
နေပြည်တော် နိုဝင်ဘာ ၃၀
ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်၏ ပထမအကြိမ် ညီလာခံကို တရုတ် နိုင်ငံက အိမ်ရှင်အဖြစ် ဦးဆောင်၍ နိုဝင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
ညီလာခံသို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး တရုတ်၊ ကမ္ဘော ဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ရုရှား၊ ဘီလာရုစ်၊ ဟန်ဂေရီ၊ စပိန်၊ အီဂျစ်၊ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါကစ္စတန်၊ ကာဂျစ်စတန်၊ ဥဇဘက်ကစ္စတန်၊ နယူးဇီလန်၊ ဆော်လမွန်၊ နိုင်ဂျီးရီးယား၊ အီသီ ယိုးပီးယားနှင့် အစ္စရေးနိုင်ငံတို့မှ ဒုတိယဝန်ကြီးချုပ်များ၊ ပြည်ထဲ ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ ရဲချုပ်များ၊ သံအမတ်ကြီး များနှင့် အင်တာပိုလ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့အပါအဝင် နိုင်ငံ ၃၈ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ညီလာခံဖွင့်ပွဲ အခမ်းအနား တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီအဖွဲ့ဝင်၊ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr.Wang Xiaohong က မိန့်ခွန်း ပြောကြားခဲ့ပြီး ညီလာခံအား အပိုင်း ၄ ပိုင်းခွဲ၍ လျင်မြန်စွာ ပြောင်းလဲနေသော ကမ္ဘာကြီးတွင် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်း တစ်ရပ် ပေါ်ထွန်းလာစေရေး၊ လုပ်ငန်းတာဝန်ကျွမ်းကျင်မှုရှိပြီး ထိရောက်မှုရှိသော တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ပေါ်ထွန်းလာစေရေး၊ အနာဂတ် တွင် အဆင်သင့်ဖြစ်စေရန် စွမ်းရည်မြှင့်တင်ရေး အစီအစဉ် များ ပိုမိုတိုးမြှင့်ပြုလုပ်ပေးရေး၊ လုံခြုံစိတ်ချရမှုရှိသော ဖွံ့ဖြိုး တိုးတက်မှုများ ဖြစ်လာစေရန် လုံခြုံရေးဆိုင်ရာ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်နိုင်မည့် ယန္တရား တစ်ရပ် ပေါ်ထွန်းလာစေရေး စသည့်ခေါင်းစဉ် ၄ ရပ်ဖြင့် ဆက်လက်ပြုလုပ်ကြသည်။
မြန်မာ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က လက်ရှိဖြစ်ပေါ် နေသော စိန်ခေါ်မှုများနှင့် အတား အဆီးများကို ထိရောက်စွာဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းရမည် ဖြစ် ကြောင်း၊ ယင်းကဲ့သို့ ခိုင်မာ အားကောင်းခြင်းသည် ကမ္ဘာလုံး ဆိုင်ရာပြစ်မှု ကြိုတင်ကာကွယ် ရေးနှင့်တိုက်ဖျက်ရေး အားထုတ် ကြိုးပမ်းမှုများကို ထိရောက်စေ မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် အခြေခံ အချက်တစ်ရပ်အနေဖြင့် မိမိတို့ သည် နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့် ယင်း၏ နောက်ဆက်တွဲစာချုပ် များအပါအဝင် အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ စာချုပ်များ၊ သဘောတူညီချက် များကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ညီလာခံဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ဆက်လက်ကျင်းပခဲ့ပြီး လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဖိုရမ်၊ သတင်းအချက် အလက် လုံခြုံရေးဆိုင်ရာဖိုရမ်၊ ရဲအကယ်ဒမီ ကျောင်းအုပ်ကြီးများ ဖိုရမ် စသည်ဖြင့် ဖိုရမ် သုံးခုခွဲ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်