ကမ္ဘာ့ပဲမျိုးစုံနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပ ကုလားပဲခြမ်း ၅ ကီလို အိတ် ၁၀၀၀ လှူဒါန်းမှုများပြုလုပ်

 

ရန်ကုန်  ဖေဖော်ဝါရီ  ၁၁


ရန်ကုန်မြို့      အလုံမြို့နယ်ရှိ Yangon International Hotel တွင် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်း ၊  India - Myanmar Chamber of Comm-erce ၊ Overseas Agro Traders Association တို့မှ  ပူးပေါင်း၍ ကမ္ဘာ့ပဲမျိုးစုံနေ့     ဂုဏ်ပြုသော အခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်က ကျင်းပရာ  အခမ်းအနား သို့  ကုန်သည်စက်မှုအသင်းချုပ်  ဒုတိယဥက္ကဋ္ဌ   ဦးမြဟန်၊ တွဲဖက် အထွေထွေ           အတွင်းရေးမှူး ဦးအောင်ဇေယျာလွင်၊ ဘဏ္ဍာရေး မှူး  ဦးလှဦးနှင့်    မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးတို့    တက် ရောက်ကြသည် ။

 


အခမ်းအနားတွင်  ပဲမျိုးစုံ၏ အရေးပါမှု၊ အကျိုးရှိမှု၊ အာဟာရ ဖြစ်မှု၊   ပဲမျိုးစုံသည်  လယ်ယာ စိုက်ပျိုးရေးကို   အခြေခံသည့် နိုင်ငံများ၏  ပြည်ပပို့ကုန်အဖြစ် အားထားရသည့်  သီးနှံဖြစ်မှုတို့ ကို မြန်မာနိုင်ငံ   ပဲမျိုးစုံနှင့်   နှမ်း ကုန်သည်များအသင်း    ဥက္ကဋ္ဌ ဦးထွန်းလွင်၊  IMCC ဥက္ကဋ္ဌ Mr. Naresh Kumar Dinodiya၊ OATA ဥက္ကဋ္ဌ Mr. Shyam Narsaria ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး  H.E.   Mr.  Vinay Kumar တို့က ဂုဏ်ပြုအမှတ်တရ စကားများ ပြောကြားကြသည်။

 


အာဟာရဓာတ်      များစွာ ကြွယ်ဝပြီး အရေးပါသည့်သီးနှံဖြစ် သည့်   ပဲမျိုးစုံကို    ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရန်နှင့် ပဲမှရရှိသည့် ကောင်းကျိုးများကို သိရှိနိုင်စေရန် ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ကျင်းပပြုလုပ်သည့်   ကုလသမဂ္ဂ   အထွေထွေညီလာခံ မှ ကမ္ဘာ့ပဲမျိုးစုံနေ့ (World Pulses  Day) ကို     ကြေညာခဲ့ခြင်းဖြစ် သည်။

 


အဆိုပါ    အခမ်းအနားတွင် ကမ္ဘာ့ပဲမျိုးစုံနေ့ကို ဂုဏ်ပြုသော အားဖြင့် ကုလားပဲခြမ်း ၅ ကီလို အိတ် ၁၀၀၀ ကို  ဘုန်းကြီးကျောင်း များ၊ သီလရှင်စာသင်ကျောင်းများ၊ ပရဟိတကျောင်းများသို့ လှူဒါန်း မှုများ ပြုလုပ်ကြသည်။

မျိုးမင်းသူရ