
ဂါဇာ ဇွန် ၈
ဂါဇာကမ်းမြောင်တွင် ကလေး သူငယ်သေဆုံးမှု မြင့်တက်လာ သည့်အတွက် ကလေးသူငယ်များ အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ကျူးလွန်သည့် ကမ္ဘာ့ နိုင်ငံများစာရင်းတွင် အစ္စရေး နိုင်ငံကို ထည့်သွင်းလိုက်ကြောင်း ကုလသမဂ္ဂက ပြောသည်။
အစ္စရေးနိုင်ငံကို ကလေး သူငယ်များ အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်ကျူးလွန် သည့် ကမ္ဘာ့နိုင်ငံများ စာရင်းတွင် ထည့်သွင်းမှုနှင့် ပတ်သက်ပြီး အစ္စရေးနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံတမန်ကို အသိပေးခဲ့ကြောင်း သောကြာနေ့က ပုံမှန်ပြုလုပ် နေကျ သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဗန်ဒူဂျာရစ်က ပြောသည်။ နှစ်ပတ်လည် အစီရင်ခံစာပြုစုရန် ကမ္ဘာတစ်ဝန်းတွင် ကလေး သူငယ်များအပေါ် လက်နက်ကိုင် ပဋိပက္ခများ၏ သက်ရောက်မှုကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေး ကြောင်းနှင့် နောက်ဆုံးအစီရင် ခံစာကို ယခုလနောက်ပိုင်းတွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။
ထပ်မံ ထည့်သွင်းလိုက်သည့် စာရင်းတွင် အရှေ့အလယ်ပိုင်းမှ ဆီးရီးယားနှင့် ယီမင်နိုင်ငံတို့ လည်း ပါဝင်သည်ဟုဆိုသည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့သည်။ ဗုဒ္ဓဟူး နေ့အထိ ဂါဇာကမ်းမြောင်တွင် ကလေးငယ် ၇၇၉၇ ဦး အသက် ဆုံးရှုံးပြီးဖြစ်ကြောင်း ကုလသမဂ္ဂ က ပြောသည်။ အဆိုပါ အရေ အတွက်မှာ သေဆုံးသူ ၃၀ ရာခိုင် နှုန်းကျော် ဖြစ်သည်ဟု ဆိုသည်။ ဂါဇာအလယ်ပိုင်းရှိ စာသင်ကျောင်း တစ်ကျောင်းကို လေကြောင်း တိုက်ခိုက်မှု ပြလုပ်ခဲ့ကြောင်းနှင့် ဟားမားစ်များကို သုတ်သင်နိုင်ခဲ့ ကြောင်း အစ္စရေးက ကြာသပတေး နေ့တွင် ပြောသည်။
သို့သော်လည်း ဂါဇာကျန်းမာ ရေး အာဏာပိုင်များက ယင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၄ ဦး အပါအဝင် လူပေါင်း ၄၀ သေဆုံးခဲ့ကြောင်း ပြောသည်။
အင်န်အိတ်ချ်ကေ