ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အမျိုးသမီး  အသက် ၁၁၉ နှစ်တွင် ကွယ်လွန်

 

 

တိုကျို   ဧပြီ   ၂၅ 
ကမ္ဘာ့အသက်အကြီးဆုံးအဖြစ်      တရားဝင်       အသိအမှတ်ပြုခြင်း  ခံရသည့် ဂျပန်အမျိုးသမီး တာနာကာကာနီသည် အသက် ၁၁၉ နှစ် တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ 
တာနာကာသည်   ဧပြီ  ၁၉  ရက်က   ဒေသခံဆေးရုံတစ်ခုတွင် ကွယ်လွန်သွားခဲ့ကြောင်း၊   တာနာကာကာနီသည်    ဖူကူအိုကာ မြို့တော်ရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး   ဂေဟာတစ်ခုတွင် နေထိုင်ခဲ့ကြောင်း ဂျပန်နိုင်ငံအနောက်ပိုင်း    ဖူကူအိုကာစီရင်စုရှိ      အာဏာပိုင်များက ပြောကြားသည်။ 
တာနာကာကို ၁၉၀၃ ခုနှစ် ဇန်နဝါရီလ ၂ ရက်တွင် မွေးဖွားခဲ့ပြီး  အသက်အကြီးဆုံး   နေထိုင်သူအဖြစ်   ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခံခဲ့ ရသည်။    တာနာကာ၏   အကြိုက်ဆုံး     အစားအစာများမှာ ချောကလက်နှင့်     ဆိုဒါအချိုရည်များဖြစ်ကြောင်း       သိရသည်။ ၎င်းသည် အသက် ၁၂၀ တိုင်အောင် ကျန်းမာစွာနေထိုင်ရန် မျှော်လင့် ခဲ့ကြောင်း သတင်းရရှိသည်။                   အင်န်အိတ်ချ်ကေ