ကမ္ဘာ့စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုတွေရှိစေတဲ့ ယူကရိန်း ပဋိပက္ခ

 

လင်းခေတ်ဆန်

 

ယူကရိန်းပဋိပက္ခဟာ စွမ်းအင်၊ အစားအစာ၊ ငွေကြေးဖောင်းပွမှုနဲ့ ဆင်းရဲမွဲတွေမှုတွေအပေါ် ကြီးမားတဲ့စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေ ရှိတယ် လို့ ပြန်လည်တည်ဆောက်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဥရောပဘဏ် (အီးဘီအာရ်ဒီ) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုန်ဈေးနှုန်းတွေ မိုးထိမြင့်တက် 
အီးဘီအာရ်ဒီရဲ့      စီးပွားရေးအကြီးအကဲ ဘီတာဂျာဘော်ကစ်က ယူကရိန်းပဋိပက္ခကြောင့် အခုချိန်ထိ လူပေါင်းသုံးသန်းကျော် ထွက်ပြေးခဲ့ ရတယ်လို့ ပြောပါတယ်။ 
ကမ္ဘာတစ်ဝန်းလုံးက     စေတနာရှင်တွေဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာ ဘီလီယံချီပေးခဲ့ ကြပါတယ်။ သို့သော်လည်း ယူကရိန်းပဋိပက္ခဟာ အခုချိန်ထိ  ပြီးဆုံးမယ့် အရိပ်အယောင် မတွေ့ရ သေးပါဘူး။ 
ဒီပဋိပက္ခကြောင့်    ကုန်ဈေးနှုန်းတွေ   မိုးထိ မြင့်တက်ခဲ့သလို လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်လာခဲ့ပါတယ်။ 
စီးပွားရေးကုန်ကျစရိတ် သိသာလာ 
ယူကရိန်းကို         ပြန်လည်တည်ဆောက်ဖို့ ဘယ်လောက်ကုန်မလဲလို့ဆိုရင်    ဒီပဋိပက္ခဟာ ဘယ်လောက်ကြာကြာ ဖြစ်နေမလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။  ယူကရိန်းရဲ့ အဓိကအစိတ် အပိုင်းကြီးတွေဟာ   လည်ပတ်လျက်ရှိပါတယ်။ အခြေခံအဆောက်အအုံတွေ     ရှိနေပါတယ်။ ဘဏ်စနစ်တွေလည်း       လည်ပတ်နေပါတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း  ဖွင့်ထားပါတယ်။ ဒါပေမယ့်လည်း တိုင်းတာဖို့အတော်လည်း ခက်နေ ပါတယ်လို့ ဘီတာဂျာဘော်ကစ်က ပြောပါတယ်။ 
ယူကရိန်းကို       ပြန်လည်တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာဘီလီယံ  ၁၀၀ ကို ယူကရိန်း အစိုးရက  ပေးမှာဖြစ်ပါတယ်။   ဒါဟာ  နိုင်ငံမှာ ရှိတဲ့    ပျက်စီးသွားတဲ့   အခြေခံအဆောက်အအုံနဲ့ အဆောက်အအုံတွေရဲ့ ကုန်ကျစရိတ်ဖြစ်ပါတယ်။ ဒါဟာ   နိုင်ငံရဲ့    အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) ရဲ့ သုံးပုံပုံ နှစ်ပုံလောက်ရှိပါတယ်။ 
ယူကရိန်းအစိုးရရဲ့ အဆိုအရ နိုင်ငံအတွင်းမှာ လည်ပတ်နေတဲ့ ကုမ္ပဏီထက်ဝက်လောက်ဟာ ပိတ်ထားရပြီး       တခြားကုမ္ပဏီတွေဟာလည်း ပမာဏလျှော့ချပြီး လုပ်ဆောင်နေရတယ်လို့ သိရပါ တယ်။  ဒါကိုကြည့်မယ်ဆိုရင်  စီးပွားရေးကုန်ကျ စရိတ်ဟာ  သိသာလာတယ်ဆိုတဲ့သဘော  ဖြစ်ပါ တယ်။ 
ခြောက်သန်းအထိရောက်လာနိုင် 
ဒုက္ခသည်အကျပ်အတည်းကို ကြည့်မယ်ဆိုရင် လည်း     ဝမ်းနည်းဖွယ်ကောင်းတဲ့အခြေအနေမှာ ပြည်သူအများအပြားရဲ့   ဘဝတွေ   ဖရိုဖရဲဖြစ်ပြီး နေ့စဉ်စားဝတ်နေရေးလည်း ကျပ်တည်းပြီး အခြေမဲ့ နေကြပါတယ်။   ဒီပဋိပက္ခကိုရှောင်လွှဲဖို့   တစ်နေ ရာရာကို ထွက်ပြေးနေတဲ့သူတွေလည်း ရှိပါတယ်။
သို့သော်လည်း သမိုင်းကြောင်းဆိုင်ရာ အတွေ့ အကြုံတွေအရ   တချို့ဒုက္ခသည်တွေဟာ  သူတို့ ရောက်ရှိရာ အိမ်ရှင်နိုင်ငံတွေမှာ နေထိုင်လျက်ရှိပြီး ကုန်သွယ်ရေးနဲ့  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပေါင်းကူး တံတားတွေအဖြစ်     ချိတ်ဆက်လုပ်ကိုင်နေကြ ပါတယ်။ 
အကယ်၍ ဒီပဋိပက္ခသာ ဆက်လက်ဖြစ်ပွား နေပါက ဒုက္ခသည်အရေအတွက်ဟာ ခြောက်သန်း ကျော်တဲ့အထိ ရောက်လာနိုင်ပါတယ်။ 
ဒီပမာဏဟာ ကြီးမားပြီး မမျှော်မှန်းနိုင်လောက် ပါဘူး။ 
လပေါင်းအတော်ကြာခံစားရဦးမယ် 
ဒီနေ့ ယူကရိန်းပဋိပက္ခကို ရပ်လိုက်မယ်ဆိုရင် တောင်      ဒီပဋိပက္ခရဲ့အကျိုးဆက်က   လပေါင်း အတော်ကြာ ခံစားရဦးမှာဖြစ်ပါတယ်။ ဒါတွေက တစ်ဆင့် ကုန်ဈေးနှုန်းတွေလည်း ပြောင်းလဲနေဦး မှာ ဖြစ်ပါတယ်။ 
လောင်စာဆီဈေးနှုန်း မြင့်တက်လာတာတွေ၊ အစားအသောက်ဈေးနှုန်း မြင့်တက်လာတာတွေ အပါအဝင်    ဒီပဋိပက္ခရဲ့   အကျိုးဆက်တွေကို ဆင်းရဲသားတွေ အများကြီး ထိခိုက်ခံစားရမှာဖြစ် ပါတယ်။     ဒါတွေဟာ   ဆင်းရဲမွဲတွေမှုတွေဖြစ်ဖို့ အကြောင်းတရားတွေဖြစ်လာမှာဖြစ်သလို နိုင်ငံရေး တည်ငြိမ်မှုအတွက် ငြိစွန်းထိခိုက်လာနိုင်ပါတယ်။ 
ကမ္ဘာလုံးဆိုင်ရာ     ဂျုံတင်ပို့မှုမှာ     ရုရှားနဲ့ ယူကရိန်းဟာ ၃၀ ရာခိုင်နှုန်းအထိ တာဝန်ယူထား ရပါတယ်။ ယူကရိန်းလယ်သမားတွေဟာ မနှစ်က ဟာတွေကို  အခုထက်ထိ  မရောင်းရသေးပါဘူး။ ပင်လယ်နက်ထဲမှာရှိတဲ့ ကုန်စည်သယ်ယူပို့ဆောင် ခြင်းတွေလည်း ရပ်နားထားရပါတယ်။ ယူကရိန်း လယ်သမားတွေဟာ နောက်ထပ် သီးနှံအသစ်တွေ လည်း ထပ်မစိုက်နိုင်သေးပါဘူး။ 
ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုတိုးတက်မှုကို အရှိန်တန့်စေ 
ရုရှားနဲ့   ဘီလာရုဇ်ဟာ    မြေသြဇာတွေထဲကို ထည့်တဲ့   အမိုးနီးယားနဲ့    ပိုတက်ရှ် ဓာတုပစ္စည်းတွေ  တင်ပို့ရာမှာ အရေးပါတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ 
ထို့အတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပေါ် သက်ရောက်မှုတွေ    ရှိလာနိုင်သလို     ဥရောပမှာ ဓာတ်ငွေ့ဈေးနှုန်းတွေဟာ မှတ်တမ်းတင်ရလောက် အောင်  မြင့်မားနေမယ်၊  ထို့အတူ  လောင်စာဆီ ဈေးနှုန်းတွေလည်   ကမ္ဘာတစ်ဝန်းလုံးအတိုင်း အတာနဲ့    မြင့်တက်နေမယ်ဆိုရင်    ဒါတွေဟာ ဖောင်းပွမှုတွေကို ဖြစ်စေမှာဖြစ်ပါတယ်။ 
ကမ္ဘာ့စီးပွားရေး      ကျဆင်းနေတဲ့အချိန်မှာ ယူကရိန်းပဋိပက္ခကလည်း     ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင် စွမ်းအင်ဈေးနှုန်းမြင့်တက်မှုတွေဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုကို အရှိန်တန့်စေမှာ ဖြစ်ပါ တယ်။
ကမ္ဘာ့စီးပွားရေးအပေါ် ဆိုးကျိုးတွေသက်ရောက်လာ 
ငွေကြေးဖောင်းပွမှုတွေ    မြင့်တက်လာမယ် ဆိုရင်     ဗဟိုဘဏ်တွေရဲ့    အတိုးနှုန်းတွေလည်း မြင့်တက်လာမှာဖြစ်ပါတယ်။     အဲဒီလိုတွေသာ ဖြစ်လာမယ်ဆိုရင်   ကမ္ဘာ့စီးပွားရေး   ဖွံ့ဖြိုးတိုးတက် မှုကို ပိုမိုဆိုးစေမှာဖြစ်ပါတယ်။
ဒါကြောင့်     ဒီပဋိပက္ခဟာ   ကမ္ဘာ့စီးပွားရေး အပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာမယ်ဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး။  
ကိုးကား - အေအက်ဖ်ပီ