
တိုင်ယွမ် ဒီဇင်ဘာ ၂၇
တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းရှီး ပြည်နယ်ရှိ တိုင်ယွမ်ဂြိုဟ်တု လွှတ်တင်ရေးစင်တာမှ ပေကျင်း စံတော်ချိန် ညနေ ၃ နာရီ ၃၇ မိနစ် တွင် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်တစ်စင်းကို တရုတ် နိုင်ငံက လွှတ်တင်လိုက်ကြောင်း သိရသည်။
Gaofen-11 04 ဟု အမည်ပေး ထားသည့် အဆိုပါဂြိုဟ်တုကို လောင်းမာ့ချ်-၄ ဘီ သယ်ဆောင် ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး စီစဉ်သတ်မှတ်ထားသည့် ပတ်လမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုကို မြေယာအရင်းအမြစ် စစ်တမ်းကောက်ယူခြင်း၊ မြို့ပြ စီမံကိန်း၊ လမ်းကွန်ရက်ဒီဇိုင်း၊ သီးနှံအထွက်နှုန်း ခန့်မှန်းချက်နှင့် သဘာဝဘေးအန္တရာယ် လျော့ပါး ရေး စသည့်ကဏ္ဍများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ