ကလေးတွေနဲ့ ကလေးမိခင်တွေကို ကိုဗစ်-၁၉ ကပ်ရောဂါက ကာကွယ်ကြမယ်

 

လင်းဟန်သစ်

 

လွန်ခဲ့တဲ့နှစ်က ဝမ်းနည်းဖွယ်ကောင်း‌သော အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေသေဆုံးမှုဟာ ဂျပန်အာဏာပိုင်တွေအတွက် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း    ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ပတ်သက်ပြီး ချဉ်းကပ်ကိုင်တွယ်မှုအပေါ် ပြန်လည်စဉ်းစားစရာဖြစ် စေခဲ့ပါတယ်။

 


ဆေးဘက်ဆိုင်ရာအထူးစောင့်ရှောက်မှုတွေပေး  


ကလေးရတော့မယ့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို ကာကွယ် ဆေးထိုးဖို့အတွက် ဦးစားပေးဆောင်ရွက်ထားပါတယ်။ တချို့မြို့ တွေမှာဆိုရင် သူတို့ကို ဆေးဘက်ဆိုင်ရာအထူးစောင့်ရှောက်မှုတွေနဲ့ ဝန်ဆောင်မှုတွေ ပေးထားပါတယ်။
ကိုယ်ဝန်ဆောင်  ရှစ်လမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးအတွက်  ဆေးရုံမှာ  ခုတင်မပေးနိုင်တော့တာကို ကျန်းမာရေးအာဏာပိုင်တွေ  မျက်ဝါးထင်ထင်တွေ့မြင်ပြီးနောက် မှာ  အခုလို  ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု     အစီအစဉ်တွေကို ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ဇာတိဖြစ်တဲ့ တိုကျို အနီး ချီဘာခရိုင်မှာရှိတဲ့  သူ့ရဲ့အိမ်မှာပဲ   ကလေးမွေးခဲ့ရပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ   ကလေးဟာသေဆုံးခဲ့ပါတယ်။

 


ကာကွယ်ဆေးထိုးဖို့လုပ်ဆောင်လာ 


အဲဒီအချိန်မှာ   ဂျပန်နိုင်ငံတစ်ဝန်းမှာလည်း  ဒယ်လ်တာကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတဲ့အခြေအနေနဲ့ ရင်ဆိုင် နေရတဲ့အချိန်ဖြစ်ပါတယ်။   အဲဒီနောက်မှာတော့  အစိုးရအဖွဲ့ အတွင်းရေးမှူး ကာတိုကက်ဆုနိုဘူက ဒေသအစိုးရတွေကို ရောဂါ ကူးစက်ခံထားရတဲ့ ကိုယ်ဝန်သည်အမျိုးသမီး ကလေးအမေလောင်း တွေကို   ပိုပြီးကောင်းမွန်တဲ့   ကျန်းမာရေးစောင့်ရှောက်မှုတွေရဖို့ တိုက်တွန်းခဲ့ပါတယ်။
ကိုယ်ဝန်သည်အမျိုးသမီးတွေ    ကာကွယ်ဆေးထိုးဖို့အတွက် ဦးစားပေးဆောင်ရွက်ခဲ့တာဟာ ဂျပန်အစိုးရရဲ့ ပထမဆုံး ပြောင်းလဲမှု ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ကိုယ်ဝန်သည်တွေအတွက် စိတ်ချရတယ်လို့ သို့မဟုတ် ကိုယ်ဝန်သည်တွေ ထိုးလို့ရတယ်ဆိုတဲ့ စမ်းသပ်မှုတွေကို လေ့လာခဲ့ပြီးနောက် သြဂုတ်လနှောင်းပိုင်းမှာ ဒီလိုမျိုး ကာကွယ်ဆေးထိုးဖို့ ဆောင်ရွက်ချက်ကို  စတင်ခဲ့တာဖြစ်ပါ တယ်။

 


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းက ကိုယ်ဝန်ဆောင်အမျိုးသမီး တွေကို ကိုဗစ်-၁၉ ရန်က ကာကွယ်ပေး 


ကိုယ်ဝန်ဆောင်ကာလမှာ    ကိုဗစ်-၁၉    ကူးစက်ခံထားရတဲ့  အမျိုးသမီးတွေဟာ  လမစေ့ဘဲ အန္တရာယ်ရှိတဲ့ ကလေးမွေးဖွားမှုပုံစံတွေ နဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ ဆေးဘက်ဆိုင်ရာ သက်သေအထောက် အထားတွေပေါ်ထွက်လာပါတယ်။ 
ဂျပန်နိုင်ငံအနောက်ပိုင်း   အိုကာယာမာခရိုင်ရဲ့  သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ     အဲဒီလိုမျိုး    ကိုယ်ဝန်ဆောင်အမျိုးသမီး  ကျန်းမာရေးစောင့်ရှောက်မှုတွေကို     လုပ်ဆောင်ပေးသူများအကြား   ပထမဆုံး လုပ်ဆောင်ပေးသူတွေဖြစ်လာပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဟာ ကိုယ်ဝန်သည်အမျိုးသမီး တွေအတွက်   ကိုရိုနာဗိုင်းရပ်စ်ရန်က   အဓိကကျတဲ့ကာကွယ်မှု ဖြစ်တယ်လို့  အုပ်ချုပ်ရေးမှူး  အီဘရာဂီယုတာက  ပြောပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ဘယ်ကာလမဆို ကိုယ်ဝန်သည်အမျိုးသမီး တိုင်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းနှိုးဆော်မှုတွေကို ယုံကြည်ချက်ရှိရှိနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။ 

 


စိုးရိမ်စိတ်တွေလျော့နည်းလာခဲ့ 


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခံပြီးတဲ့နောက်မှာ သူ့အနေနဲ့ စိုးရိမ် စိတ်တွေလျော့နည်းလာခဲ့တယ်လို့ လစေ့နေတဲ့ ကိုယ်ဝန်သည်တစ်ဦး က ပြောပါတယ်။ သြဂုတ်လက ကလေးသေတယ်ဆိုတဲ့ သတင်းကြား လိုက်တဲ့အချိန်မှာ သူ့အနေနဲ့ အတော်လေးစိတ်ပူခဲ့တယ်လို့ သူက ပြောပါတယ်။ ပြီးတော့လည်း ကာကွယ်ဆေးကြောင့် ဆိုးကျိုးတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်မိတယ်။ သို့သော်လည်း ကလေးမမွေးခင် တော့ ထိုးလိုက်ပါတယ်။
ခရိုင်အစိုးရတွေဟာ အခုတော့ ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ် ဆေးတွေထိုးဖို့  ကမ်းလှမ်းထားပါတယ်။ လွန်ခဲ့တဲ့   ခြောက်လက ကိုဗစ်-၁၉ ဒုတိယအကြိမ်ထိုးနှံမှုခံယူခဲ့ပြီးတဲ့ သူတွေအနေနဲ့ တတိယ  အကြိမ်  ကိုဗစ်-၁၉ အပိုဆောင်း ကာကွယ်ဆေးထိုးနှံမှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုမှာ သတ်မှတ်အချိန် ကာလမပြည့်မီတဲ့သူတွေလည်း ပါဝင်ကြပါတယ်။ သတ်မှတ်ချိန် ရောက်လာတဲ့သူတွေကိုလည်း ကိုဗစ်-၁၉ အပိုဆောင်းကာကွယ်ဆေး ထိုးနှံဖို့   တိုက်တွန်းနှိုးဆော်မှုတွေ  လုပ်သွားမယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

 


ဆေးရုံချက်ချင်းတင်နိုင်တော့မယ် 


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းဟာ ကိုဗစ်-၁၉ ကို အပြည့်အဝ မကာကွယ်ပေးနိုင်တဲ့အခြေအနေမှာ တချို့ကိုယ်ဝန်သည်တွေလည်း ကိုဗစ်-၁၉ ကူးစက်ကြပါတယ်။ အကယ်၍ အရေးပေါ်အခြေအနေ ရောက်လာခဲ့မယ်ဆိုရင် သူတို့အတွက် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု တွေအဆင်သင့်ဖြစ်အောင်လုပ်ဆောင်ထားတယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။
ဇန်နဝါရီလကုန်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃၀ ကျော်ကို ဆေးဘက်ဆိုင်ရာ  လိုအပ်ချက်တွေကို  တိုင်းတာနိုင်ဖို့အတွက်   လိုရ မယ်ရ ပစ္စည်းလေးတွေ ထုတ်ပေးထားပါတယ်။ သတင်းအချက်အလက် တွေကို ဝေမျှနိုင်ဖို့အတွက်လည်း ကွန်ရက်တစ်ခုကိုလည်း ဖန်တီးပေး ထားပါတယ်။  အခုဆိုရင်  ကိုယ်ဝန်သည်   အမျိုးသမီးတွေအတွက် ဆေးရုံတွေအများကြီးကို ခုတင် ရှိ မရှိ တစ်ပြိုင်နက် စစ်ဆေးနိုင်တော့ မှာဖြစ်ပါတယ်။ လိုအပ်ပါက ဆေးရုံကို ချက်ချင်းတင်နိုင်တော့မှာဖြစ် ပါတယ်။

 


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အကောင်းဆုံးလုပ်ဆောင်ကြမယ်  


အခုလိုလုပ်ဆောင်မှုတွေဟာ ကိုယ်ဝန်သည်အမျိုးသမီးတွေ အတွက် လိုအပ်တဲ့အကူအညီတွေကို ချက်ချင်းကူညီပေးနိုင်ပါတယ်။ မွေးကင်းစကလေးစောင့်ရှောက်ရေး   အထူးကြပ်မတ်ကုသဆောင် (အင်န်အိုင်စီယူ) ဟာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။  ကိုဗစ်-၁၉ မဖြစ်ခင်ကတောင် အခက် အခဲတွေရှိနေတတ်တာဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ဖြစ်ပွားချိန်နဲ့ပါဆိုရင် အင်န်အိုင်စီယူမှာ        နေရာတစ်ခုရဖို့ရာ      မလွယ်ကူလှပါဘူး။ ဆေးဝန်ထမ်းတွေအနေနဲ့ အချိန်မတိုင်ခင် ကလေးမွေးဖွားမှု သို့မဟုတ် ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့  မိခင်တွေရဲ့ ကလေးမွေးဖွားမှုတွေ အတွက်    အကောင်းဆုံးပြင်ဆင်မှုတွေ  လုပ်ဆောင်ထားပါတယ်။  ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ကတော့ ၂၀၁၈ ခုနှစ်က ဂျပန် နိုင်ငံဟာ ကလေးမွေးဖွားဖို့ အကောင်းဆုံးနေရာဖြစ်ခဲ့တယ်လို့ ဖော်ပြ ခဲ့ပါတယ်။ သို့သော်လည်း ဒါဟာ အခုအချိန်မှာတော့ လက်တွေ့အခြေ အနေနဲ့  ချိန်ညှိလေ့လာရဦးမှာ  ဖြစ်ပါတယ်။   ဂျပန်နိုင်ငံတစ်ဝန်း အိုမီခရွန်ကူးစက်ဖြစ်ပွားမှု မြင့်တက်နေတဲ့အချိန်မှာ ဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားနေသူအများစုဟာ    နေအိမ်မှာပဲ     သီးသန့်ကန့်သတ် စောင့်ကြည့်မှုခံယူလာကြပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ်ဝန်သည် အမျိုးသမီးတွေကိုကာကွယ်ဖို့ အကောင်းဆုံးလုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်။ 


ကိုးကား-အင်န်အိတ်ချ်ကေ