ကမ္ဘာ့ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီသည် အဆင့်အတန်းရှိရှိဖြင့် နေရာတစ်ခုတွင် ခိုင်ခိုင်မာမာရပ်တည်နိုင်ရေး ရည်မှန်းချက်ထား လုပ်ဆောင်ရမည်

 

နေပြည်တော် စက်တင်ဘာ ၁၇


နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊        နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်   ယနေ့ နံနက်ပိုင်းတွင်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    အဖွဲ့ဝင် များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်  အရာရှိကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ  မန္တလေး တိုင်းဒေသကြီး၊   ပြင်ဦးလွင်မြို့ အတွင်း၌    အားကစားကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့်    ခရီးသွား လုပ်ငန်းဆိုင်ရာတို့တွင် မြှင့်တင် ဆောင်ရွက်ပေးနိုင်မည့်   အခြေ အနေများကို       လိုက်လံကြည့်ရှု စစ်ဆေးသည်။   


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ခရိုင်       အားကစား လေ့ကျင့်ရေးစခန်းသို့  ရောက်ရှိ ကြပြီး          အားကစားကွင်း အဆင့်မြှင့်တင်ခြင်း       လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ အားကစားနှင့်       လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ      ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများက အဆင့်မြှင့်တင် ခြင်း ဆောင်ရွက်နေသည့် အခြေအနေများကို တင်ပြ ကြသည်။ 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်


ရှင်းလင်းတင်ပြမှုများအပေါ်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့သည်   မြို့တည်သက်တမ်း  နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီး သမိုင်းကြောင်းအစဉ်အလာရှိသည့် မြို့ဖြစ်သည်နှင့်အညီ  မြို့၏အဆင့်ဂုဏ်သိက္ခာနှင့် လျော်ညီသည့် အားကစားကွင်းတစ်ခု ဖြစ်စေရေး၊ ပရိသတ်များ အဆင့်မီမီကြည့်ရှုနိုင်ရေး၊ အားကစား သမားများ အရည်အသွေးပြည့်မီစွာ လေ့ကျင့်နိုင်    စေရေး  အားကစားကွင်းများတွင်  ရှိသင့်ရှိထိုက်သည့် စံနှုန်းများနှင့်အညီ ထည့်သွင်းတွက်ချက်အဆင့်မြှင့် တင်ရန်လိုအပ်သည့် အခြေအနေများအား မှာကြား ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ မြို့ရှောင်လမ်းအနီးရှိ Sithar Coffee Co.,ltd နှင့် ပွဲကောက်ကျေးရွာရှိ Creation Myanmar Coffee Farm တို့အား သွားရောက်ကြည့်ရှုလေ့လာ ကြည့်ရှုပြီး ကော်ဖီစိုက်လုပ်ငန်းရှင်များအား တွေ့ဆုံ ဆွေးနွေးသည်။  
ဆွေးနွေးတင်ပြ


ဦးစွာ   မြန်မာနိုင်ငံ   ကော်ဖီအသင်းနာယက ဦးရဲမြင့်နှင့် ကော်ဖီစိုက်လုပ်ငန်းရှင်များက အရည် အသွေးမြင့်သည့်  ကော်ဖီထုတ်ကုန်များရရှိစေရေး ကုန်ကြမ်းမှ    ကုန်ချောအဆင့်ထိ   အဆင့်ဆင့် ထုတ်လုပ်မှုအခြေအနေများ၊   ကော်ဖီအသင်းကို ကော်ဖီ စိုက်ဒေသအသီးသီး၌ တည်ထောင်ထားရှိပြီး လုပ်ငန်းအဆင်ပြေချောမွေ့မှုရှိစေရေး လုပ်ဆောင် လျက်ရှိသည့်   အခြေအနေများနှင့်   ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ 


ရည်မှန်းချက်ထားလုပ်ဆောင်


ဆွေးနွေးတင်ပြမှုများအပေါ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံ၌ ကော်ဖီစိုက်ဧက ၃ သောင်းကျော်ရှိပြီး ဒေသအလိုက်ခွဲ၍ Robusta နှင့် Arabica ကော်ဖီမျိုး တို့ကို  စိုက်ပျိုးသည်ဟု   သိရှိရကြောင်း၊  ကော်ဖီ စိုက်ပျိုးခြင်းလုပ်ငန်းသည်     အရင်းအနှီးများပြီး ကာလရှည်လုပ်ငန်းဖြစ်သည့်အတွက်  အောင်မြင် အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကို    အမြဲမပြတ်   လေ့လာနေရန် လိုကြောင်း၊ အထွက်နှုန်းကောင်းမွန်ရန်၊  Quality Product ဖြစ်ရန်၊   ဈေးကွက်ရရှိရန်   လိုအပ်မည် ဖြစ်ကြောင်း၊ အနံ့၊ အရသာနှင့် အရောင်ကောင်းမွန် ရမည်ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ဒေသအလိုက် ကြိုက်နှစ်သက်သည့် အမျိုးအစားများကို လေ့လာ ဆန်းစစ်၍   ခွဲခြားဖြန့်ချိရန်လိုကြောင်း၊   လုပ်ငန်း တစ်ခုဆောင်ရွက်ရာတွင် သုတေသနနှင့် ဖွံ့ဖြိုးမှု Research  and  Development  ရှိရမည်ဖြစ်ပြီး သုတေသနလုပ်ငန်းများကို မဖြစ်မနေလုပ်ဆောင်ရန် လိုကြောင်း၊ ပထမအဆင့်အနေဖြင့် ကုန်ကြမ်းများကို တင်ပို့ရောင်းချပြီး ဒုတိယအဆင့်အနေဖြင့် ကုန်ချော များကို ထုတ်လုပ်ကာ အရည်အသွေးမြင့် ကုန်ချော ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊     မျိုးကောင်း မျိုးသန့်ရရှိရေး၊ နည်းစနစ်ကျနရေး၊ ဈေးကွက်ရရှိရေး နှင့် အရင်းအနှီး လိုအပ်ချက်တို့အတွက် နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များ အနေဖြင့်  အရည်အသွေးမြင့်သည့်     ကော်ဖီထုတ်ကုန်များ ရရှိရေး    ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နောင်တွင် လုပ်ငန်းရှင်များကိုယ်တိုင် သုတေသနပြု၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းနှင့်  ဈေးကွက် မြှင့်တင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီသည် အဆင့် အတန်းရှိရှိဖြင့်    နေရာတစ်ခုတွင်   ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရေး   ရည်မှန်းချက်ထား  လုပ်ဆောင် ရမည်ဖြစ်ကြောင်း။


ဈေးကွက်ဝင်ရန် ကြိုးစား


ပြင်ဦးလွင်ဒေသတွင် ကော်ဖီစိုက်ပျိုးမှု အများ အပြားရှိပြီး   စိုက်ဧက   ၁၀၀၀၀  ကျော်ခန့်ရှိပြီး ဈေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်ကြောင်း၊ ဒေသ ထွက်ကုန်များကို ခေတ်မီသောထုပ်ပိုးမှုပုံစံများဖြင့် ကောင်းမွန်အောင်လုပ်ဆောင်၍ One Village One Product စနစ်ဖြင့် ဒေသမှ စံပြုထုတ်ကုန်တစ်မျိုး ချင်းကို ဈေးကွက်ဝင်ရန် ကြိုးစားခြင်းဖြင့် တစ်ဖက် မှလည်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာမည်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ   လာရောက်ကြည့်ရှုလေ့လာသူ များ ရရှိလာမည်ဖြစ်ကြောင်း၊  ခရီးသွားလုပ်ငန်းများ မှ တစ်ဆင့် ဒေသထုတ်ကုန်ရောင်းဝယ်ရေးလုပ်ငန်း များ ဖွံ့ဖြိုးလာပြီး ဒေသတွင်းဝင်ငွေကို ကြွယ်ဝစေ နိုင်ကာ    ဒေသခံပြည်သူလူထု၏   လူနေမှုစနစ်ကို မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ကော်ဖီစိုက်လုပ်ငန်း ရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး အတွက်  ယခုကဲ့သို့  လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး မိမိတို့ တစ်ဦးချင်း၊ ဒေသနှင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်စေရေးအတွက် လုပ်ငန်းဆောင်ရွက်ရာတွင် အစုအဖွဲ့လိုက်အောင်မြင်အောင်   ဆောင်ရွက်ကြ စေလိုကြောင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားသည်။


ဆွေးနွေး


ထို့နောက် ကော်ဖီခြံများအတွင်း လိုက်လံကြည့်ရှု ၍  စိုက်ပျိုးထားရှိမှုအခြေအနေများနှင့်  ခင်းကျင်း ပြသထားသည့် ကော်ဖီထုတ်ကုန်များ၊ မျိုးစေ့များ၊ လုပ်ငန်းသုံးပစ္စည်းကိရိယာများကို လေ့လာကြည့်ရှု ကြရာ   လုပ်ငန်းရှင်များနှင့်  တာဝန်ရှိသူများက ရှင်းလင်းပြသကြပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကော်ဖီပင် နှင့် အရိပ်ပင်ကြား လေဝင်လေထွက် ကောင်းမွန်ရန် နှင့် အရိပ်ပင်သည်  ပိုးမွှားလက်ခံပင် မဖြစ်စေရေး အတွက် အရိပ်ပင် အလင်းဖွင့်ခြင်းလုပ်ငန်းများကို ဂရုပြုဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများ နှင့်   ပတ်သက်၍   ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်