ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ အရေးပေါ်အသုံးပြုခွင့်ရတဲ့ ကာကွယ်ဆေးတွေကို ပြည်သူလူထုကို ထိုးနှံပေးတာ ဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာနဲ့ထိုးနှံပါ။ ဒီလိုထိုးနှံခြင်းအားဖြင့် အသက်ကြီးတဲ့သူတွေ၊ ရောဂါနောက်ခံရှိနေသူတွေကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်ပါတ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၅ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။        ။    နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉ 
            တတိယလှိုင်း  ဖြစ်ပွားနေ တာနဲ့ပတ်သက်ပြီး     ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ တတိယလှိုင်း ရောဂါဖြစ်ပွားမှုတွေနဲ့အတူ ကာကွယ်ဆေးထိုးနှံ ခြင်းဖြင့် ကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးတွေက ဘယ်လိုရှိမလဲဆိုတာကို ပြောပြပေးပါဦး။


ဒေါက်တာခင်ခင်ကြီး။    ။    မြန်မာနိုင်ငံမှာ   ဆိုရင် 
            ယခုအချိန်       အထိ ကာကွယ်ဆေးထိုးနှံပြီးတဲ့ လူဦးရေက တဖြည်း ဖြည်းနဲ့ များပြားလာနေပါတယ်။ စုစုပေါင်းကာကွယ် ဆေးထိုးနှံပြီးသူ   ၁ ဒသမ ၈ သန်းကျော်ဖြစ်တဲ့ အတွက်ကြောင့် မိမိတို့ရည်မှန်းထားတဲ့ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေရဲ့  ခြောက်ရာခိုင်နှုန်းကျော် ထိုးနှံပြီးပြီဆိုတာကို သတင်းကောင်းပါးလိုပါတယ်။


လက်ရှိကာကွယ်ဆေး    ရောက်ရှိနေတာက သုံးသန်းဖြစ်ပါတယ်။       ဒီဩဂုတ်လအတွင်းမှာ ကာကွယ်ဆေး သုံးသန်း ထပ်မံရောက်ရှိမှာဖြစ်တဲ့ အတွက် ကာကွယ်ဆေး ခြောက်သန်းက  ပြည်သူတွေ ကို ထိုးနှံပေးဖို့အတွက် အဆင်သင့်အနေအထားရောက်ရှိမှာဖြစ်ပါတယ်။   ကာကွယ်ဆေးတွေကို ကုန်းကြောင်းနဲ့ လေကြောင်းတွေကနေတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး မှာရှိတဲ့ ကာကွယ်ဆေးထိုးနှံပေးရမယ့် လူအုပ်စု တွေဆီကို ရောက်ရှိထိုးနှံနိုင်ဖို့အတွက် ပို့ဆောင် ပေးခဲ့တာကို ပြည်သူအများ သိရှိပြီးဖြစ်ပါတယ်။


ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေ
ယခုအချိန်တွင် တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးမှာ ကာကွယ်ဆေးတွေကို သက်ဆိုင်ရာ စုရပ်အလိုက်       ရောဂါကူးစက်မှုမရှိအောင်နဲ့ လူစုလူဝေးမဖြစ်အောင် စနစ်တကျ ထိုးနှံပေးနိုင်ဖို့ အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီတွေအနေနဲ့        ကြပ်ကြပ်မတ်မတ် ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ မှာ     ကာကွယ်ဆေးထိုးနှံတာနဲ့   ပတ်သက်ပြီး ဘယ်လောက်အထိ   အကျိုးကျေးဇူးတွေရှိသလဲ၊ ကာကွယ်ဆေးထိုးနှံပြီးရင်     ရောဂါကူးစက်ခံရ ဦးမှာလား၊ ရောဂါကူးစက်ခံရရင် ဘယ်လောက်အထိ ဆိုးနိုင်သလဲ ဒါတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။


တချို့တွေက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ယခုထိုးနှံပေးနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထုတ် Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုရဲ့ လား၊ ဒီဟာတွေက ခုနကပြောသလို ကာကွယ်ဆေး တွေထိုးနှံတဲ့အခါမှာ ထိရောက်မှုက ဘယ်လိုမျိုးတွေ ရှိသလဲ ဒါတွေနဲ့ပတ်သက်ပြီး သိချင်ကြပါတယ်။


ယခုထိုးနှံပေးနေတဲ့ Sinopharm နဲ့ Sinovac ကာကွယ်ဆေးတွေက သက်ဆိုင်ရာ တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးကို   ရောက်ရှိနေပြီး တချို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြည်သူတွေကို စတင်ထိုးနှံပေးနေပြီလို့    သိရပါတယ်။   ဩဂုတ် ၁ ရက်ကစတင်ပြီး      ရန်ကုန်တိုင်းဒေသကြီးနဲ့ နေပြည်တော်တို့မှာ    စတင်ထိုးနှံပေးနေပါပြီ။ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အမြန်ဆုံး      ကာကွယ်ဆေးထိုးနှံနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။
ဒီလိုကာကွယ်ဆေးတွေကို ထိုးနှံပေးတဲ့အခါ မှာ ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်တဲ့ လူအုပ်စုတွေ ဦးစားပေးပါတယ်။ နောက်တစ်ခုက ကျန်းမာရေး ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေအနေနဲ့  ရောဂါဖြစ်ပွားတဲ့ သူတွေကို  ကုသမှုတွေပေးနေတဲ့အခါမှာ  သူတို့ ကိုယ်တိုင်ကျန်းမာမှ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။    ဒါကြောင့်   သူတို့တွေကလည်း ဦးစားပေးဖြစ်ပါ တယ်။ တချို့ကိစ္စရပ်တွေမှာ ပုံမှန်အတိုင်း လုပ်ငန်း ဆောင်တာတွေ လည်ပတ်နိုင်ဖို့အတွက် အရေးပါတဲ့ နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့  ပို့ဆောင် ဆက်သွယ်ရေးတွေ၊ တခြားသော ဝန်ကြီးဌာနမှာ ရှိတဲ့   ဝန်ထမ်းတွေ  ဒါတွေကိုလည်း ထိုးနှံပေးပါ တယ်။


ဦးစားပေးရွေးချယ်ထား


နောက်တစ်ချက်က ရောဂါဖြစ်ပွားကူးစက်ရင် အစုလိုက်၊   အပြုံလိုက်ကူးစက်နိုင်တဲ့ ဘိုးဘွား ရိပ်သာတို့၊ အကျဉ်းထောင်တို့ ဒီလိုနေရာတွေကို လည်း ရောဂါကူးစက်မှုကနေ အမြန်ဆုံးထိန်းချုပ် နိုင်ဖို့အတွက် ထိုးနှံပေးပါတယ်။ ပြောချင်တာက အခုကာကွယ်ဆေးထိုးပေးဖို့ ရွေးချယ်ထားတဲ့အုပ်စု တွေသည် ကာကွယ်ဆေးထိုးနှံထားရင် ရရှိမယ့် အကျိုးကျေးဇူးက အများဆုံးရနိုင်မယ့် လူအုပ်စုတွေ ကို ပိုပြီးဦးစားပေးရွေးချယ်ထားတာ ဖြစ်ပါတယ်။
ဒီနေရာမှာ    အသက် ၆၅ နှစ်နှင့်အထက်လို့ ပြောပေမယ့် ကာကွယ်ဆေးတွေ ထပ်ပြီးရရှိလာပြီ ဆိုရင် နောက်ထပ် အသက် ၆၀ အထက်၊ ၅၅ နှစ် အထက်၊ တဖြည်းဖြည်းနဲ့ အသက်အပိုင်းအခြားကို လျှော့ပြီး   ထိုးနှံပေးမှာဖြစ်ပါတယ်။ ဒါကိုလည်း စိတ်မပူကြဖို့    ပြောလိုပါတယ်။   မိမိအလှည့်ကို စောင့်ဖို့အတွက်က   စိတ်ရှည်ရှည်နဲ့  စောင့်ဖို့လိုပါ တယ်။ ဒီနေရာမှာ ကာကွယ်ဆေးထိုးနှံတဲ့သူတွေက ဘယ်လို   အကျိုးကျေးဇူးတွေရနိုင်သလဲ။   ဒါနဲ့ ပတ်သက်ပြီး    အမေရိကန်ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်ရေးဗဟိုဌာန(CDC) ကနေ ဇူလိုင် ၂၉ ရက် မှာ ထွက်ပေါ်လာတဲ့ သူတို့ရဲ့ သုတေသနတွေ့ရှိ ချက်တွေကို ပြည်သူတွေကို တင်ပြလိုပါတယ်။


ကာကွယ်ဆေးထိုးနှံသင့်


ဒီမှာဘာထူးခြားသလဲဆိုတော့ ကာကွယ်ဆေး ထိုးထားတဲ့အခါ   ကာကွယ်ဆေးမထိုးထားသူနဲ့ နှိုင်းယှဉ်ရင် ရောဂါဖြစ်ပွားမှု ရှစ်ဆ လျော့နည်းပါ တယ်။ ဒါဆို ရောဂါဖြစ်ပွားမှုက လျော့တယ်၊ ဆေးရုံ တက်ရောက်ရမှုကရော     ဒါလည်း   ၂၅ ဆ လျော့နည်းပါတယ်။     ကာကွယ်ဆေးထိုးထားသူ အနေနဲ့ ရောဂါကြောင့် သေဆုံးမှုကလည်း ၂၅ ဆ လျော့နည်းတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးနှံသင့်တာကို တိတိကျကျ သိနိုင် ပြီဖြစ်ပါတယ်။
ဒီနေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီး အသိအမှတ်ပြုတဲ့ ကာကွယ်ဆေးတွေရဲ့ထိရောက်မှု သည် ၇၀ နဲ့ ၉၀ ရာခိုင်နှုန်း ရှိပါတယ်လို့ ပြောထား ပြီး ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးတွေထဲမှာ ယခု ထိုးနှံပေးမယ့်     တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm နဲ့    Sinovac   ကာကွယ်ဆေးတို့ အပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးတွေ ထိုးနှံထားရင် ရောဂါပြင်းထန်စွာ ခံစားရမှုတွေ၊ ဆေးရုံတက်ရောက်ရမှုနဲ့  သေဆုံးမှုကနေ   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က    အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေက    ၉၀  ရာခိုင်နှုန်းအထက် ကာကွယ်ပေးနိုင်တယ်လို့ ပြောထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး တချို့တွေက ၉၀ ရာခိုင်နှုန်း အထက် ကာကွယ်တယ်ဆိုတော့ ၁၀၀ ရာခိုင်နှုန်း မဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။ ဆေးပညာ မှာ ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်တယ်၊ ကုသပေးနိုင် တယ်ဆိုတာ မရှိပါဘူး။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတွေကို အဓိက ထုတ်လုပ်ရတဲ့ ရည်ရွယ်ချက် အနေနဲ့ ကူးစက်ရောဂါတွေ ဖြစ်လာပါက ကူးစက် ရောဂါတွေကြောင့် ရောဂါပြင်းထန်စွာ ခံစားရမှုတွေ၊ သေဆုံးမှုတွေကနေ လျော့ကျနိုင်အောင် ရည်ရွယ် ထုတ်လုပ်တာဖြစ်ပါတယ်။    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေသည် မသေဆေး မဟုတ်ပါဘူး။


လူတစ်ယောက်အနေနဲ့ သူ့မှာ နဂိုတည်းက သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်၊ ကင်ဆာနဲ့ ကိုယ်ခံအားကျဆင်းနေတဲ့ရောဂါ စသဖြင့် ဒီလို ရောဂါအခံတွေရှိနေမယ်၊ အသက်ကလည်း ကြီးနေ မယ်၊ အဝလွန်တာ ဒီလိုမျိုး ကိုဗစ်ရောဂါပိုဖြစ်စေ တဲ့၊ ဆိုးစေတဲ့  အကြောင်းရင်းက ရှိနေမယ်ဆိုရင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေမယ့်   သူတို့ အနေနဲ့ သေဆုံးမှု အနည်းငယ်ရှိနိုင်တာကို ကွဲကွဲ ပြားပြား သိစေချင်ပါတယ်။ ဒါဆိုရင် ရောဂါဖြစ်ပွား မှုကို ရှစ်ဆ လျော့စေတယ်၊ ဆေးရုံတက်ရောက်ရမှု နဲ့   သေဆုံးမှုကို    ၂၅ ဆ  လျော့စေတဲ့အတွက် ကာကွယ်ဆေး လုံးဝ (လုံးဝ) ထိုးသင့်တယ်ဆိုတာ ကို သိစေချင်ပါတယ်။ ဒါက ကာကွယ်ဆေးထိုးနှံပြီး သူနဲ့ ကာကွယ်ဆေးမထိုးရသေးသူတို့ကို သိသာ ထင်ရှားအောင် ပြောပြခြင်းဖြစ်ပါတယ်။


သက်သေပြနေ


ကာကွယ်ဆေးမထိုးထားရင် ဘယ်လောက် တောင်           အန္တရာယ်များနိုင်သလဲဆိုတာကို ဘယ်ဂျီယံနိုင်ငံက   အသက် ၉၀    အမျိုးသမီး ဖြစ်စဉ်က    သက်သေပြနေပါတယ်။   သူမဟာ ကာကွယ်ဆေးမထိုးထားတဲ့အတွက်ကြောင့် မျိုးရိုး ဗီဇပြောင်းလဲထားတဲ့ ‘အယ်လ်ဖာ’နဲ့ ‘ဘီတာ’ ပိုး နှစ်မျိုးလုံးကို သူတစ်ယောက်ထဲမှာပဲ ကူးစက်ခံရ တယ်ဆိုတဲ့  ထင်ရှားတဲ့သက်သေရှိပြီးဖြစ်ပါတယ်။ ကာကွယ်ဆေးမထိုးထားဘူးဆိုရင်   ဗီဇပြောင်း ကိုဗစ်ပိုးတွေက  တစ်ကောင်သာမက နှစ်ကောင် တစ်ပြိုင်တည်း ဝင်ရောက်ကူးစက်ခံရနိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။
အစီအစဉ်မှူး။        ။    ကာကွယ်ဆေး  ထိုးထားပြီး 
            သူတွေအနေနဲ့   ရောဂါပိုး ကူးစက်ခံရနိုင်မှု   အခြေအနေရှိသလားဆိုတာကို ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး။    ။    ဒါနဲ့       ပတ်သက်ပြီး 
            ကာကွယ်ဆေးထိုးနှံပြီး သူထဲမှာလည်း   ရောဂါပိုးကူးစက်နိုင်တဲ့  အခွင့် အလမ်းရှိပါတယ်။ ဒါကို Breakthrough Infection လို့ခေါ်ပါတယ်။    Breakthrough Infection ဆိုတာက  ကိုဗစ်ရောဂါကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားတယ်။ ဒုတိယအကြိမ် ထိုးနှံပြီးလို့ နှစ်ပတ်ကျော်သွားပြီ။ နောက်ပိုင်းမှာ   သူ့ကို  ထပ်မံ စမ်းသပ်ကြည့်လိုက်လို့     ရောဂါပိုးတွေ့ရှိတယ်။ ပိုးကူးစက်ခံရတယ် ဒါမျိုးတွေရှိနိုင်ပါတယ်။ ဒါမျိုး တွေကို အခုထက်ထိ သုတေသနပြုနေဆဲဖြစ်ပါတယ်။


အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဗဟိုဌာန(CDC) က ကာကွယ်ဆေး နှစ်ကြိမ်ပြည့် ထိုးပြီးသူတွေမှာလည်း ရောဂါပိုးပြန်လည်ကူးစက်မှု အနည်းငယ်ဖြစ်နိုင်ခြေရှိတယ်လို့ ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့  လူတွေက ဘာပြောလဲဆိုရင် “ကာကွယ်ဆေးထိုးထားလည်း   ပြန်ဖြစ်တာပဲ၊ ဘာလုပ်မှာလဲ၊ ဘာလို့ထိုးထားမလဲ၊ အသားနာတာ ပဲရှိတယ်” ဒီလိုမျိုး ပြည်သူတွေကြားထဲမှာ ဝိဝါဒ ကွဲပြားစရာဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေး ထိုးထားခြင်းရဲ့ အလွန်ထင်ရှားတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။                    

 


လက်ရှိ အမေရိကန်နိုင်ငံမှာ  ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၆၂ သန်းရှိပါတယ်။ ဒီလို ကာကွယ် ဆေးအမြောက်အမြား ထိုးနှံနိုင်တဲ့အတွက်ကြောင့် ရောဂါလက္ခဏာပြတဲ့ ရောဂါပိုးတွေ့ရှိသူ တစ်ပတ် ကို ၃၅၀၀၀ သာရှိပါတော့တယ်။ ဒါကိုကြည့်ရင် ကာကွယ်ဆေးထိုးပြီးသူ ၁၆၂ သန်းရှိတဲ့အတွက် ရောဂါဖြစ်ပွားသူနည်းတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါက   ဘယ်လောက်   ကောင်းကျိုးရှိတယ်ဆိုတာ သိနိုင်ပါတယ်။


ရာခိုင်နှုန်းအားဖြင့်နည်းပါး


ဒါဆိုရင်   Breakthrough Infection  တွေ မရှိဘူးလားဆိုတော့ ရှိနိုင်ပါတယ်။ သုတေသန တစ်ခုနဲ့တစ်ခု နည်းနည်းကွဲပြားပါတယ်။ အများစု သော သုတေသနက CDC သုည ဒသမ ၀၂ ရာခိုင်နှုန်း ပဲရှိတယ်လို့ ပြောပါတယ်။ တချို့ သုတေသနတွေက တော့ သုည ဒသမ ၀၅ ရှိတယ်ဆိုတော့     ပြောရရင် ရာခိုင်နှုန်းအားဖြင့်နည်းပါးတယ်။ သို့သော် အခု နောက်ပိုင်းမှာ ဒယ်လ်တာဗီဇပြောင်းပိုး ပေါ်ထွက် လာတာနဲ့အတူ Breakthrough Infection လို့ ခေါ်တဲ့ ကာကွယ်ဆေးထိုးပြီးတဲ့သူတွေမှာ ပိုးတွေ့ရှိ မှုကတော့ ပြန်လည်မြင့်လာတဲ့သဘောရှိပါတယ်။ 


ဆေးထိုးထားပြီးနောက် ကူးစက်ခံရတယ် ဆိုတာကတော့ လူဦးရေပမာဏ အလွန်နည်းတယ် လို့ပြောပါတယ်။ ဘယ်လိုမှာ ပိုပြီးတွေ့သလဲဆိုတော့ အသက်ကြီးတဲ့သူတွေ၊ ကိုယ်ခံအားကျနေတဲ့သူ တွေမှာ ပြန်ဖြစ်နိုင်နှုန်း သာမန်ထက်ပိုများနိုင်ပါ တယ်။ သာမန်ပြည်သူလူထုမှာတော့ ဆေးထိုးပြီး ပြန်ဖြစ်တယ်ဆိုတာ       အလွန်နည်းပါတယ်။ ကာကွယ်ဆေးရဲ့   အကျိုးရှိမှု၊    ထိရောက်မှုက  တကယ်ကို ကောင်းမွန်ပါတယ်လို့ ပြောထားပါ တယ်။ ကာကွယ်ဆေးထိုးပြီး ပြန်ဖြစ်တယ်ဆိုတာ အလွန်ရှားတယ်၊ ရာခိုင်နှုန်းနည်းတယ်ဆိုပြီး CDC က ပြောပါတယ်။ 


ကာကွယ်ဆေးရဲ့ ကာကွယ်နိုင်မှုတွေ၊ ကာကွယ် ဆေးထိုးနှံနိုင်မှု၊ လွှမ်းခြုံနိုင်မှုတွေ များလာလေလေ Breakthrough    ဖြစ်တာ     နည်းလာလေလေ ဖြစ်ပါတယ်။  ဒီအပေါ်လည်း  မူတည်နေပါတယ်။ ကာကွယ်ဆေးရဲ့ထိရောက်မှုကို ဘယ်အရာတွေက နှောင့်ယှက်ဖျက်ဆီးနေသလဲဆိုရင် ကူးစက်မှုတွေ ကို မြန်ဆန်စေတဲ့၊ ကမ္ဘာမှာ ဖြစ်ပွားမှုများစေတဲ့ ဒယ်လ်တာပဲ ဖြစ်ပါတယ်။   WHO ရဲ့   ဇူလိုင် ၂၇ ရက်   ထုတ်ပြန်ချက်အရဆိုရင်    ၁၃၂  နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 
အမေရိကန်နိုင်ငံမှာဆိုရင် ဇွန်လကုန်မှာ ၂၀ ရာခိုင်နှုန်းကျော်ကနေ ဇူလိုင်လကုန်မှာ ၈၀ ရာခိုင် နှုန်းကျော်ရှိမယ်လို့ တွက်ဆထားပေမယ့် တကယ် ဇူလိုင်လကုန်မှာ ဒယ်လ်တာရဲ့ ကူးစက်မှုက ၈၃ ရာခိုင်နှုန်းဖြစ်နေပြီဆိုတာ တွေ့ရှိရမှာဖြစ်ပါတယ်။ ယူကေမှာတော့ ဖြစ်ပွားမှုရဲ့ ၁၀၀ ရာခိုင်နှုန်းနီးနီး က ဒယ်လ်တာလို့ ပြောရတဲ့အနေအထားဖြစ်ပါတယ်။ 


၄၀ ရာခိုင်နှုန်းလျော့


ကာကွယ်ဆေးနဲ့ပတ်သက်ရင် ကာကွယ်ဆေး ထိုးနှံထားတဲ့လူတွေမှာ   ဘယ်လိုအကျိုးကျေးဇူး တွေ ဖြစ်နိုင်သလဲ၊ ထိုးနှံထားသူနဲ့ မထိုးရသေးသူ ဘယ်လိုကွာခြားသလဲဆိုရင် Viral load လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့ပမာဏက ကာကွယ်ဆေးထိုးထားသူမှာ ၄၀ ရာခိုင်နှုန်းလျော့ပါတယ်။  ဒါဟာ  နည်းနည်း နောနော ပမာဏမဟုတ်ပါဘူး။ တစ်မီလီလီတာမှာ အရင်တုန်းက ကာကွယ်ဆေးမထိုးထားသူက ၃ ဒသမ ၈ အထိပွားနိုင်ပေမယ့် ထိုးထားတဲ့အတွက် ၂ ဒသမ ၃ ပဲပွားပါတော့တယ်။
ကူးစက်နိုင်တဲ့ ရက်ကိုကြည့်မယ်ဆိုရင်လည်း ဆေးထိုးထားသူမှာ   အလွန်တိုသွားပါတယ်။ ဆေးမထိုးထားတဲ့သူမှာ ကူးစက်နိုင်တဲ့ရက်က ၈ ဒသမ ၉ ရက်အထိရှိနိုင်ပေမယ့်  ဆေးထိုးထားတဲ့ သူမှာ ၂ ဒသမ ၇ ရက်၊ သုံးရက်တောင်မရှိတော့ဘူး ဆိုတော့ အတော့်ကို သိသာသွားတဲ့ အနေအထား ဖြစ်ပါတယ်။ 
ဆေးထိုးပြီးသားသူတွေမှာ ဖျားနာတဲ့သံသယ လက္ခဏာဖြစ်ပေါ်မှုအနေနဲ့လည်း   နည်းသွားပါ တယ်။   ကာကွယ်ဆေးမထိုးထားတဲ့သူမှာ ၆၃ ရာခိုင်နှုန်းလောက်က ဖျားတဲ့လက္ခဏာပြပေမယ့် ကာကွယ်ဆေးထိုးထားရင်တော့ ၂၅ ရာခိုင်နှုန်းပဲ ဖျားနာတဲ့လက္ခဏာရှိတတ်ပါတယ်။


ဒါ့အပြင် ကိုဗစ်-၁၉ ရဲ့ ရောဂါလက္ခဏာတွေ ခံစားရတဲ့ အချိန်ကာလကလည်း တိုသွားပါတယ်။ ဆေးမထိုးထားတဲ့သူမှာ ရောဂါလက္ခဏာရဲ့ အချိန် ကာလကြာမှုက ၁၆ ဒသမ ၇ ရက် ကြာပေမယ့် ဆေးထိုးထားသူမှာ ၁၀ ဒသမ ၃ ရက်ပဲကြာတဲ့ အတွက် ရောဂါလက္ခဏာခံစားရချိန် တိုသွားပါတယ်။ ဒါတွေက ကျန်းမာရေးဝန်ထမ်းတွေမှာ လုပ်ဆောင် ထားတဲ့ သုတေသနတွေ့ရှိချက်ဖြစ်ပါတယ်။ 


ဒီတွေ့ရှိချက်အရဆိုရင်   ဗိုင်းရပ်စ်ရဲ့ပမာဏ ကလည်း ၄၀ ရာခိုင်နှုန်းလျော့ကျမယ်၊ တစ်နည်း အားဖြင့်   သူရောက်ပြီဆိုတာနဲ့  ကိုယ်ခံအားက တိုက်ထုတ်တဲ့အတွက် ခန္ဓာကိုယ်မှာ ကြာကြာမနေ နိုင်ဘူးဆိုတော့    ရောဂါလက္ခဏာဖြစ်ပွားမှု၊ ဖျားနာနိုင်တဲ့အန္တရာယ်ကလည်း နည်းသွားမယ်၊ ရောဂါလက္ခဏာတွေခံစားရတဲ့  ကာလကလည်း တိုသွားမယ်ဆိုတာတွေက ထူးခြားချက်ဖြစ်ပါတယ်။ 


ဘယ်လောက်အထိ ကာကွယ်ဆေးက ရောဂါ ကူးစက်မှုကို ထိရောက်နိုင်သလဲဆိုရင် ကာကွယ် ဆေးအပြည့်ထိုးထားတဲ့သူမှာ   ၉၁  ရာခိုင်နှုန်း ထိရောက်ပြီး ကာကွယ်ဆေးတစ်ကြိမ် ထိုးထားသူ၊ အပြည့်မထိုးရသေးသူတွေမှာ    ၈၁  ရာခိုင်နှုန်း ထိရောက်ပါတယ်။ ဒီတွေ့ရှိချက်က ဒီဇင်ဘာ ၁၄ ရက် မှ ဧပြီ ၁၀ ရက်အတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ မှာ ပြုလုပ်ထားတဲ့ လေ့လာတွေ့ရှိချက်ဖြစ်ပါတယ်။ 


လျှော့မတွက်ကြပါနဲ့


လက်ရှိ  WHO  က  အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေက   ‘ဒယ်လ်တာ’ အပါအဝင်  ကိုဗစ်-၁၉ ရောဂါပိုးဗီဇမျိုးကွဲတွေကို ကောင်းစွာ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကာကွယ် မှုအနေနဲ့        အနည်းငယ်လျော့ကျနိုင်ပေမယ့် ကောင်းစွာကာကွယ်နိုင်ပါတယ်။   ဒယ်လ်တာနဲ့ နဂိုမူလ ကိုဗစ်-၁၉ ရောဂါပိုးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကူးစက်မှုက ဒယ်လ်တာက အလွန်လျင်မြန်ပါတယ်။ ဘယ်လောက်အထိမြန်သလဲဆိုရင်     အရင်က တကယ့် ကူးစက်မြန်တယ်ဆိုတဲ့ SARS , MERS ပိုးတွေ၊ အီဘိုလာရောဂါပိုးတွေ၊ သာမန်အအေးမိ နှာစေးစေတဲ့ပိုးတွေ၊ ရာသီတုပ်ကွေး Season Flu တွေ၊ ၁၉၁၈ ခုနှစ်မှာ ဖြစ်ပွားတဲ့ Spanish Flu တွေ၊ ကျောက်ရောဂါပိုးတွေထက်စာရင် ပိုပြီး ကူးစက်မြန် တယ်ဆိုတော့   ဒယ်လ်တာရဲ့  ကူးစက်မြန်မှုက ဒုက္ခပေးနိုင်စွမ်းများတယ်ဆိုတာ သိစေချင်ပါတယ်။ တချို့သောသူတွေက ‘ဒယ်လ်တာ’ဗီဇပြောင်းပိုးရဲ့အစွမ်းကို          လျှော့တွက်ကြတာရှိပါတယ်။ လျှော့မတွက်ကြပါနဲ့။ 


နောက်တစ်ခုက ရေကျောက်ရောဂါပိုးနဲ့ဆိုရင် သူ့ရဲ့ကူးစက်နိုင်မှုက    တန်းတူလောက်ရှိနေပါ တယ်။ ဝက်သက်ရောဂါပိုးကတော့ ‘ဒယ်လ်တာ’ ထက်ပိုပြီး ကူးစက်မြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ပိုးကို ဖြစ်စေနိုင်တဲ့ SARS-CoV-2 ရဲ့မျိုးနွယ်တွေက အများကြီးရှိသော်လည်း လူကို ကူးစက်စေနိုင်တဲ့ မျိုးနွယ်အနေနဲ့ ခုနစ်ခုပဲရှိပါတယ်။ အဆိုးဆုံးက တော့ သုံးခုရှိပါတယ်။ 


အဲဒါတွေကတော့  SARS၊ MERS နဲ့   အခု ကိုဗစ်-၁၉ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ က အဆိုးဆုံး ဖြစ်ပါတယ်။ ကျန်တဲ့လူမှာဖြစ်တဲ့ လေးမျိုးကတော့ သာမန်အအေးမိ၊ ဖျားနာလောက်ဖြစ်ပြီး အကြီး အကျယ် ဒုက္ခမပေးနိုင်ပါဘူး။ ဒါဆိုရင် သူ့ရဲ့မျိုးနွယ် တွေကတော့ SARS တို့၊ MERS တို့ ဖြစ်တယ်ဆိုတာ ပြောလိုခြင်းဖြစ်ပြီး      ပေါ့ဆလို့မရဘူးဆိုတာကို သိစေချင်ပါတယ်။ 
ကိုဗစ်-၁၉ ကို   စစ်ဆေးတဲ့အခါ  RT PCR   နည်းပညာမှာ CT value ဘယ်လောက်ရှိသလဲ ဆိုတာနဲ့ဖြတ်ပြီး ပိုး ရှိတယ်၊ မရှိဘူးဆုံးဖြတ်တာ ဖြစ်ပါတယ်။ CT value နိမ့်လေလေ ပိုးကောင်ရေ များလေလေဖြစ်ပါတယ်။ CT value များလေလေ ပိုးကောင်ရေ နိမ့်လေလေဖြစ်ပါတယ်။ ‘ဒယ်လ်တာ’ ပိုးမျိုးဗီဇမှာ CT value က အတော့်ကို နိမ့်ပါတယ်။ 


လေ့လာတွေ့ရှိချက်


အိန္ဒိယမှာ   ကာကွယ်ဆေးထိုးပြီးနောက် ပြန်ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းအချို့ကို ပြုလုပ် ထားတဲ့   သုတေသနအရ   ‘ဒယ်လ်တာ’ကြောင့် ရောဂါကူးစက်ခံရတယ်ဆိုရင် CT value နိမ့်တယ် ဆိုတာကို    တွေ့ရပါတယ်။  ဘယ်လောက်အထိ ကွာသလဲဆိုရင်    ၂ ဒသမ ၅ နည်းပါတယ်။ ‘ဒယ်လ်တာ’ကြောင့်ဆိုရင် CT value က ၁၆ ဒသမ ၅ ရှိပေမယ့်  ‘ဒယ်လ်တာ’မဟုတ်သူတွေမှာ  CT value က ၁၉ ရှိတယ်ဆိုတာကို သိစေချင်ပါတယ်။ နောက်တစ်ခုက ‘ဒယ်လ်တာ’ပိုးကူးစက်ပြီဆိုရင် CT value နိမ့်ခြင်း၊ ပိုးကောင်ရေများခြင်းက ၁၈ ရက်ကြာတယ်၊ နဂိုမူလပိုးဆိုရင် ၁၃ ရက်ကြာတယ် ဆိုတာကို တွေ့ရပါတယ်။ ရောဂါပိုးကူးစက်ခံရတယ်၊ ပြန်ဖြစ်တယ် အဲဒါကို Reinfection လို့ခေါ်ပါတယ်။ Reinfection ကလည်း ‘ဒယ်လ်တာ’ကြောင့်ဆိုရင် ၁ ဒသမ ၄၆ ဆ များပါတယ်။ လွယ်လွယ်ပြောရ မယ်ဆိုရင် တစ်ဆခွဲများပါတယ်။ Reinfection က ယခင်က ပိုးကူးစက်ခံရသူက ပြန်ပြီး ကူးစက်ခံရ တာကို ဆိုလိုတာဖြစ်ပါတယ်။ ဒါဟာ ခြောက်လကြာ ပြီးနောက် ပြုလုပ်တဲ့ လေ့လာတွေ့ရှိချက်ဖြစ်ပါ တယ်။    ပြောချင်တာက   ခြောက်လအတွင်းဆိုရင် Reinfection လို့ခေါ်တဲ့ ရောဂါပိုးကူးစက်ခံရသူတွေ မှာလည်း ပြန်ဖြစ်တာ ရှားတယ်ဆိုတာကို သိစေချင် ပါတယ်။ 


နောက်တစ်ခုက ကာကွယ်ဆေးထိုးထားတဲ့သူ တွေမှာရော         ဆေးမထိုးထားတဲ့သူတွေလို ‘ဒယ်လ်တာ’မျိုးဗီဇပိုး ကူးစက်ခံရနိုင်သလားဆိုရင် ကူးစက်နိုင်ခြေရှိတယ်ဆိုတဲ့ သုတေသန တွေ့ရှိချက် တွေရှိပါတယ်။   ဒါပေမယ့်   သူ့ရဲ့ကူးစက်နိုင်မှုက အချိန်ကာလတိုတယ်၊    ကူးစက်နိုင်မှုကလည်း နည်းတယ်ဆိုတဲ့ အထောက်အထားတွေရှိပါတယ်။ CDC ကလည်း ပြောထားတာရှိပါတယ်။ ‘ဒယ်လ်တာ’ ပိုးကူးစက်ခံရသူတွေက  နှာခေါင်းနဲ့ လည်ချောင်းမှာ ပိုးအရေအတွက်အများကြီးရှိတယ်။ ‘ဒယ်လ်တာ’ ကူးစက်ခံရသူက    အခြားသူထက်  ပိုးကို အဆ တစ်ထောင်       ပိုပြီးသယ်ဆောင်နိုင်တယ်ဆိုတဲ့  အထောက်အထား၊ သုတေသနတွေလည်းရှိပါတယ်။ 


ထုတ်ပြန်ချက်အသစ်


ကာကွယ်ဆေးထိုးထားတဲ့အတွက် နှာခေါင်းနဲ့ လည်ချောင်းမှာ      ရောဂါပိုးရောက်နေပြီဆိုပြီး ခန္ဓာကိုယ်က အချက်ပေးလိုက်တဲ့အခါ နှာခေါင်းနဲ့လည်ချောင်းမှာရှိနေပြီးသား   ကိုယ်ခံစွမ်းအား စစ်သည်တွေက ရောဂါပိုးတွေကို လာပြီးတိုက်ခိုက် ပါတယ်။ အစပိုင်း နှစ်ရက်လောက်မှာတော့ သူတို့ အနေနဲ့ လုံလောက်အောင် တိုက်ခိုက်နိုင်စွမ်းမရှိဘူး။ သို့သော် နောက်ပိုင်းမှာ   ခန္ဓာကိုယ်က ကိုယ်ခံ စွမ်းအားတွေက စုပေါင်းပြီးတိုက်တဲ့အခါ အဆုတ် ကို   ရောက်ရှိဒုက္ခပေးနိုင်တဲ့၊   ဝေဒနာခံစားရတဲ့ အထိဖြစ်နိုင်တဲ့အခြေအနေကို  မရောက်တော့ဘဲ သာမန်နှာစေး၊ ချောင်းဆိုး၊ ဖျားတာလောက်နဲ့ပဲ ပြီးသွားပါတယ်။ အစောပိုင်းကာလ နှစ်ရက်မှာသူက သူများကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် CDC ရဲ့ လမ်းညွှန်ချက်အသစ်က ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးရင်တောင်မှ ရက်အနည်းငယ်သူများကို ကူးစက်နိုင်စွမ်းရှိတဲ့အတွက် လူအများနဲ့ တွေ့ဆုံ တဲ့အခါ ပါးစပ်နှာခေါင်းစည်း (Mask)ကို ပြန်တပ်ဖို့ ထုတ်ပြန်ချက်အသစ်လည်း ရှိပါတယ်။


တချို့တွေကတော့   ပိုးကောင်ရေအနေနဲ့ ဒယ်လ်တာသည် ၁၀ ဆများတယ်လို့ ပြောကြတာ ရှိပါတယ်။    ဒယ်လ်တာမျိုးဗီဇက   ရောဂါကို ပြင်းထန်ဆိုးရွားစွာ ဖြစ်စေနိုင်ပါတယ်။ ကနေဒါမှာ  ပြုလုပ်တဲ့ သုတေသနအရဆိုရင် ဆေးရုံတက်ရောက် ရမှုက ၂ ဒသမ ၂ ဆများပါတယ်။ အထူးကြပ်မတ် ကုသဆောင်ထဲရောက်ရမှုက    ၃ ဒသမ ၈၇ ဆ များပါတယ်။ ဒါဆိုရင် ဆေးရုံတက်ရောက်ရမှု နှစ်ဆ ကျော်၊      အထူးကြပ်မတ်ကုသဆောင်   (ICU) ထဲရောက်ရမှုက လေးဆနီးနီး   များတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ သေဆုံးမှုက ၂ ဒသမ ၃၇ ဆိုတော့ နှစ်ဆခွဲလောက်   သေဆုံးနိုင်ပါတယ်။ ဒါဆိုရင် ဒယ်လ်တာမျိုးဗီဇက လုံးဝပေါ့ဆလို့မရဘူးဆိုတဲ့အနေအထား ဖြစ်ပါတယ်။ 


စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနအရ ဆိုရင် သူက အောက်ဆီဂျင်လိုအပ်မှု၊ ICU ရောက်ရှိမှု၊ သေဆုံးမှုတွေကို ၄ ဒသမ ၉ ဆ၊ ငါးဆနီးနီး ပိုများ စေတယ်လို့ ပြောပါတယ်။ ဒယ်လ်တာမျိုးဗီဇက   အဆုတ်ရောင်နမိုးနီးယားဖြစ်ပွားမှုကိုလည်း ၁ ဒသမ ၈၈ ဆ (နှစ်ဆနီးပါး) ပိုများတယ်လို့ အဓိပ္ပာယ်ရပါ တယ်။
စကော့တလန်မှာပြုလုပ်တဲ့ သုတေသနအရ ဆေးရုံတက်ရောက်ရမှုကို ၁ ဒသမ ၈၅ ဆ (နှစ်ဆ နီးနီး)များတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒယ်လ်တာ မျိုးဗီဇသည်  ကူးစက်မှုအနေနဲ့ ကာကွယ်ဆေး ထိုးထားသူမှာလည်း      ကူးစက်မှုမြန်စေတယ်၊ ကာကွယ်ဆေးမထိုးထားသူမှာ ကူးစက်ခံရပြီဆိုရင် ရောဂါပြင်းထန်မှု၊ သေဆုံးမှုတွေများနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကိုပြောလိုခြင်း ဖြစ်ပါတယ်။ 


ပြည်သူတွေကို သိစေချင်တာက ဒယ်လ်တာ မျိုးဗီဇသည် အလွန်ကူးစက်မြန်ပါတယ်။ Lancet မှာပြုလုပ်တဲ့ သုတေသနအရဆိုရင် လူ ငါးယောက် က ရှစ်ယောက် ကူးစက်နိုင်တယ်ဆိုတော့ သူ့ရဲ့ ကူးစက်နိုင်မှုသည် အလွန်မြန်ပါတယ်။ နဂိုမူရင်း ပိုးထက် နှစ်ဆကျော်ကူးစက်မှုမြန်ပါတယ်။ ဒါဆိုရင် ကူးစက်မှုကလည်းအလွန်မြန်တယ်၊ ပိုပြီးပြင်းထန် စွာဖြစ်စေနိုင်တယ်၊        ဆေးထိုးပြီးရင်တောင် Breakthrough Infection လို့ခေါ်တဲ့ ပြန်ပြီးရောဂါ ဖြစ်နိုင်စွမ်းကလည်း အနည်းငယ်ရှိတယ်ဆိုတော့ ပေါ့ဆလို့မရပါဘူး။ 


ကာကွယ်ဆေးထိုးနှံသင့်


သို့သော်   ကာကွယ်ဆေးတွေက   ရောဂါ ပြင်းထန်စွာဖြစ်ပွားမှုက ၉၀ ရာခိုင်နှုန်းအထက် ကာကွယ်နိုင်တာဖြစ်တဲ့အတွက်   ကာကွယ်ဆေး ထိုးနှံသင့်တယ်ဆိုတာကို သိစေချင်ပါတယ်။ Mask  ပါးစပ်နှာခေါင်းစည်းတပ်တာ၊    လက်ဆေးတာ၊ လူအုပ်စုရှောင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ၊ ချောင်းဆိုး နှာချေရင် အုပ်ဆိုးတာ၊ လေကောင်းလေသန့်ရတဲ့ နေရာတွေမှာနေတာ ဒါတွေက ကာကွယ်ဆေးနဲ့ အလားတူအရေးပါတယ် ဆိုတာကို     ပြောကြားလိုပါတယ်။   ဒါကြောင့် ကာကွယ်ဆေးထိုးထားတယ်ဆိုပြီး ပေါ့ဆလို့မရပါ ဘူး။ သေချာတာကတော့ ဒီရောဂါကြောင့် သေဆုံး ဖို့ ရာခိုင်နှုန်းနည်းသွားတာက အသေအချာပါပဲ။ သို့သော် နောက်ခံရောဂါရှိသူ၊ အသက်ကြီးသူတွေ မှာတော့ ဂရုစိုက်ရမယ့်အနေအထားဖြစ်ပါတယ်။ 


ဒါကြောင့် ကာကွယ်ဆေးထိုးနှံဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြည်သူလူထုကို သိစေချင် ပါတယ်။ ကာကွယ်ဆေးထိုးနှံခွင့်ရသူတွေအနေနဲ့ မိမိအတွက် ဆုလာဘ်ကြီးလို့ ယူဆပြီး အမြန်ဆုံး ထိုးနှံပါ။ သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အလိုက် ကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေးရှိသူ တွေကို   အကြောင်းကြားပေးမှာ   ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်   ကူးစက်မှုမရှိစေဖို့ ကိုဗစ်-၁၉  ရောဂါ      ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းတွေအတိုင်း ထိုးနှံပေးမှာ ဖြစ်ပါတယ်။


ဆန္ဒတွေသိပ်မစောကြပါနဲ့။ တစ်မြို့နယ်ချင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူတွေ မကျန်ရအောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးက လက်ရှိမှာ သုံးသန်း ရှိပါတယ်။ လူ သုံးသန်းကို ထိုးနှံပေးမှာဖြစ်တဲ့အတွက် ထိုးနှံခွင့်မရမှာကို   စိုးရိမ်စရာမလိုပါဘူး။  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ အရေးပေါ် အသုံးပြုခွင့်ရတဲ့ ကာကွယ်ဆေးတွေကို ပြည်သူ လူထုကို   ထိုးနှံပေးတာဖြစ်တဲ့အတွက် စိတ်ချ ယုံကြည်စွာနဲ့ ထိုးနှံပါ။ ဒီလိုထိုးနှံခြင်းအားဖြင့် အသက်ကြီးတဲ့သူတွေ၊ ရောဂါနောက်ခံရှိနေသူ တွေကိုလည်း ထိထိရောက်ရောက် ကာကွယ်နိုင်ပါ တယ်ဆိုတာ ပြည်သူလူထုကို သိစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။