
မောင်ဇော်(ရှေး/သု)
==========
(၃၀-၃-၂၀၂၂ ရက်နေ့မှအဆက်)
( ၇ ) မွန်မြို့တော်ဟောင်းများ (ပဲခူး၊ ဟံသာဝတီ...)(၄-၁၀-၁၉၉၆)၊
( ၈ ) ကုန်းဘောင်ခေတ် သစ်သားဘုန်းတော် ကြီးကျောင်းများ (အုံတုံ၊ စလေ၊ ပခန်း ကြီး၊ ပခန်းငယ်၊ လယ်ကိုင်း၊ စကု၊ ရွှေကျောင်း၊ မန္တလေး...) (၄-၁၀- ၁၉၉၆)၊
( ၉ ) ရွှေတိဂုံစေတီတော် (၆-၁၂-၂၀၁၈)၊
(၁၀) ပုံတောင်ပုံညာဒေသ(၆-၁၂-၂၀၁၈)၊
(ခ) အဆိုပြုသဘာဝအမွေအနှစ်များ
(၁) ခါကာဘိုရာဇီမြေယာရှုခင်း (၂၅-၂- ၂၀၁၄)၊
(၂) တနင်္သာရီ သစ်တောတစ်လျှောက် (၂၅-၂-၂၀၁၄)၊
(၃) အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၅-၂-၂၀၁၄)၊
(၄) နတ်မတောင် အမျိုးသားဥယျာဉ်။
(၅) ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် (၂၅-၂-၂၀၁၄)၊
(၆) ဟူးကောင်းတောင်ကြား တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော(၂၅-၂-၂၀၁၄)၊
(၇) မြိတ်ကျွန်းစု (၂၅-၂-၂၀၁၄)၊
သက်ဆိုင်ရာနိုင်ငံတို့၏ အမွေအနှစ်ဒေသများအား ကမ္ဘာ့အမွေအနှစ်စာရင်း သတ်မှတ်နိုင်ရေးအတွက်
ကွင်းဆင်းစစ်ဆေးလေ့လာဆန်းစစ်ခြင်း
ယဉ်ကျေးမှုအမွေအနှစ်ဒေသများအား နိုင်ငံ တကာအထိမ်းအမှတ် အဆောက်အအုံနှင့် နေရာ ဒေသများကောင်စီ (International Council on Monuments and Site – ICOMOS)က စစ်ဆေးပြီး သဘာဝအမွေအနှစ်များကို နိုင်ငံတကာ သဘာဝ ပြုပြင်ထိန်းသိမ်းရေးသမဂ္ဂ (International Union for Conservation of Nature - IUCN)နှင့် ယဉ်ကျေးမှုနှင့် သဘာဝရောနှောအမွေအနှစ်များကို အဆိုပါနှစ်ဖွဲ့ထဲမှ သင့်တော်ရာအဖွဲ့က ကွင်းဆင်း စစ်ဆေးလေ့လာဆန်းစစ်ခြင်းလုပ်ငန်းကို ဆောင်ရွက် မည်ဖြစ်ပါသည်။
ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာပြီးနောက် ရရှိလာမည့် အကျိုးကျေးဇူးများ
ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်း သတ်မှတ်နိုင်ရေးအတွက် လိုအပ်သော စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းတို့ကို ဆောင်ရွက်ရာတွင် အောက်ပါ ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါ သည်-
v မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအား ကမ္ဘာ က သိရှိလာနိုင်ခြင်း၊
v ပျူမြို့ဟောင်းသုံးမြို့၏ ရှေးဟောင်း အဆောက် အအုံများ ဒြပ်ရှိ၊ ဒြပ်မဲ့အမွေအနှစ်များနှင့် ယဉ်ကျေးမှု သဘာဝပတ်ဝန်းကျင်တို့အား ကမ္ဘာ့အဆင့်မီ ကာကွယ်ထိန်းသိမ်းနိုင်ခြင်း၊
v ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးမှုကြောင့် နိုင်ငံခြားဝင်ငွေပိုမိုရရှိလာခြင်း၊ များပြားလာ သော ပြည်တွင်းခရီးသွားဧည့်သည်များ ကြောင့် ဒေသခံများ ဝင်ငွေပိုမိုရရှိခြင်း၊
v ပျူမြို့ဟောင်းသုံးမြို့ရှိ အမွေအနှစ်များအား ကာကွယ်ထိန်းသိမ်းရန်အတွက် နိုင်ငံတကာ မှ နည်းပညာနှင့် ငွေကြေးအထောက်အပံ့ များ ရရှိလာခြင်း၊
v ဒေသခံပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာခြင်း၊
v ဒေသတွင်းရှိ ရိုးရာလက်မှုပညာများကို ကမ္ဘာ က သိရှိလာနိုင်ခြင်း၊
v ပျူမြို့ဟောင်းသုံးမြို့အား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် စနစ်တကျ စီမံနိုင်ခြင်း၊
v ဥပဒေ၊ နည်းဥပဒေများ အပြောင်းအလဲ နည်းပါးခြင်း၊
v ပျူမြို့ဟောင်းသုံးမြို့၏ တန်ဖိုးအား အဓိပ္ပာယ်ဖော်ဆောင်မှု ပိုမိုအားကောင်းလာ နိုင်ခြင်း၊
v နိုင်ငံတော်အနေဖြင့် ပျူမြို့ဟောင်းသုံးမြို့ သည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ နေရာတစ်ခု ဖြစ်ကြောင်း အမွှမ်းတင်ဂုဏ်ပြုတင်ပြနိုင်ရန် အတွက် အခွင့်အလမ်းရရှိခြင်း၊
v ပျူမြို့ဟောင်းသုံးမြို့အား ပိုမိုထင်ရှားအောင် ပြုလုပ်နိုင်ခြင်း၊ ပိုမိုကောင်းမွန်သော ကာကွယ်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင် ခြင်းအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်များ သည် အမျိုးသားကာကွယ်ထိန်းသိမ်းမှု ဧရိယာ၏ အရေးအကြီးဆုံးသော အမွေအနှစ် များ ဖြစ်လာနိုင်ခြင်း၊
v ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အပေါ် နိုင်ငံတကာက စိတ်ဝင်စားလာခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များအတွက်လည်းကောင်း၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအတွက် လည်း ကောင်း အားပေးလှုံ့ဆော်မှုကိုဖြစ်စေခြင်း၊
v ပုဂ္ဂလိက ငွေကြေးထောက်ပံ့သူများကလည်းကောင်း၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ရန်ပုံငွေအဖွဲ့ကလည်းကောင်း ငွေကြေး အထောက်အပံ့ရရှိရန်အတွက် စည်းရုံးနိုင် သော အခွင့်အလမ်းရရှိနိုင်ခြင်း၊
v အမျိုးသားရေးဆိုင်ရာ ဒေသဆိုင်ရာ ယဉ်ကျေး မှုအမွေအနှစ်များအား ကာကွယ်ထိန်းသိမ်း ရန်အတွက်လည်းကောင်း၊ ပြုပြင်ထိန်းသိမ်း ရန်အတွက် လည်းကောင်း၊ စီမံခန့်ခွဲမှု လုပ်ဆောင်ရန်အတွက် လည်းကောင်း နည်းပညာနှင့် လက်တွေ့လုပ်ဆောင်သည့် အလေ့အထကောင်းများ ရရှိနိုင်ခြင်း၊
v နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်း များနှင့် ဒေသခံများ၏ ပိုမိုကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများရရှိခြင်း၊
v ပျူမြို့ဟောင်းသုံးမြို့၏ ယဉ်ကျေးမှုအမွေ အနှစ်ဆိုင်ရာများအား လေ့လာသုတေသန ပြုလုပ်သည့် ပညာရှင်များ များပြားလာခြင်း၊
v မိမိနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များအား မိမိတို့၏ စည်းမျဉ်း၊ ဥပဒေများဖြင့် အခြား အဖွဲ့အစည်း လွှမ်းမိုးမှုကင်းစွာ ထိန်းသိမ်းနိုင် ခြင်း၊
v ပျူမြို့ဟောင်းသုံးမြို့၏ ဖွံ့ဖြိုးရေးလုပ်ငန်း များအား ကန့်သတ်မှုနည်းစွာဖြင့် ဆောင်ရွက် နိုင်ခြင်း (လမ်း၊ တံတား၊ ဆည်၊ တာဝါတိုင် များ၊ လေယာဉ်ကွင်း စသည့်တည်ဆောက် ရေးများ)၊
v နိုင်ငံတကာအဖွဲ့အစည်းများမှ ဝင်ရောက် စွက်ဖက်မှုကင်းခြင်း၊
v ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် လွတ်လပ်စွာ စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း။
ထုတ်ပြန်ခဲ့သည့်ဥပဒေများ
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့်ဥပဒေများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -
(က) The Ancient Monuments Preservation Act 1904
( ခ ) ၁၉၅၇ ခုနှစ်၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ အက်ဥပဒေ
( ဂ ) ၁၉၆၂ ခုနှစ်၊ ရှေးဟောင်းဝတ္ထုပစ္စည်းများ အက်ဥပဒေကို ပြင်သည့်ဥပဒေ
(ဃ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ (၁၀-၉-၁၉၉၈) (The Protection and Preservation of Cultural Heritage Regions Law)
( င ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (The Law Amending the Protection and Preservation of Cultural Heritage Regions Law) (၂၀-၁-၂၀၀၉)
( စ ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေး နည်းဥပဒေ (The Protection and Preservation of Cultural Heritage Regions Rules) (၈-၈-၂၀၁၁)
(ဆ) ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ (The Protection and Preservation of Ancient Monuments Law) (၂၆-၈-၂၀၁၅)
( ဇ ) ရှေးဟောင်းအဆောက်အအုံများ ကာကွယ် ထိန်းသိမ်းရေး နည်းဥပဒေ (The Protection and Preservation of Ancient Monuments Bylaw) (၃၁-၅-၂၀၁၆)
( ဈ ) ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ (The Protection and Preservation of Ancient Antique Objects Law) (၂၂-၇-၂၀၁၅)
(ည) ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ် ထိန်းသိမ်းရေး နည်းဥပဒေ (The Protection and Preservation of Ancient Antique Objects Bylaw)(၃၁-၅-၂၀၁၆)
( ဋ ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးဥပဒေ (The Protection and Preservation of Cultural Heritage Regions Law) (၂၈-၂-၂၀၁၉)
( ဌ ) ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ် ထိန်းသိမ်းရေးနည်းဥပဒေ (The Protection and Preservation of Cultural Heritage Regions Bylaw) (၂၃-၁၀-၂၀၂၀)
P စာမျက်နှာ ၁၀ မှ
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များအား
ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်း
မြန်မာနိုင်ငံသည် သမိုင်းကြောင်းရှည်လျား စွာတည်ရှိခဲ့ခြင်း၊ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မား ခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအမွေ အနှစ်များ ကြွယ်ဝစွာ တည်ရှိနေခြင်းတို့ကြောင့် ကမ္ဘာ့အလယ်တွင် ထင်ရှားသောနိုင်ငံတစ်ခုဖြစ်ပါ သည်။ သို့သော် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်နိုင်ရေး အတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသော်လည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံ ရခြင်းမရှိသေးပါ။
ထို့ကြောင့် ပျူရှေးဟောင်းမြို့များ ကြီးကြပ် ညှိနှိုင်းရေးကော်မတီ (PYU Cities Coordination Committee)၏ ကြီးကြပ်မှုဖြင့် ပျူမြို့ဟောင်းသုံးမြို့ တွင် မြို့တစ်မြို့ချင်းအလိုက် ပျူရှေးဟောင်းမြို့ များ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ(PYUCOM)၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်း ခဲ့ပါသည်။
အဆိုပြုစာတွဲ တင်သွင်းခြင်း
ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများအား ကမ္ဘာ့ အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် တင်ပြချက် စာတွဲ (မူကြမ်း) Nomination Dossier (Draft)ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့အမွေအနှစ် ဗဟိုသို့ ပေးပို့တင်ပြခဲ့ပြီး Nomination Dossier (Complete)ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့အမွေအနှစ်ဗဟိုသို့ ပေးပို့တင်ပြခဲ့ပါ
သည်။
ICOMOS မှ Expert Dr.Susan စစ်ဆေးခဲ့မှုများ
ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ICOMOS မှ Expert Dr.Susan သည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ လာရောက်ပြီး ဗိဿနိုးမြို့ဟောင်း၊ သရေခေတ္တရာ မြို့ဟောင်းနှင့် ဟန်လင်းမြို့ဟောင်းကိုလည်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ICOMOS မှ Expert Dr.Susan က လာရောက် စစ်ဆေးခဲ့ပါသည်။ ICOMOS မှ ကျွမ်းကျင် ပညာရှင်၏ စစ်ဆေးချက်များ၊ ကမ္ဘာ့အမွေအနှစ် အကြံပေးအဖွဲ့ဝင်များ၏ အဆိုပြုချက်များအပေါ် တွင် မူတည်၍ ၂၀၁၄ခုနှစ် ဇွန်လအတွင်း ကာတာ နိုင်ငံတွင် ကျင်းပမည့် (၃၈)ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ် ကော်မတီအစည်းအဝေးတွင် ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ် စာရင်း ဝင် ဖြစ်ရေးအတွက် အဆုံးအဖြတ်ပေးမည်ဖြစ်ပါ သည်။
ICOMOS မှ Expert Dr. Susan က
ပျူမြို့ဟောင်းသုံးမြို့နှင့်ပတ်သက်၍ အောက်ပါ အချက်များအပေါ်မူတည်ပြီး စစ်ဆေးခဲ့ပါ သည် -
(က) အစစ်အမှန်ဖြစ်ခြင်း(Authenticity) ၊
(ခ) ပြည့်စုံမှုရှိခြင်းနှင့် နဂိုမူရင်းအတိုင်းကျန်ရှိနေခြင်း(Integrity)၊
(ဂ) အဆိုပြုတင်ပြထားသော ယဉ်ကျေးမှု အမွေအနှစ် နယ်နိမိတ်အတိုင်းအတာ တိကျ သေချာမှုရှိခြင်း(Boundry)၊
(ဃ) ယဉ်ကျေးမှုအမွေအနှစ်/နေရာထိန်းသိမ်းမှု၊ ကာကွယ်ထားရှိမှုနှင့် ထိရောက်မှုရှိခြင်း (Factor Effecting the Property)၊
(င) ယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းနည်းစနစ် (Management Plan)တို့ကို စစ်ဆေးခဲ့ပါသည်။ ပြန်လည်သုံးသပ်သည့်အစည်းအဝေးများ
ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ICOMOS မှ ကျွမ်းကျင် ပညာရှင်သည် သရေခေတ္တရာမြို့ဟောင်း၊ ဗိဿနိုး မြို့ဟောင်းနှင့် ဟန်လင်းမြို့ဟောင်းများသို့ လာရောက်စစ်ဆေးသည့် ခရီးစဉ်များအပေါ် ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ၇-၁-၂၀၁၄ ရက်နေ့တွင်တစ်ကြိမ်၊ ၅-၂-၂၀၁၄ ရက်နေ့ တွင်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ်တိုင်တိုင် ပြုလုပ် ခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့
38th Session of the World Heritage
Committee (Doha 2014) တက်ရောက်ခြင်း
အမွေအနှစ်စာရင်း တင်သွင်းထားသည့် ပျူမြို့ဟောင်းများ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ် သင့်/မသင့် ကို (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေး 38th Session of the World Heritage Committee(Doha 2014) တွင် ဆုံးဖြတ်မည်ဖြစ်ရာ ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင် ဦးဆောင်သည့် ပြည်တွင်း/ပြည်ပ ပညာရှင်များ ဆက်စပ်ဝန်ကြီး ဌာနများမှ ပညာရှင်များ၊ ပျူမြို့ဟောင်းသုံးမြို့မှ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်များပါဝင်သည့် ၁၅ ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ကာတာနိုင်ငံ ဒိုဟာမြို့၌ ၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက် နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပမည့် (၃၈)ကြိမ် မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအစည်းအဝေး 38th Session of the World Heritage Committee (Doha 2014) သို့ တက်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံ၏ ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ် အဖွဲ့ဝင် နိုင်ငံ ၂၁ နိုင်ငံ၏ အဆိုပြုထောက်ခံမှုများအရ မြန်မာနိုင်ငံ၏ ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့ အမွေအနှစ်အဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ တွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက 38 COM 8B.28 ဖြင့် အတည်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ကမ္ဘာ့အမွေအနှစ် အထိန်းအမှတ် Logo စိုက်ထူပွဲအခမ်းအနားကျင်းပခြင်း
ပျူမြို့ဟောင်းသုံးမြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် ဆောင်ရွက်ရာတွင် ပျူမြို့ဟောင်းများ တည်ရှိရာဒေသအတွင်း နေထိုင် ကြသည့် ယဉ်ကျေးမှုနှင့်သမိုင်းကို ချစ်မြတ်နိုးသော ပြည်သူများဖြင့် ဖွဲ့စည်းထားသည့် သရေခေတ္တရာ အမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့၊ ရွှေဘုန်းပွင့် ပိဋကတ်စာကြည့်တိုက်နှင့် ယဉ်ကျေးမှုပြတိုက်၊ ဗိဿနိုးယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ နှင့် ဟန်လင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံတွင် ပျူမြို့ဟောင်းသုံးမြို့ကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အဖြစ် အတည်ပြုသတ်မှတ်ပြီးဖြစ်သည့်အတွက် ကမ္ဘာ့အမွေအနှစ် အထိမ်းအမှတ် Logo စိုက်ထူခြင်း အားဖြင့် ပျူမြို့ဟောင်းသုံးမြို့ကို လာရောက်ကြ သည့် ပြည်တွင်း၊ ပြည်ပဧည့်သည်များလည်း ဤ Logo ကိုတွေ့သည်နှင့် ဤဒေသသည် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည့် နေရာဆိုသည်ကို အလိုလိုသိပြီးဖြစ်သည့်အတွက် မဖြစ်မနေ လေ့လာကြည့်ရှုရမည့် နေရာဆိုသည်ကို သူတို့လက်ခံပြီး လေ့လာနိုင်စေရန်အတွက် ကမ္ဘာ့ အမွေအနှစ်အထိမ်းအမှတ် Logo စိုက်ထူပွဲ အခမ်း အနားကို ၈-၁၂-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် သရေခေတ္တရာမြို့ဟောင်းနှင့် ညနေပိုင်းတွင် ဗိဿနိုးမြို့ဟောင်းတွင်လည်းကောင်း၊ ၉-၁၂-၂၀၁၄ ရက်နေ့ ညနေပိုင်းတွင် ဟန်လင်းမြို့ဟောင်း တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒေသခံပြည်သူများ လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်မှုအတွက်
ဆောင်ရွက်ခဲ့သည့်သင်တန်းများ
ပျူမြို့ဟောင်းသုံးမြို့ဖြစ်သော ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများတွင် ဒေသခံ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အောက်ပါသင်တန်းများကို ဖွင့်လှစ်ပေး ခဲ့ပါသည် -
(က) ဟန်လင်းမြို့ဟောင်း
(၁) ဂျုံရိုးဦးထုပ် ရက်လုပ်ခြင်းသင်တန်းကို ဟန်လင်းစံပြကျေးရွာတွင် ၂၃-၉-၂၀၁၅ မှ ၂၆-၁၀-၂၀၁၅ ရက်အထိ ဖွင့်လှစ်နိုင် ခဲ့ပြီး သင်တန်းသား ၃၅ ဦး တက်ရောက်ခဲ့ ပါသည်။
(ခ) ဗိဿနိုးမြို့ဟောင်း
(၁) ကွန်ပျူတာအခြေခံသင်တန်းကို ကုက္ကိုလ် ခွကျေးရွာတွင် ၂-၁-၂၀၁၅ မှ ၅-၂-၂၀၁၅ ရက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်း သား ၃၂ ဦး တက်ရောက်ခဲ့ပါသည်။
(၂) ဝါးဖြင့်ပြုလုပ်သည့် အခြေခံလက်မှုထည် သင်တန်းကို ကုက္ကိုလ်ခွကျေးရွာတွင် ၅-၈-၂၀၁၅ မှ ၁၄-၈-၂၀၁၅ ရက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ပါသည်။
(၃) ဆိုင်ကယ်ပြင်သင်တန်းကို လက်ပံရှည် ကျေးရွာတွင် ၂၈-၈-၂၀၁၅ မှ ၆-၉-၂၀၁၅ ရက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်း သား ၂၅ ဦးတက်ရောက်ခဲ့ပါသည်။
(၄) စက်ချုပ်သင်တန်းကို ကြက်ဆူတော ကျေးရွာတွင် ၁-၁၀-၂၀၁၅ မှ ၃၀-၁၀-၂၀၁၅ ရက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၄၃ ဦး တက်ရောက်ခဲ့ပါ သည်။
(ဂ) သရေခေတ္တရာမြို့ဟောင်း
(၁) ပျူမြို့ဟောင်းများ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ ပညာရှင်များ ပူးပေါင်း၍ လက်မှုလုပ်ငန်းနှင့် ပတ်သက် သော အတတ်ပညာများကို ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)တွင် ၂၇-၇-၂၀၁၅ မှ ၃၀-၇-၂၀၁၅ ရက်အထိ စာတွေ့/လက်တွေ့ သင်တန်း ပို့ချခဲ့ပြီး သင်တန်းသား ၄၃ ဦး တက်ရောက်ခဲ့ပါသည်။
(၂) ပန်းရန်လက်သမား ကျွမ်းကျင်မှုသင်တန်း ကို မုဋ္ဌောကျေးရွာ လယ်ပြင်ကျောင်းတိုက် တွင် ပြည်စက်မှုတက္ကသိုလ်မှ သင်တန်းနည်းပြဆရာများက ၂၆-၁၀-၂၀၁၅ မှ ၆-၁၁-၂၀၁၅ ရက်အထိ သင်တန်းဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းသား ၃၀ တက်ရောက်ခဲ့ပါသည်။
ဆောင်ရွက်ခဲ့သည့်ကိစ္စများ
ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသများနှင့် ပတ်သက်၍ ကမ္ဘာ့အမွေအနှစ် ဒေသများဆိုင်ရာ သဘောတူညီချက် (World Heritage Convention, 1972) ၏ လုပ်ငန်းလမ်းညွှန်ချက် (Operational Guideline ) အရ သက်ဆိုင်ရာနိုင်ငံအစိုးရမှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာ၊ ဒေသတို့အား ထိန်းသိမ်းမှုအခြေအနေအစီရင်ခံစာ (State of Conservation Report)ကို ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံ၏ ဆုံးဖြတ်ချက်နှင့်အညီ အောက်ပါအတိုင်း ပြန်လည်တင်ပြအစီရင်ခံခဲ့ပါ သည် -
(က) ၂၀၁၄ ခုနှစ် (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ်ကော်မတီ ညီလာခံအစည်းအဝေး၏ ဆုံးဖြတ်ချက်အမှတ်- 38 COM 8B.28 အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် “ State of Conservation Report, 2015, Myanmar : Report to Decision of the World Heritage Committee ; Decision 38 COM 8B . 28, World Heritage Pyu Ancient Cities, (C1444)” ပထမအကြိမ် တင်ပြအစီရင်ခံခဲ့ ခြင်း၊
(ခ) ၂၀၁၆ ခုနှစ် (၄၀) ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ် ကော်မတီ ညီလာခံအစည်းအဝေး၏ ဆုံးဖြတ်ချက်အမှတ် - 40 COM 7B . 40 အရ ၂၀၁၇ - ခုနှစ်၊ (ဒီဇင်ဘာ/ ဇန်နဝါရီ)လတွင် “State of Conservation Report, 2017. Myanmar: Response of the Decision of the World Heritage Committee ; Decision 40 COM 7B . 40, World Heritage Pyu Ancient Cities, (C1444)” ဒုတိယအကြိမ် တင်ပြအစီရင်ခံခဲ့ခြင်း၊
(ဂ) ၂၀၁၈ ခုနှစ် ဘာရိန်းနိုင်ငံ မနာမာမြို့၌ ကျင်းပခဲ့သော (၄၂) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေး မှ ဆုံးဖြတ်ချက် အမှတ်- 42 COM 7B.11 အရ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် “State of Conservation Report, 2019. Myanmar: Report to response ot the Decision of the World Heritage Committee ; Decision 42 COM 7B . 11, World Heritage Pyu Ancient Cities, (C1444)”၏ Soft Copy (Digital Version) ကို ကမ္ဘာ့အမွေနှစ်ဗဟိုသို့ တတိယအကြိမ် တင်ပြအစီရင်ခံခဲ့ပါသည်။
နိဂုံး
ပျူမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်အဖြစ် သတ်မှတ်ခြင်းခံရသည့်အတွက် မြန်မာ နိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ပိုမိုတိုးတက် တင့်တယ်စေနိုင်မည်ဖြစ်ပါသည်။ မိမိတို့၏ သမိုင်း ကြောင်းရှည်လျားပြီး အဆင့်အတန်းမြင့်မားသည့် အမျိုးသားရေးလက္ခဏာဖြစ်သော ယဉ်ကျေးမှုအမွေ အနှစ်များသည် မြန်မာလူမျိုးများသာမက ကမ္ဘာ အရပ်ရပ်မှပင် သိရှိစေနိုင်မည်ဖြစ်ပါသည်။ သို့မှသာ နိုင်ငံတကာမှ ယဉ်ကျေးမှုအခြေခံ ခရီးသွား ဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေခြင်းဖြင့် ဒေသခံများသည် အသိအမြင်များကျယ်ပြန့်၍ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်ပြီး ဒေသလည်း ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေကိုလည်း ပိုမိုတိုးတက်ရရှိစေနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်၍ ပျူမြို့ဟောင်းသုံးမြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) မှာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်မှသည် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ အခြားသော ယဉ်ကျေးမှုအမွေအနှစ်များ ထာဝစဉ်တည်တံ့ခိုင်မြဲ စေရေး၊ ပျူမြို့ဟောင်းသုံးမြို့ (ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ) နည်းတူ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် အခြား သော ယဉ်ကျေးမှုအမွေအနှစ်များသည်လည်း ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ရေးအတွက် တစ်မျိုးသား လုံးက ဂုဏ်ယူဝင့်ကြွားစွာထိန်းသိမ်းကြရမည် ဖြစ်ပါသည်။ ။
n
- Log in to post comments