားပြီး သတ်မှတ်ထားသည့် ထုံးတမ်းအစဉ်အလာများပေါ် မူတည်၍ လိုအပ်သည့်ပလ္လင်တော်နှင့် ဒူးတော်နေရာ များအတွက်   စကျင်ကျောက်များ   ထပ်မံရရှိရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းတုတော်ကြီးထုဆစ်ရန် အတွက် ကျောက်တုံးတော်ကြီးများကို    သယ်ယူရေး စီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကုန်းလမ်းမှသယ်ယူရန် အခက်အခဲများရှိခြင်းကြောင့် စကျင်တောင်မှ ဧရာဝတီ မြစ်၊ ၎င်းမှဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်း မှ   နေပြည်တော်သို့     သယ်ဆောင်နိုင်ရေးအတွက် အသေးစိတ်     လိုက်လံကြည့်ရှုခဲ့ပြီး    ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ၍ ကျောက်တုံး တော်ကြီးများကို ပိုင်းဖြတ်သယ်ယူပင့်ဆောင်ခြင်း များ ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့သယ်ယူချိန်တွင် လည်း ထုထည်ပမာဏကြီးမားခြင်းကြောင့် အခက် အခဲများကြားမှ ပင့်ဆောင်ခဲ့ရကြောင်း၊ စကျင်တောင် မှ သယ်ဆောင်ရန်အတွက် ဆောင်ရွက်ရာတွင်လည်း တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့နှင့် တပ်မတော်(ရေ) တို့ပူးပေါင်း၍ မြောင်မြစ်သို့ တူးမြောင်းဖောက်လုပ် ရာတွင် မြေကျင်း ၉၂၅၀၇ ကျင်း၊ တူးမြောင်း အရှည် ၄၅၈၃  ပေ   ဖောက်လုပ်ဆောင်ရွက်ခဲ့ရကြောင်း၊ အလားတူ   ဆီမီးခုံဆိပ်ကမ်းသို့လည်း   ရေယာဉ် များ   ဆိုက်ကပ်နိုင်ရေး    ပြင်ဆင်ဆောင်ရွက်ခဲ့ရ ကြောင်း။

 


ကမ္ဘာပေါ်တွင် မှတ်တမ်းဝင်ခဲ့


၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ကျောက်တုံးတော် ကြီးများကို    စတင်ပင့်ဆောင်ခြင်းအခမ်းအနားကို ဆောင်ရွက်၍  ပင့်ဆောင်ခဲ့ကြောင်း၊  ကျောက်တုံး တော်ကြီးများ   ထိခိုက်မှုမရှိစေရေး    စနစ်တကျဖြင့် ပင့်ဆောင်ခဲ့ရပြီး    စုစုပေါင်းအနေဖြင့်    ၉  ကြိမ် ပင့်ဆောင်ခဲ့ရကာ   တန်ချိန်အားဖြင့်   ၈၁၅၈  တန် သယ်ဆောင်ခဲ့ရကြောင်း၊ ရေလမ်းခရီးဖြင့် စကျင် ကျောက်တုံးကြီးကို သယ်ဆောင်ခြင်းသည် ကမ္ဘာပေါ် တွင် မှတ်တမ်းဝင်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၈ ရက် တွင်    ကျောက်တုံးတော်ကြီးများအားလုံး ဆီမီးခုံဆိပ်ကမ်း သို့  ရောက်ရှိခဲ့ကြောင်း၊ ဆီမီးခုံဆိပ်ကမ်းမှ စကား အင်းအဝိုင်းအကြား     ကျောက်တုံးတော်ကြီးများ  ချောမွေ့စွာသယ်ယူနိုင်ရေး  ၂၂ မိုင်  ၅ ဖာလုံ အရှည် လမ်းအား  ဆောင်ရွက်ခဲ့ပြီး  နေပြည်တော်သို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ခဲ့ကြောင်း၊  ထိုသို့ပင့်ဆောင်ရာတွင်လည်း  တန်ချိန် ၁၅၀၀ နှင့် ၂၀၀၀  ကြား   သယ်ဆောင်နိုင်သည့်   ကားများ သွားလာနိုင်ရေး ရှောင်ကွင်းလမ်းများဖောက်လုပ် ခြင်းနှင့် လမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့  ဆောင်ရွက်ရာတွင် အချိန်အားဖြင့် ၄ လကြာမြင့်ခဲ့ကြောင်း၊ ကျောက်တော် ကြီးများပင့်ဆောင်သည့်အချိန်သည် ကိုဗစ်ကာလ ဖြစ်ပွားနေချိန်နှင့် နိုင်ငံရေးအရ အကျပ်အတည်းများ ဖြစ်နေသဖြင့်   အချို့မှာ  ကျောက်တော်ကြီးများ ပင့်ဆောင်မှုကို အသေးစိတ်သိရှိမှု နည်းပါးကြကြောင်း။

 


အသိအမှတ်ပြု Certificate ကို ပေးအပ်


ကျောက်တုံးတော်ကြီးများကို ကုန်းလမ်းခရီးဖြင့် သယ်ယူရာတွင် စုစုပေါင်း ၇ ခေါက်သယ်ယူခဲ့ရပြီး အလေးချိန်အနေဖြင့် ၇၆၃၂ တန်ဖြစ်ကြောင်း၊ ထိုသို့ သယ်ယူရာတွင်လည်း ကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့် Modula Trailar များ ထုတ်လုပ်သော ဂျာမဏီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန်အများဆုံး  အရာဝတ္ထုများ ကို ခရီးအကွာအဝေးအရှည်ဆုံး ရွှေ့ပြောင်းသယ်ယူ နိုင်ခဲ့သည့် အသိအမှတ်ပြု Certificate ကို ပေးအပ် ခဲ့ကြောင်း၊ မိမိတို့အနေဖြင့်  အလေးချိန်အများဆုံး စကျင်ကျောက်အား   အဝေးဆုံးသော   ရေလမ်းခရီး သယ်ဆောင်မှုနှင့်    အဝေးဆုံးသောကုန်းလမ်းခရီး သယ်ဆောင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း။

 


ဘုရားကြီး တည်ထားကိုးကွယ်ရေးဆောင်ရွက် ရာတွင် နိုင်ငံ့ဂုဏ်ဆောင်၍  ခမ်းခမ်းနားနားထင်ထင် ပေါ်ပေါ်ရှိစေရေး တည်ဆောက်ရန်ရည်ရွယ်ဆောင်ရွက် ခဲ့ကြောင်း၊  ဘုရားကြီးတည်ထားကိုးကွယ်ရန်အတွက် မြေနေရာကို စနစ်တကျဖြင့် အကွက်ချတွက်ချက်ဆောင်ရွက်ခဲ့သကဲ့သို့     နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများထံမှလည်း ဩဝါဒခံယူ ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်များပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက် နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက်များအရ မာရဝိဇယဗုဒ္ဓဥယျာဉ် တော်အတွင်း    ပိဋကတ်သုံးပုံအား    ပါဠိအက္ခရာ၊ Romanize   Language   ဖြင့်   ရေးထိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဘွဲ့အမည်ကိုလည်း ဩဝါဒါစရိယဆရာတော်ကြီးများ ၏ မိန့်ကြားချက်အရ “မာရဝိဇယ”ဟူသည့်ဘွဲ့အမည် ကို ဆက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း။

 


ပေးပို့လှူဒါန်းသွားမည်


ပိဋကတ်သုံးပုံအား ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်ထပ်အက္ခရာတင်ရေးထိုး နိုင်ရေးနှင့် ကျမ်းစာအုပ်များ  ပြုစုထုတ်ဝေနိုင်ရေး ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ ကျမ်းစာအုပ်များ  ရိုက်နှိပ်ရာ တွင်လည်း အရည်အသွေးကောင်းမွန်သည့် စက္ကူများ ဖြင့် ရိုက်နှိပ်ခြင်းဖြစ်ကြောင်း၊  အလားတူ   အဆိုပါ ပိဋကတ်သုံးပုံအား Application ဖြင့် ထည့်သွင်း၍ Tablet များတွင် ဖတ်ရှုနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၎င်းပိဋကတ်ကျမ်းစာများကို ကမ္ဘာပေါ်ရှိ ဗုဒ္ဓဘာသာကိုးကွယ်သည့်  ဘာသာရေးဌာနများသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း။

 


စနစ်တကျဖြင့် တည်ဆောက်ခဲ့


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်ခြင်းနှင့်    ဗုဒ္ဓဥယျာဉ်တည်ဆောက်ခြင်း လုပ်ငန်းများ    ဆောင်ရွက်ရာတွင်   အစီအစဉ်များ အဆင့်ဆင့်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မာရဝိဇယ ဥယျာဉ်အတွင်း ချောင်းဖြောင့်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီး မန္တလေးရတနာပုံခေတ် မင်္ဂလာတံတားပုံစံ တံတား တစ်စင်းကိုလည်း ထည့်သွင်းတည်ဆောက်ခဲ့ကြောင်း၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားမည့် နေရာတွင်  တန်ချိန်  ၂၀၀၀၀   ခံနိုင်ရည်ရှိသည့် အောက်ခံခုံတည်ဆောက်နိုင်ရန်အတွက် ဘိုးပိုင်များ ရိုက်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ပလ္လင်တော်အစိတ် အပိုင်းများ ပင့်ဆောင်နေရာချထားခြင်းနှင့် တွဲဆက် ခြင်းများကိုလည်း   စနစ်တကျဖြင့်   ဆောင်ရွက်ခဲ့ ကြောင်း၊ ပလ္လင်တော်အစိတ်အပိုင်းများကို ထုဆစ်ရာ တွင်လည်း CNC စက်ကြီးများဖြင့် ထုဆစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ရေပန်းရင်ပြင်တည်ဆောက်ခြင်းနှင့် ရေပန်း ဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေး လုပ်ငန်းများကိုလည်း စနစ်တကျဖြင့် တည်ဆောက်ခဲ့ကြောင်း၊ အလားတူ သုဓမ္မာဇရပ်များတည်ဆောက်ရာတွင် ကျွန်းတိုင်များ အသုံးပြု၍  မြန်မာမှုလက်ရာများဖြင့်   ရှေးမူမပျက် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဘုရားဖူးလာပြည်သူ များ အနားယူနိုင်မည်ဖြစ်ကြောင်း။
ဆင်းတုတော်ကြီးအား   ထုဆစ်ရာတွင်လည်း ကိုးပေအရွယ်ရှိသည့် ကျောက်ဆစ်ရုပ်ပွားတော်ကို နမူနာထုဆစ်၍ဆောင်ရွက်ခဲ့ပြီး ဆရာတော်ကြီးများ ထံမှ ဩဝါဒခံယူ ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်းတုတော် ကြီးကိုလည်း  အပိုင်းလိုက်ခွဲ၍   CNC   စက်များဖြင့် အဆင့်ဆင့် ထွင်းထုခဲ့ခြင်းဖြစ်ကြောင်း။

 


မာရဝိဇယကျောင်းတော်နှင့်      မုစလိန္ဒကန် တည်ဆောက်ခြင်းနှင့်ပတ်သက်၍  မာရဝိဇယ   ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို စောင့်ရှောက်ရန်အတွက် ဩဝါဒါစရိယဆရာတော်ကြီးများရှိရန် လိုအပ်သဖြင့် မာရဝိဇယကျောင်းတော်ကို တည်ဆောက်ခဲ့ကြောင်း၊ အဆိုပါကျောင်းတော်တွင် သံဃာတော် ငါးပါးသီတင်း သုံးနိုင်မည်ဖြစ်ကြောင်း၊ မုစလိန္ဒကန်နှင့် နဂါးရုံဘုရား တည်ထားရာတွင်လည်း ဩဝါဒါစရိယဆရာတော်ကြီး များ၏ ဩဝါဒခံယူလျက် ဝိနည်းမဟာဝါ ပါဠိတော်၊ ဝိနည်းမဟာဝါ  အဋ္ဌကထာ၊  သာရတ္ထဋီကာ၊ မူလ ပဏ္ဏာသအဋ္ဌကထာ၊   ဥဒါန်းပါဠိတော်၊   ဇာတက အဋ္ဌကထာ စသည့်ပိဋကတ်တော်လာအဆိုများနှင့် မဟာဗုဒ္ဓဝင်ကျမ်းဂန်တော်များနှင့်အညီ       ပြည့်စုံစွာ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း၊   ကျည်းပင် သုံးပင်ကိုလည်း စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း။

 


အမှားအယွင်းများမရှိအောင်ဆောင်ရွက်


ဆင်းတုတော်အပိုင်းများ   တွဲဆက်ခြင်းများကို အခက်အခဲများကြားမှ   အဆင့်ဆင့်ဆောင်ရွက်ခဲ့ ကြောင်း၊ ဆင်းတုတော်အစိတ်အပိုင်းများ ရွှေ့ပြောင်းရာ တွင်လည်း အမှားအယွင်းများမရှိအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း၊ ကျောက်စာရုံစေတီများ တည်ဆောက် ခြင်းနှင့်ပတ်သက်၍   ဘုရားဖူးလာ   မိဘပြည်သူများ အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  လာရောက် ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ် သုံးပုံတော်လာ   အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်းလေ့လာဖတ်ရှု ကြည်ညိုနိုင်ရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စကျင်ကျောက် ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊   Romanize   Language  တို့ဖြင့် ကျောက်စာတော်များ       ထွင်းထုထည့်သွင်း၍ တည်ထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ကျောက် စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ် တော်ဘုရားကျောက်စာရုံများ ပုံစံယူ၍ တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာများ ရေးထိုးရာတွင် လည်း   မှားယွင်းမှုမရှိစေရေးအတွက်   ရန်ကုန်၊ မန္တလေးနှင့်       သီတဂူသာသနာ့တက္ကသိုလ်တို့မှ  ပါမောက္ခချုပ်များ   ဦးဆောင်မှုဖြင့်  ဆရာတော်ကြီး များမှ နေ့စဉ်တည်းဖြတ်၍ စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စာရုံစေတီ တော်များ  တည်ဆောက်ရာတွင်လည်း  မြေနေရာ ခိုင်ခံ့မှုရှိစေရေး စနစ်တကျဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့ ရွှေစင်မင်း  သီလရှင်သင်အမျိုးသမီး ပရဟိတပညာရေးမူလွန်ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ   သီလရှင်ဆရာလေးများမှ လှူဒါန်းသည့် ဗောဓိပင် ၁၀၀၀ ကိုလည်း ကျောက်စာရုံ များ၏ပတ်လည်တွင် စိုက်ပျိုးထားရှိကြောင်း။

 


မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော်အပိုင်းများ တွဲဆက်ရာတွင် ခိုင်မာမှုရှိစေရေး အတွက်   ခေတ်မီနည်းပညာများဖြင့်   ဆောင်ရွက် ထားရှိကြောင်း၊ အလားတူ   တွဲဆက်ထားသည့် ဆင်းတုတော်အပိုင်းများကို ပင့်ထောင်ခြင်းလုပ်ငန်း များ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်ပပညာရှင်များ လုံးဝပါရှိခြင်းမရှိကြောင်း၊ တန်ချိန်ပေါင်း ၁၇၀၀ ရှိသည့် ဆင်းတုတော်အပိုင်း(၁၊၂၊၃) တို့ တွဲဆက်ထားသည့် အပိုင်းအား ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက် ရန်အတွက် သံမဏိပန်းတောင်းကို အသုံးပြုခဲ့ရကြောင်း၊ ဆင်းတုတော်အပိုင်းများ   ထည့်သွင်းထားသည့် သံမဏိပန်းတောင်းကို တန်ချိန် ၁၅၀၀ ရှိသည့် သံမဏိ မျှော်စင်ကြီးနှင့် တန်ချိန် ၂၅၀ ရှိ အထောက်အကူပြု သံမဏိစင်ကိုအသုံးပြု၍   ဆောင်ရွက်ခဲ့ရကြောင်း၊ ထိုသို့ပင့်ထောင်ခြင်းလုပ်ငန်းများနှင့် ပင့်ဆောင်ခြင်း လုပ်ငန်းများကို   အမှားအယွင်းများ    မရှိစေရေး  ခက်ခက်ခဲခဲဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း။ 

 


ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့


ဇန်နဝါရီ ၂၇ ရက်တွင် ရတနာပလ္လင်တော်ထက် တွင်   ဌာပနာထည့်သွင်းပူဇော်ခြင်း   မဟာမင်္ဂလာ အခမ်းအနားနှင့် ဖေဖော်ဝါရီ ၁၀ ရက်၌ ရတနာပလ္လင် တော်ထက်တွင် ဒုတိယအကြိမ်ဌာပနာထည့်သွင်း ပူဇော်ခြင်း      မဟာမင်္ဂလာအခမ်းအနားတို့ကို ဆောင်ရွက်ခဲ့ရာ   ပြည်ထောင်စုမြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊   စေတနာရှင်၊  အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသည့် အဖိုးတန်ကျောက်မျက် ရတနာ ဌာပနာတော်ကုသိုလ်ပစ္စည်းများ ဌာပနာ သွင်းလှူပူဇော်နိုင်ခဲ့ကြောင်း။

 


သာသနာ့ဗိမာန်နှင့်ပတ်သက်၍ သာသနာရေး ဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက် စွာဖြင့် ကျင်းပပြုလုပ်နိုင်ရန်အတွက် သံဃာတော် အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ  သိမ်တော်ကြီး ကို ခမ်းနားထည်ဝါစွာဖြင့် တည်ဆောက်ခဲ့ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီးသည် သိမ်သမုတ်ထားသည့် သိမ်တော်ကြီးတစ်ခုဖြစ်ကြောင်း။

 


မာရဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လက်မှုအချောသပ်လုပ်ငန်းနှင့် ဆေးသင်္ကန်းကပ်ခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ဆရာတော်ကြီး များထံမှ ဩဝါဒခံယူဆောင်ရွက်ခဲ့ကြောင်း၊ ဥဏ္ဏလုံ မွေးရှင်တော်မြတ်ကိုလည်း တပ်ဆင်ပူဇော်ခဲ့ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရန်အတွက် ပန္နက်ရိုက်ခဲ့သည်မှ ယနေ့အထိ ရက်ပေါင်း ၁၁၁၀၊ ၃ နှစ်နှင့် ၁၅ ရက်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊  ရုပ်ပွား တော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် တန်ချိန် ၂၀၀၀၀ အထိ ခံနိုင်သော အောက်ခံအမာ ရရှိရေး၊ တစ်နာရီလေတိုက်နှုန်း မိုင် ၁၂၀ ရှိသည့် လေပြင်းမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံနိုင်ရေး၊ မြန်မာ နိုင်ငံတွင်   အမြင့်ဆုံးလှုပ်ခတ်နိုင်သည့်    ရစ်ချ်တာ စကေး ၈ ဒသမ ၈ အထိ မြေငလျင်ဒဏ်ခံနိုင်ရေးနှင့် လျှပ်စီးမိုးကြိုးများကြောင့် ဆင်းတုတော်ကြီးထိခိုက်မှု မရှိစေရေးတို့အတွက်      အင်ဂျင်နီယာရှုထောင့်မှ စနစ်တကျ   တွက်ချက်    တည်ဆောက်ခဲ့ကြောင်း၊ ဆင်းတုတော်ကြီး၏ ကျောက်တုံးတော်ကြီးများကိုတွဲဆက်ခြင်းများဆောင်ရွက်ရာတွင်လည်း   သမား ရိုးကျ နည်းလမ်းများနှင့်     ခေတ်မီနည်းလမ်းများ ပေါင်းစပ်တည်ဆောက်ထားခြင်းဖြစ်ကြောင်း။

 


ကုသိုလ်သဒ္ဓါများ ပွားနိုင်စေရန်ရည်ရွယ်


ရင်ပြင်တော်ကြီး     တည်ဆောက်ရေးနှင့် ပတ်သက်၍  မြက်ခင်းများကိုလည်း   ထည့်သွင်း တည်ဆောက်ထားကြောင်း၊  ဂန္ဓကုဋိတိုက်များကို လည်း စကျင်ကျောက်များ အသုံးပြု၍ မန္တလေးမြို့၊ အတုမရှိကျောင်းတော်၏ပုံစံအတိုင်း အဆောင်တစ်ခု နှင့်တစ်ခု   အနုလက်ရာများလုံးဝမတူညီသည့်  ၂၄ ဆောင် တည်ဆောက်ထားပြီး ဘုရားဖူးလာပြည်သူ များအနေဖြင့် နေပူပြင်းသည့်အချိန်များတွင် ဂန္ဓ ကုဋိတိုက်တော်များအတွင်းမှ ဘုရားကြီးကို ဖူးမြော် ကြည်ညိုနိုင်စေရန်    တည်ဆောက်ထားခြင်းဖြစ် ကြောင်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်နိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်းတည်ဆောက် ထားရှိကြောင်း၊   ဘုရားကြီးပရိဝုဏ်တော်အတွင်း အိန္ဒိယနိုင်ငံမှရရှိသည့်   ဗောဓိညောင်ပင်ကိုလည်း စိုက်ပျိုးထားရှိကြောင်း၊ ဘုရားကြီး၏ ဘယ်ဘက်နှင့် ညာဘက်တို့တွင် လင်းလွန်းတောနှင့် ဘုရားကြီး၏ အနောက်ဘက်တွင်   လင်းလွန်းပင်နှင့်     လုမ္ဗိနီ အင်ကြင်းပင်များကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လုမ္ဗိနီအင်ကြင်းပင်များအား အိန္ဒိယနိုင်ငံမှ လှူဒါန်း ခြင်းဖြစ်ကြောင်း  ရှင်းလင်းပြောကြားပြီး   ရေပန်း ရင်ပြင်နှင့် ကျောက်စာရုံများ အဆင့်ဆင့်တိုးတက် လာမှုအား Drone ဖြင့် ရိုက်ကူးထားရှိမှု မှတ်တမ်း Video Clip နှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်ကြီး   တည်ဆောက်ပြီးစီးပါက  ဖူးမြော် မြင်တွေ့ရမည့်အခြေအနေ Video Clip ဖြင့် ရှင်းလင်း ပြသပြီး  ယခုလာရောက်သည့်   ဓမ္မမိတ်ဆွေများ အနေဖြင့်  အမျိုးဘာသာ၊   သာသနာအတွက်သော် လည်းကောင်း၊  နိုင်ငံတော်၏   လူမှုစီးပွားဘဝ တိုးတက်ရေးအတွက်သော်လည်းကောင်း တစ်စိတ် တစ်ပိုင်းတွင် ပါဝင်ထမ်းဆောင်နေကြသူများ၊ နိုင်ငံ့ ဂုဏ်ကိုဆောင်နေကြသူများဖြစ်သဖြင့် အသိပေးသင့် သည်ဟု ယူဆ၍ ယခုကဲ့သို့ အသေးစိတ်ရှင်းလင်း ပြသပေးခြင်းပင်ဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး  တည်ဆောက်နေမှုကို  သိရှိရခြင်းဖြင့် ကုသိုလ် သဒ္ဓါများပွားနိုင်စေရန် ရည်ရွယ်ပါကြောင်း ပြောကြား သည်။ 

 


ထို့နောက် အခမ်းအနားတက်ရောက်လာကြသူ များက    မာရဝိဇယဗုဒ္ဓဥယျာဉ်တော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်   တည်ဆောက်ခြင်းအတွက် ကြည်ညိုသဒ္ဓါပွားများလျက်   အလှူငွေများကို ပေးအပ်လှူဒါန်းလာသဖြင့်   ကြားဖြတ်အစီအစဉ် အဖြစ်    ဦးဆောင်ဘုရားဒါယကာ     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က လက်ခံရယူသည်။
ယင်းနောက် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကျေးဇူးတင်စကားပြောကြားရာတွင် မိမိတို့အနေ ဖြင့် ငွေကြေးအကုန်အကျများစွာဖြင့် တည်ထားခဲ့ ခြင်းဖြစ်ပြီး ယခုကဲ့သို့သော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထပ်မံတည်ဆောက်ရန်မှာ    မလွယ်ကူပါကြောင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အခက်အခဲများလည်းရှိခဲ့ကြောင်း၊ သာသနာ့ဗိမာန် တော်ကြီးကိုလည်း   အချိန်မီပြီးစီးနိုင်ရေး   နေ့၊ ည မပြတ်ဆောင်ရွက်ခဲ့ရကြောင်း၊   သာသနာတော် ဘွဲ့တံဆိပ်ရရှိခဲ့သည့် ပုဂ္ဂိုလ်များနှင့် ဘဏ်လုပ်ငန်းရှင် များ၊ စီးပွားရေးဆိုင်ရာပုဂ္ဂိုလ်များကို အသိပေးလို သဖြင့် ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အခမ်းအနားကို အချိန်နှင့်နေရာကန့်သတ်ချက်များအကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ လှူဒါန်းမှု များနှင့်ပတ်သက်၍ သဒ္ဓါတရားထက်သန်မှုများဖြင့် လှူဒါန်းခဲ့ ကြသည်ကို တွေ့ရှိရကြောင်း၊ အဆောက် အဦများအလိုက် လှူဒါန်းခဲ့သည့်   အလှူရှင်များ၏ အမည်များကိုလည်း ကျောက်ချပ်များပေါ်တွင် ရေးထိုး ၍ ကမ္ပည်းမှတ်တမ်း   ထားရှိပေးမည်ဖြစ်ကြောင်း၊ ယခုတည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီးသည် ပမာဏ ကြီးမားပြီး  လုပ်ငန်းများလည်း  ကြီးမားပါကြောင်း၊ ထို့ကြောင့် ယခုတစ်ခဏအချိန်အတွင်း   သဒ္ဓါတရား ထက်သန်စွာဖြင့်  လှူဒါန်းခဲ့ကြသည့်  အလှူရှင်များ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး


ထို့နောက် အခမ်းအနားတက်ရောက်လာကြသူ များသည်   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း ဘာဂီယာဉ်ငယ် များဖြင့် လှည့်လည်ကြည့်ရှုဖူးမြော်ကြရာ ဦးဆောင် ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

 


ယနေ့ကျင်းပပြုလုပ်သည့်   အခမ်းအနားတွင် အခမ်းအနားတက်ရောက်လာကြသူများက သဒ္ဓါတရား စိတ်ထက်သန်စွာဖြင့် လှူဒါန်းသည့် အလှူရှင် ၁၀၁ ဦး ၏ လှူဒါန်းမှုစုစုပေါင်းမှာ ငွေကျပ် ၁၆၁၇၇ သန်း(၁၆ ဒသမ ၁၇၇ ဘီလီယံ)ဖြစ်ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်