ကမ္ဘာ့အဆင့် -၂ လျှပ်စစ်ကားထုတ်လုပ်သည့် ကားကုမ္ပဏီ ဂျပန်နိုင်ငံ၌ လျှပ်စစ်ကားများ စတင်ထုတ်လုပ်

 

တိုကျို  ဇန်နဝါရီ   ၃၁ 


ကမ္ဘာ့အဆင့်-၂    လျှပ်စစ်ကား ထုတ်လုပ်သည့်  ကားကုမ္ပဏီသည် ဂျပန်နိုင်ငံတွင် လျှပ်စစ်ကားများ ကို   စတင်ထုတ်လုပ်လိုက်ပြီဖြစ် သည်။ 

 


တရုတ်နိုင်ငံ၏   ဘီဝိုင်ဒီကား ကုမ္ပဏီသည်  ၎င်း၏   အီးဗီကား များကို   နိုင်ငံနှင့်ဒေသပေါင်း ၇၀ တွင် စတင်ရောင်းချလျက်ရှိသည်။ 

 


ဘီဝိုင်ဒီ   ကားကုမ္ပဏီသည် လျှပ်စစ်ဇိမ်ခံကားအမျိုးအစားဖြစ် သည့်  အက်စ်ယူဗွီ၊   သည်အက် တို-၃ တို့ကို ဂျပန်ကားဈေးကွက် သို့  ဇန်နဝါရီ  ၃၁  ရက်က  စတင် မိတ်ဆက်ခဲ့သည်။ 

 


အဆိုပါ    လျှပ်စစ်ကားများ သည် တစ်ခါအားသွင်းရုံဖြင့် ကီလို မီတာ ၄၈၀ အထိမောင်းနှင်နိုင်မည် ဖြစ်သည်။   ထို့ပြင်    ဘေးကင်း လုံခြုံရေးအစိတ်အပိုင်းများလည်း တပ်ဆင်ထားသည်။ 

 


အဆိုပါကားတစ်စီးကို  ယန်း ၄   ဒသမ  ၄  သန်း    (အမေရိကန် ဒေါ်လာ ၃၄၀၀၀)  ဖြင့်   ရောင်းချ သွားမည်ဖြစ်သည်။  ဂျပန်နိုင်ငံ၌   ထုတ်လုပ်သော  တခြားလျှပ်စစ် ကားများထက်   ဒေါ်လာ  ၈၀၀၀ သက်သာမည်ဖြစ်ကြောင်း  သိရ သည်။            

 အင်န်အိတ်ချ်ကေ