ကမ္ဘာ့အမြင့်ဆုံး အလိုအလျောက်မိုးလေဝသစောင့်ကြည့်ရေးစခန်းတစ်ခု တရုတ်သိပ္ပံသုတေသီများ တည်ဆောက်

 

တိဘက်  မေ  ၄


တရုတ်   သိပ္ပံသုတေသီများသည် တရုတ်-နီပေါနယ်စပ်     အမြင့် ၈၈၀၀ မီတာရှိ Qomolangma တောင်ကုန်းပေါ်တွင် ကမ္ဘာ့အမြင့် ဆုံး အလိုအလျောက် မိုးလေဝသ စောင့်ကြည့်ရေးစခန်း  တစ်ခုကို မေ ၄ ရက်တွင် တည်ဆောက်ခဲ့ ကြောင်း သိရသည်။ 
တိဘက်ကုန်းပြင်မြင့် သုတေ သန၏ အဆိုအရ ကမ္ဘာ့အမြင့်ဆုံးမိုးလေဝသစခန်းတစ်ခု   ဖြစ်လာ စေရန် ၂၀၁၉ ခုနှစ်က ဗြိတိန်နှင့် အမေရိကန်     သိပ္ပံပညာရှင်များ တောင်ကုန်း၏    တောင်ဘက် အမြင့်   ၈၄၃၀  မီတာတွင် တည် ဆောက်ခဲ့သော မိုးလေဝသစခန်း ကို အစားထိုးတည်ဆောက်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။ 

 


တိဘက်ကုန်းပြင်မြင့် သုတေ သနမှ သုတေသီတစ်ဦးဖြစ်သူ ဟွာဘေယိုက  စောင့်ကြည့်ထား သော မိုးလေဝသဆိုင်ရာ အချက် အလက်များကို     သိပ္ပံဆိုင်ရာ သုတေသနနှင့်    တောင်တက် လှုပ်ရှားမှုများတွင် ပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း     ပြောကြား သည်။ 

 


Qomolangma တောင်ကုန်း ပေါ်ရှိ ပြီးပြည့်စုံသော သိပ္ပံဆိုင်ရာ လေ့လာမှုအသစ်သည် ကွင်ဟိုင်း-တိဘက်        ကုန်းပြင်မြင့်တွင်     တရုတ်နိုင်ငံ၏   ဒုတိယမြောက်   သိပ္ပံဆိုင်ရာ   သုတေသနစစ်တမ်း ၏  အစိတ်အပိုင်းတစ်ခုဖြစ်သည်။                                                                                                                         
ဆင်ဟွာ