ကမ္ဘာ့မြေကုန်သမစုံသို့

 

ကမ္ဘာ့မြေကုန်သမစုံသို့

 

     ကမ္ဘာ့မြေပြင် သမိုင်းစဉ်ဝယ်
    သွင်ပြင်မူကွဲ  အယူစွဲဖြင့်
    လွဲဝါဒမူ စိုက်ကြထူလည်း
    လူတို့ထွင်ထား  “သမ” သဘောတရား
    အားလုံးယုံကြည် နှစ်ခြိုက်သည်။
    အရှိန်အဟုန်ဖြင့် ဇက်ကုန်ဖွင့်ကာ
    စုံပြည့်ပေါကြွယ် လောကနယ်ဟု
    သယ်ယူနိုင်စေ သမအထွေထွေ။
     ရေရှည်တိုးတက်ရေး    အစဉ်တွေး၍
    လေးလေးစားစား  အသင်းကြားဝယ်
    အမှားနည်းနည်း ကြိုးစားခဲလျက်
    ရဲရင့်ပါစေ သမအထွေထွေ။
     သမဝါယမ သဘာဝကား
    ရယူပေးဆပ် တောမသတ်ဖြင့်
    ထပ်ထပ်ဝန်ကျေ ဆောင်ရွက်ပေ၏။
     ကမ္ဘာ့ရပ်စုံ သမဘုံသည်
    ယုံကြည်ခိုင်ခံ့ ရှည်တည်တံ့၍
    အံ့သည့်အောင်ဖွယ် အသွယ်သွယ်ကို
    ရည်ရွယ်ချက်မြောက်     ခရီးပေါက်ကာ
    ရောက်အောင်လှမ်းလေ အောင်ပါစေ။     ။
“အပြည်ပြည်ဆိုင်ရာသမဝါယမနေ့”အား ဂုဏ်ပြုလျက်-
ညိုဝင်း(ချစ်မြေ)