
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များနှင့်အတူ ယနေ့ နံနက် ၆ နာရီခွဲတွင် ကမာရွတ်မြို့နယ် ဟံသာဝတီအဝိုင်းအနီး ဦးဝိစာရ လမ်းအရှေ့ဘက်ခြမ်း အုတ်ရေမြောင်းအား ကြည့်ရှု စစ်ဆေး၍ မြောင်းတစ်လျှောက် အမှိုက်နှင့် မြေကြီး များ တူးဖော်ရှင်းလင်းရန်၊ ရေစီးရေလာကောင်းမွန် စေရေးအတွက် ဇော်ဂျီလမ်းနှင့် ပန်းဝါလမ်းအကြား အုတ်ရေမြောင်းပြုလုပ်ရန်နှင့် အုတ်ရေမြောင်းနှင့် လူသွားစင်္ကြံအကြား မြေညှိမြက်စိုက်၍ မြေယာရှုခင်း ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ကမာ ရွတ်မြို့နယ် ဗဟိုလမ်းရှိ နာနတ်တောစည်ပင်သာယာ ရဲတပ်ဖွဲ့လိုင်းခန်း၌ ကုန်စိမ်းများ၊ မီးဖိုချောင်သုံး ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုး တို့အား ရွေ့လျားဈေးကား (Mobile Market) စနစ် ဖြင့် ရောင်းချပေးနေမှုများကို လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ် သရက်တောတောင်ရပ်ကွက် နှင့် ကမာရွတ်မြို့နယ် (၅)ရပ်ကွက်အကြား ဟံသာ ဝတီလမ်း မြစ်ထွက်ပေါက် ဟံသာဝတီလမ်း ဝဲ/ယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရန် အမှိုက်များ၊ မြောင်းချေးများ၊ သဲမြေများနှင့် ကျောက်ခဲ များ ဆယ်ယူရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မြောင်းတစ်လျှောက် သန့်ရှင်းသာယာရေးနှင့် စင်္ကြံလမ်းပခုံးများ ခိုင်မာ စေရေး ပြုလုပ်ဆောင်ရွက်ရန်၊ လမ်းတစ်လျှောက် လမ်းနှင့်မလွတ်ကင်းသည့် အဖီအစွယ်များ ဖယ်ရှား ရှင်းလင်းရန်တို့ကို မှာကြားသည်။
သတင်းစဉ်