
ဂျီနီဗာ ဇန်နဝါရီ ၁၂
ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ငွေကြေးဖောင်းပွမှုများကြောင့် ပြီးခဲ့ သည့်နှစ်အတွင်းက ၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။
အမေရိကန်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည်လည်း ပြီးခဲ့သည့်နှစ်အတွင်းက ၅ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ်တွင် ၃ ဒသမ ၇ ရာခိုင်နှုန်း သို့ ကျဆင်းမည်ဟု မျှော်လင့်ရကြောင်းနှင့် တရုတ် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြီးခဲ့သည့် နှစ်က ၈ ဒသမ ၀ ရာခိုင်နှုန်းရှိရာမှ ယခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းသို့ ကျဆင်းဖွယ်ရှိကြောင်း ကမ္ဘာ့စီးပွားရေးအလားအလာဆိုင်ရာ ထုတ်ပြန်ချက် အရ သိရသည်။
ဥရောပဇုန်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသည် ယခင်နှစ်က ၅ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုနှစ် တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု မျှော်လင့်ရကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်