
ရန်ကုန် အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးသည် တိုင်းဒေသကြီးအဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ တိုင်း ဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်း၊ တိုင်း ပညာရေးမှူး ဒေါက်တာဒေါ်နှင်းကြည်၊ ခရိုင်စီမံ အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက ကမာရွတ်မြို့နယ်အတွင်းရှိ မြို့နယ် အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
နှာခေါင်းစည်းများဖြန့်ဝေ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသည့် ဆေးထိုး စုရပ်တွင် အသက် ၁၂ နှစ်နှင့် အထက်အခြေခံပညာ အထက် တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား ကျောင်းသူများ ကို ရင်းရင်းနှီးနှီး အားပေးစကားပြောကြား၍ နှာခေါင်းစည်းများဖြန့်ဝေပေးကာ တာဝန်ရှိသူများ အား လိုအပ်သည်များ မှာကြားသည်။
ကမာရွတ်မြို့နယ်တွင် အခြေခံပညာကျောင်းနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၁၁ ကျောင်းတို့မှ အထက် တန်းအဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းတို့ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် အသက် ၁၂ နှစ် နှင့်အထက် အထက်တန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၄၉၉ ဦး အား ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ယနေ့ ကျောင်းသား ကျောင်းသူ ၇၀ အား ထိုးနှံပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)