
ပေကျင်း မတ် ၁၈
တရုတ်နိုင်ငံသည် ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုသစ်ကို အာကာသ အတွင်းသို့ မတ် ၁၇ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။ တရုတ် နိုင်ငံ စီချွမ်းပြည်နယ် ရှီချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဆိုပါ ဂြိုဟ်တုကို အာကာသအတွင်းသို့ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။
Gaofen-1302 ဟု အမည်ပေးထားသည့် ဂြိုဟ်တုကို ပေကျင်း စံတော်ချိန် ညနေ ၄ နာရီ ၃၃ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ လောင်းမာ့ချ် - ၃ ဘီ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာပတ်လမ်း ကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
မြေယာစစ်တမ်းကောက်ယူမှု၊ ကောက်ပဲသီးနှံဖြစ်ထွန်းမှု ခန့်မှန်းတွက်ချက်ရေး၊ မိုးလေဝသကြိုတင်သတိပေးချက်များအပြင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေး စသည့်နေရာ များတွင် အဆိုပါဂြိုဟ်တုကို အဓိကထား အသုံးပြုသွားမည်ဖြစ်သည်။
ယခုအကြိမ် ဂြိုဟ်တုလွှတ်တင်မှုသည် လောင်းမာ့ချ်သယ်ဆောင် ရေး ဒုံးပျံများ၏ (၄၆၈)ကြိမ်မြောက် မစ်ရှင်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ