ကမ္ဘာ့ဘဏ်က သီရိလင်္ကာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပေးအပ်မည်

 

 

ကိုလံဘို   မေ   ၃၀
ကမ္ဘာ့ဘဏ်က သီရိလင်္ကာနိုင်ငံကို လာမည့် လအနည်းငယ်အတွင်း ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း   ၇၀၀  ထုတ်ပေးမည်ဖြစ် ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေး ဝန်ကြီးက   မေ   ၃၀   ရက်တွင် ကြေညာခဲ့သည်။
ကမ္ဘာ့ဘဏ်၏    သီရိလင်္ကာ နိုင်ငံဆိုင်ရာ   မန်နေဂျာ   ချီယို  ကန်ဒါ က သီရိလင်္ကာနိုင်ငံခြားရေး ဝန်ကြီး   ဂျီအယ်လ်   ပီရက်စ်နှင့် ဆွေးနွေးပွဲကျင်းပစဉ် အမေရိကန် ဒေါ်လာ သန်း ၇၀၀ ပေးမည်ဖြစ် ကြောင်း ကတိပြုပြောကြားခဲ့သည်။
တွေ့ဆုံစဉ်         နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်    အလှူရှင် နိုင်ငံများမှတစ်ဆင့် ရေရှည်အကူ အညီများ  အကောင်အထည်ပေါ်  လာသည်အထိ  ကမ္ဘာ့ဘဏ်ထံမှ ဝန်ကြီးက အကူအညီတောင်းဆို ခဲ့သည်။
ရေရှည်တည်တံ့သော ဖြေရှင်း နည်းများမတွေ့မချင်း ကမ္ဘာ့ဘဏ် ထံမှ ကာလတိုဘဏ္ဍာရေးအကူ အညီများကို   လိုလားကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး က ပြောသည်။
၎င်း၏ရုံးသည် အာရှဖွံ့ဖြိုးရေး ဘဏ်၊  အာရှအခြေခံအဆောက် အအုံ    ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ကုလသမဂ္ဂရုံးတို့ကဲ့သို့သော အခြား အဖွဲ့အစည်းများနှင့် အလုပ်လုပ် နေကြောင်း ကမ္ဘာ့ဘဏ်မန်နေဂျာ ပြောကြားသည်။
သီရိလင်္ကာနိုင်ငံသည် နိုင်ငံခြား ငွေပြတ်လပ်မှုကို      ဆိုးရွားစွာ ရင်ဆိုင်နေရကြောင်း သိရသည်။ 
ဆင်ဟွာ