
ဗျူနိုအေရိစ် မတ် ၃
ကမ္ဘာကျော်ဘောလုံးသမား လီယိုနယ်မက်ဆီ ၏ ဇနီးဘက်မှ ဆွေမျိုးများ ပိုင်ဆိုင်သော စူပါမားကတ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ် ခဲ့ပြီး မက်ဆီကို ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု သိရသည်။ အဆိုပါစူပါမားကတ်တွင် “မင်းကို ငါတို့ စောင့်နေတယ် မက်ဆီ”ဟူသော ခြိမ်းခြောက်စာတန်း ကိုလည်း လက်ရေးဖြင့် ရေးသားခဲ့သည်။ မတ် ၂ ရက် အစောပိုင်းတွင် ရိုဆာရီယိုရှိ စူပါမားကတ်ကို မော်တော်ဆိုင်ကယ်ဖြင့် လူနှစ်ဦး ရောက်ရှိလာကာ သေနတ်ဖြင့် ၁၄ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု မီဒီယာ များက ဖော်ပြကြသည်။
ယင်းသို့ တိုက်ခိုက်မှုကြောင့် မည်သူ တစ်ဦး တစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းမရှိဟု သိရသည်။ အဆိုပါမြို့၌ မက်ဆီသည် အသက် ၁၃ နှစ်အထိ နေထိုင်ခဲ့ဖူးသည်။ ထို့နောက် ၎င်းသည် နိုင်ငံ အမျိုးသားအသင်းကို ဦးဆောင်ကာ အသက် ၃၆ နှစ်တွင် ကာတာနိုင်ငံ၌ ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးတွင် ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပစ်ခတ်မှုပြုလုပ်ခဲ့သည့် သေနတ်သမားမှာ မူးယစ်ဂိုဏ်းနှင့် ဆက်စပ်မှု ရှိသည်ဟု ယူဆရသည်။ ရိုဆာရီယိုမြို့သည် မူးယစ် ဆေးဝါးနှင့် ဆက်စပ်မှုရှိသည့် ရာဇဝတ်မှုများ အဖြစ်များသည်။
အာဂျင်တီးနားသမ္မတ အယ်လ်ဘတ်တို ဖာနန်ဒတ်ကလည်း မူးယစ်မှုနှင့် ပတ်သက်သည့် အကြမ်းဖက်မှုများ များလာသည့်အတွက် အဆိုပါ ကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ရိုဆာရီယို မြို့တော်ဝန် ကို တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ