ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး‌ဟောပြောပွဲ အုတ်တွင်းမြို့နယ်၌ကျင်းပ

 

အုတ်တွင်း ဇန်နဝါရီ ၁၈


ပဲခူးတိုင်းဒေသကြီး    အုတ်တွင်း မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန    ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်ကျင်းပသော ကလေးသူငယ်   အခွင့်အရေးများ ဆိုင်ရာဥပဒေ      အသိပညာပေး ဟောပြောပွဲကို      ယမန်နေ့က  မြို့နယ်  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန     သီရိရတနာခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ     မြို့နယ်  ကလေး သူငယ်အခွင့်အရေးများ    ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊    မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးညီညီ က  အသိပညာပေး   အစီအစဉ်မှ ကလေးများ၏ အခွင့်အရေးများကို သိရှိပြီး  မိမိတို့ကိုယ်တိုင် လိုက်နာ ရမည့် ကျင့်ဝတ်များ၊ စည်းကမ်း များ၊      ကလေးသူငယ်များအား  အကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်း နှင့်    လူကုန်ကူးခံရခြင်းတို့နှင့် ပတ်သက်၍  အသိပညာများ ရရှိ မည်ဖြစ်ပြီး ရှောင်ရှားရမည့်အချက် များကိုလည်း သိရှိနိုင်မည်ဖြစ်၍    တိကျစွာလိုက်နာကြရန်    ပြော ကြားသည်။ 

 


ယင်းနောက်   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း များမှ တာဝန်ရှိသူများက တက် ရောက်ဆွေးနွေးသည်။    မြန်မာ တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့် အဆိုပါအသိပညာပေးဟောပြောပွဲများကို ခရိုင် ၅၃ ခရိုင်၊ မြို့နယ် ၃၃၀တို့၌ ဇန်နဝါရီလမှစ၍ မတ် လအထိ  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


အေမင်းရည်စော(ပြန်/ဆက်)