ကမာရွတ်မြို့နယ်၌ အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွား

ရန်ကုန် သြဂုတ် ၁၈ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ် အမှတ်(၉) ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန် တက္ကသိုလ် ဓာတုဗေဒဌာန၊ Lab အခန်းဖြစ်​သော CE-3 ခန်းမ၌ လွန်ခဲ့​သော သုံးရက်ခန့်က လက်​တွေ့ခန်းတွင် အသုံးပြုရန် ခွဲတမ်းရရှိထားသည့် အလူမီနီယံ ဆာလဖိတ်ဓာတ်ပြုပြီး ဓာတ်​ငွေ့ ယိုစိမ့်မှုတစ်ခု ယနေ့ညနေ ၆ နာရီ မိနစ် ၄၀ ခန့်က ဖြစ်ပွား ခဲ့သည်။ ထိုသို့ အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် မြို့နယ်မီးသတ် တပ်ဖွဲ့များနှင့် ပရဟိတအသင်း များက ကူညီရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေး သည်။ အခင်းဖြစ်ရာနေရာသို့ ကမာ ရွတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ကျောက်တံတားမြို့နယ် မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ စမ်းချောင်းမြို့နယ် မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲဌာန ချုပ်မှ ရှာဖွေကယ်ဆယ်ရေး ယာဉ်တစ်စီး၊ Ventilator မီးသတ် ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်း များ ဆောင်ရွက်ကြောင်းနှင့် လူထိခိုက်မှုမရှိ​ကြောင်း သိရ သည်။ စိမ်းလဲ့(ပြန်/ဆက်)