
ဂျကာတာ ဧပြီ ၃
အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုစာရင်းတွင် နံပါတ်နှစ်ဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံသဘာဝ ဘေးအန္တရာယ်လျော့ပါးရေး စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီက ဧပြီ ၃ ရက်တွင် ပြောသည်။
၂၀၂၃ ခုနှစ် တစ်ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အစီရင်ခံစာတွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အင်ဒိုနီးရှားနိုင်ငံမှာ နံပါတ် နှစ်ဖြစ်ကြောင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံခန့်ခွဲမှုဆိုင်ရာ အေဂျင်စီမှ အရာရှိဖြစ်သူ ပရာစင်တာဒီဝီက ၂၀၂၄ ခုနှစ် သဘာဝဘေးကြိုတင်ကာကွယ်ရေးနေ့အခမ်း အနားတွင် ပြောသည်။ ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အညွှန်းကိန်းတွင် အင်ဒိုနီးရှား နိုင်ငံမှာ ၄၃ ဒသမ ၅ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ၄၆ ဒသမ ၈၆ ဖြစ်သည်ဟု ၎င်းက ဆက်ပြော သည်။
အင်ဒိုနီးရှားနိုင်ငံ သည် အပူပိုင်းဒေသတွင် ရှိပြီး သမုဒ္ဒရာနှစ်စင်းနှင့် တိုက်ကြီးနှစ်တိုက် ဆုံစည်းသည့်နေရာတွင် ရှိသည့်အတွက် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ ပြင်းထန်သည့် သဘာဝဘေးများနှင့် ကြုံတွေ့ ရကြောင်း ၎င်းက ဆက်ပြောသည်။ ဧပြီ ၂၆ ရက်တွင် ကျင်းပမည့် သဘာဝဘေးကြိုတင် ကာကွယ်ရေးလှုပ်ရှားမှုနေ့တွင် နိုင်ငံသား အားလုံး ပါဝင်ကြရန်လည်း ၎င်းက တိုက်တွန်း ခဲ့သည်။
ဆင်ဟွာ