ကမ္ဘာ့ကင်းထောက်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာကင်းထောက်လူငယ်များ၏ အတွေ့အကြုံ =========

Image not available

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်ဌာနခွဲ၏ Scholarship အစီအစဉ်ဖြင့် အမေရိကန်ပြည်ထောင်စု၌ ကျင်းပခဲ့သည့် (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များတွေ့ဆုံပွဲ (24th World Scout Jamboree) တက်ရောက်ခဲ့ကြသော မြန်မာကင်းထောက်လူငယ် မောင်ခွန်လတ်အောင် (နည်းပညာတက္ကသိုလ် မ္တလေး)၊ မရှင်းသန့်လှိုင် (Brainworks- TOTAL International School Yangon)၊ မောင်ဟိန်းနိုင်စိုး (မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်)တို့သုံးဦးနှင့် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ ညှိနှိုင်းရေးမှူးများ၏ တွေ့ဆုံပွဲ အတွေ့အကြုံ၊ သဘောထားအမြင်များကို ဖော်ပြလိုက်ပါသည်-

 

မောင်ကောင်းမြတ်ထူး

(နိုင်ငံတကာရေးရာ ညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ )

 

(၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များ စခန်းချတွေ့ဆုံပွဲကို အမေရိကန်နိုင်ငံမှာ ကျင်းပတာဖြစ် ပြီး မြန်မာနိုင်ငံအနေနဲ့ ကင်းထောက် လူငယ်သုံးဦး တက်ရောက်ခဲ့ပါတယ်။ မြန်မာကင်းထောက်လူငယ် သုံးဦးရဲ့ ခရီးစဉ်ကို အာရှ - ပစိဖိတ်ဒေသ ကင်းထောက် ထောက်ပံ့ရေးဌာနက ပံ့ပိုးမှုနဲ့ တက်ရောက်ခဲ့ပါတယ်။ မြန်မာ နိုင်ငံအနေနဲ့ ၂၀၁၆ ခုနှစ်မှာ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံအဖြစ် ပြန်လည်ဝင်ရောက်ခွင့်ရပြီး ပထမ ဆုံးအကြိမ် မြန်မာနိုင်ငံအနေနဲ့ ပါဝင်တဲ့ ကမ္ဘာ့အဆင့်စခန်းချတွေ့ဆုံ ပွဲ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ ကင်းထောက် လုပ်ငန်းတွေ ပြန်လည်ရှင်သန်လာခဲ့ တဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း နိုင်ငံ အဆင့်ကင်း ထောက်များ စခန်းချတွေ့ဆုံပွဲကို (၄)ကြိမ်ကျင်းပခဲ့ပြီး အရင်က မြန်မာနိုင်ငံ ကင်းထောက်တွေအနေနဲ့ ဒေသအတွင်း စခန်းချတွေ့ဆုံပွဲတွေကို ပါဝင်ခဲ့ပေမယ့် အခုသွားရောက်ခဲ့တဲ့ စခန်းချတွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

 

အခုစေလွှတ်လိုက်တဲ့ လူငယ်တွေက သူတို့သင်ယူခဲ့ရတဲ့ ကင်းထောက်ပညာရပ်တွေ၊ အသိ အမြင်တွေနဲ့ နည်းစနစ်တွေအကုန် လုံးကို လေ့လာသင်ယူပြီး ပြည်တွင်း မှာ ယခုထက်ပိုမိုအဆင့်မြင့်တဲ့ စခန်း ချတွေ့ဆုံပွဲမျိုး ပြန်လည်ပြုလုပ်နိုင် မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ဟာ နိုင်ငံတော် ရဲ့လမ်းòန်မှုနဲ့အညီ ကင်းထောက် လူငယ်တွေ အရည်အသွေးမြင့်မား ရေးကို အစဉ်တစိုက်ဆောင်ရွက်လျက် ရှိပြီး ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေ၊ သင်တန်းတွေနဲ့ စခန်းချပွဲတွေကို အစဉ်မပြတ် စေလွှတ်လျက်ရှိကာ အရည်အသွေး မြင့်မားတဲ့ ကင်းထောက်လူငယ်တွေ ယခုထက် ပိုမိုထူးချွန်တဲ့ ကင်းထောက်လူငယ် တွေ မွေးထုတ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

 

မောင်ဖြိုးသူရဝင်း

(လူငယ်ညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ )

 

(၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်တွေ့ဆုံပွဲကို အမေရိကန် နိုင်ငံမှာ တက်ရောက်ဖို့အတွက် စိတ်ဝင်စားသူ ကင်းထောက်လူငယ် တွေကို လျှောက်လွှာခေါ်ယူပြီး ပထမ အဆင့်အနေနဲ့ လျှေက်လွှာတွေ စစ်ဆေးပြီး ဒုတိယဆင့်အနေနဲ့ မြန်မာ နိုင်ငံ ကင်းထောက်အဖွဲ့က တာဝန်ရှိ လူကြီးတွေက စနစ်တကျ လူတွေ့စစ် ဆေးကာ ဘက်စုံထူးချွန်တဲ့ လူငယ် သုံးဦးကို နိုင်ငံ့ကိုယ်စားပြု စေလွှတ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အနေနဲ့ ကင်းထောက်လူငယ်တွေ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတကာ အတွေ့အကြုံတွေရရှိစေဖို့ အပြည် ပြည်ဆိုင်ရာ ကင်းထောက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး သင်တန်းဖွင့်လှစ်ခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန် နိုင်ငံနဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတွေကို ရွေးချယ်စေလွှတ်ခြင်း၊ နိုင်ငံတကာ ကင်းထောက်အချင်းချင်း တွေ့ဆုံရင်းနှီးစေတဲ့ နိုင်ငံတကာ စခန်းချတွေ့ဆုံပွဲတွေကို တက်ရောက် ခြင်းများ ပြုလုပ်ပေးလျက်ရှိပါတယ်။

 

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အနေနဲ့ ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင် နိုင်ငံဖြစ်လာပြီးနောက်မှာ အခွင့်အလမ်း ကောင်းများစွာ ရရှိနေပြီး မြန်မာနိုင်ငံအနေနဲ့ အရည်အသွေးမြှင့် ကင်းထောက်လူငယ်တွေ စေလွှတ်နိုင်ဖို့ အစဉ်အမြဲ ကြိုးစား လျက်ရှိပါတယ်။

မရှင်းသန့်လှိုင်

 

(Brainworks - TOTAL International School Yangon)

 

မြန်မာနိုင်ငံကိုယ်စားပြု ကျွန်မ တို့ ကင်းထောက်လူငယ်သုံးဦးဟာ အမေရိကန် အနောက်ဗာဂျီးနီးယား ပြည်နယ်မှာရှိတဲ့ (၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များ စခန်းချပွဲကို နိုင်ငံပေါင်း ၁၆၇ နိုင်ငံက ကင်းထောက် ကိုယ်စားလှယ် လေးသောင်းကျော်၊ စေတနာ့ဝန်ထမ်း ကင်းထောက် တစ်သောင်းကျော်နဲ့အတူ တက်ရောက် ခဲ့ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက ကင်းထောက်လူငယ် ကိုယ်စားလှယ် သုံးဦးဟာ စခန်းချကာလနှစ်ပတ်တာ အတွင်း တောင်တက်၊ စက်ဘီးစီး၊ ကျောက်တောင်တက်၊ လှေလှော်၊ ကြိုးဆွဲကစားခြင်း၊ ရေကူးခြင်း လှုပ်ရှား မှုတွေမှာ တက်ကြွစွာပါဝင်ခဲ့ကြပါတယ်။

 

ဒါ့အပြင် အခြားအသိပညာပေး အစီအစဉ်တွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ဆက်သွယ်မှုဆိုင်ရာ ဆွေး နွေးမှု၊ ဘာသာရေးအသိအမြင် ဖလှယ်မှု၊ နည်းပညာဆိုင်ရာ အတွေ့အကြုံ များမျှဝေမှု အစရှိတဲ့ ကင်းထောက် လှုပ်ရှားမှုနဲ့ ဆက်နွှယ်ပတ်သက်တဲ့ အစီအစဉ်တွေမှာလည်း ပါဝင်ခဲ့ပြီး ကင်းထောက်လှုပ်ရှားမှုနဲ့ တန်ဖိုး ခေါင်းစဉ်နဲ့ ကျွန်မတက်ရောက် ဆွေးနွေး ခဲ့ပါတယ်။ တွေ့ဆုံပွဲတွေမှာ မြန်မာနိုင်ငံက လာရောက်တဲ့ ကိုယ်စားလှယ် သုံးဦးကို ပြုလုပ်တဲ့ အစီအစဉ်တိုင်းမှာ ကမ္ဘာ့ကင်းထောက်အဖွဲ့ တာဝန်ရှိသူ တွေက အသေအချာ ပါဝင်ခွင့်ပေးပြီး အခွင့်အလမ်းတွေနဲ့ ဦးစားပေးမှု စောင့်ရှောက်မှုတွေ ရခဲ့ပါတယ်။

ကင်းထောက် လှုပ်ရှားမှုလို့ ဆိုလာရင် တစ်ဦးတစ်ယောက်တည်း ရပ်တည်ပြီးမရနိုင်တဲ့ လှုပ်ရှားမှုကြီး ဖြစ်တဲ့ အလျောက် ကင်းထောက်ဟာ ကမ္ဘာ့နိုင်ငံ ကင်းထောက်များနဲ့အတူ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ချစ်ခင် မှုကို တည်ဆောက်ရာမှာ နိုင်ငံအလိုက် ဒေသအလိုက် မတူကွဲပြားတဲ့ ရိုးရာ ယဉ်ကျေးမှုကို အပြန်အလှန် လေးစား တန်ဖိုးထားရမှာလည်း ဖြစ်ပါတယ်။

 

မောင်ခွန်လတ်အောင်

(နည်းပညာတက္ကသိုလ်၊ မန္တလေး)

 

ကျွန်တော်တို့ မြန်မာနိုင်ငံက ကင်းထောက်လူငယ်တွေနဲ့ အခြား နိုင်ငံအသီးသီးက ကင်းထောက် လူငယ်တွေရဲ့ အဓိကပြဿနာက အမေရိကန်နိုင်ငံရဲ့ ရာသီဥတုဖြစ်ပြီးနေ့မှာ နေကတော်တော်ပူပြီး ညမှာတော်တော် အေးပါတယ်။ အဲဒီရာသီ ဥတုနဲ့ ကိုက်ညီအောင် ကင်းထောက် စိတ်ဓာတ်နဲ့ ဇွဲရှိရှိနဲ့ ကျန်တော်တို့ အားလုံးကြိုး စားရပါတယ်။ ဒီစခန်းချ တွေ့ဆုံပွဲမှာ ရေငုပ်တာတွေ၊ Zip Line ကြိုးဆွဲစီးတာတွေ လုပ်ဖြစ် ခဲ့တယ်။ အဲဒါကတော့ မမေ့နိုင်တဲ့ အမှတ်တရပါ။ အစားအသောက်ကို တော့ နိုင်ငံအလိုက် အလှည့်ကျ ချက်ကြပါတယ်။ ကျွန်တော်တို့စခန်း မှာ မြန်မာ၊ ဘူတန်၊ မော်လ်ဒိုက်၊ ဗီယက်နမ်၊ မွန်ဂိုလီးယားနိုင်ငံတွေက ညီနောင်ကင်း ထောက်တွေနဲ့ မတူညီ တဲ့ အစားအစာတွေ စားသောက်ရင်း ချစ်ကြည်ရင်းနှီးမှုတွေ ဖြစ်စေခဲ့ပါ တယ်။ ကျွန်တော်တို့က လက်ဖက် ထမင်း သုပ်ကျွေးပါတယ်။ နိုင်ငံ တကာက ညီနောင်ကင်းထောက်တွေ မြန်မာ အစားစာကို ကြိုက်ကြလို့ ကျွန်တော်တို့ ဂုဏ်ယူရပါတယ်။

 

Advanced Technologies တွေကို တွေ့ခွင့်ရခဲ့ပါတယ်။ အထူး သဖြင့် Novus ဆိုတဲ့ သူငယ်ချင်း အသစ်ဖွဲ့၊ activities တွေလုပ်တဲ့ လက်ပတ်လေးပါ။ အဲဒါတွေကို ကြည့်ပြီး သူတို့ရဲ့ ဒေတာတွေ ဘယ်လိုသိမ်းတယ်ဆိုတာ သိခဲ့ရပါ တယ်။ ရှေ့လျှောက်အခက်အခဲတွေရင်ဆိုင်ဖို့၊ အတွေးသစ်၊ အမြင်သစ် တွေ အများကြီးရခဲ့ပါတယ်။ တခြား နိုင်ငံက လူငယ်တွေနဲ့ ယဉ်ကျေးမှု၊ ဘာသာရေး၊ ပညာရေးဆိုင်ရာတွေ ဖလှယ်ခွင့်ရတဲ့အတွက် ပျော်ပါတယ်။

 

မောင်ဟိန်းနိုင်စိုး

(မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်)

 

(၂၄)ကြိမ်မြောက် ကမ္ဘာ့ကင်းထောက်များ စခန်းချပွဲကို အမေရိကန်နိုင်ငံမှာ မြန်မာလူငယ် ကိုယ်စားလှယ်နှစ်ဦးနဲ့အတူ ဇူလိုင် ၂၂ ရက်မှ ဩဂုတ် ၃ ရက်အထိ နှစ်ပတ်ကြာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံ က ကိုယ်စားလှယ်ပေါင်း လေးသောင်း ကျော်နဲ့ စေတနာ့ဝန်ထမ်း ကင်းထောက် တစ်သောင်းကျော်နဲ့ အတူ တက်ရောက်ခဲ့ပါတယ်။ စခန်းချ ပွဲရဲ့ ခေါင်းစဉ်က " Unlock A New World" "ကမ္ဘာ့သစ်ကို စတင်မယ်" ခေါင်းစဉ်နဲ့ စီစဉ်ဆောင်ရွက်ခဲ့လို့ "ပိုကောင်းတဲ့ ကမ္ဘာအသစ်တစ်ခု ဖန်တီးနိုင်ဖို့" အတွေးအမြင်သစ်တွေ ရရှိခဲ့ပါတယ်။

 

ကျွန်တော်တို့စခန်းချတွေ့ဆုံပွဲ ပထမဆုံးနေ့မှာပဲ တောင်ပေါ်တက်ပြီး နှစ်မိုင်ရှည်တဲ့ တောလမ်းကို ကွေ့ပတ် ပြေးခိုင်းပြီး လမ်းမှာ အတားအဆီး တွေ ကျော်ဖြတ်နည်းနဲ့ တံတိုင်းတွေ ကျော်ကာ ကီလို ၂၀ ရှိတဲ့ သဲအိတ် ထမ်းပြီး ကစားနည်းတွေကို တစ်ကိုယ် ရေ ကြံ့ခိုင်သန်စွမ်းစေဖို့ လှုပ်ရှား ကစားစေပါတယ်။ နှစ်ပတ်တာ ကာလ စခန်းချပွဲမှာ ကျွန်တော့် အနေနဲ့ Contingent Leader အဖြစ် ဆောင်ရွက်ခွင့်ရခဲ့ပြီး နိုင်ငံ ပေါင်း ၁၆၇ နိုင်ငံက ကင်းထောက် ကိုယ်စားလှယ် လူငယ်တွေဟာ ဘာသာမတူ၊ လူမျိုးမတူ၊ ဓလေ့ထုံးစံ တွေ မတူကွဲပြား သော်လည်း ကင်းထောက်ကတိ၊ ကျင့်ဝတ်တူညီ စွာနဲ့ အများကို ကူညီလိုစိတ်၊ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တဲ့ စိတ်ဓာတ် တွေကအတူတူ တစ်ထပ်တည်းကျတာကို တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့စခန်း ချတွေ့ ဆုံပွဲမှာ ရခဲ့တဲ့အတွေ့အကြုံတွေနဲ့ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ တိုးတက်ရေးနဲ့ နိုင်ငံတိုး တက်ရေးအတွက် ကင်းထောက်စိတ်ဓာတ်နဲ့ ကူညီ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

 

တွေ့ဆုံမေးမြန်းနှင့်ဓာတ်ပုံ

ဦးတင်မောင်လတ်

(ကင်းထောက်ကြီး)