
နေပြည်တော် ဩဂုတ် ၁၁
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ(၂၀၁၉)အား ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုး စီးပွားကို အမှန်တကယ်ဖော်ဆောင်နိုင်ရေးနှင့် နိုင်ငံ တကာစနစ်များနှင့် လျော်ညီစွာ မိမိတို့နိုင်ငံ လက်တွေ့ အခြေအနေများနှင့် ကိုက်ညီမှုရှိစေရေး ပြန်လည် သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ရှေးရှု၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအခန်းများကို သုံးသပ်နိုင်ရေး တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေ သော လူမှုစီးပွားရေးအခြေအနေအပေါ် မူတည်၍ ကလေးသူငယ်များအပေါ် ခေါင်းပုံဖြတ်ခြင်း၊ အလွဲ သုံးစားပြုလုပ်ခြင်းများရှိနေသောကြောင့် ကလေး သူငယ်များအား ပိုမိုကာကွယ်စောင့်ရှောက်ပေးနိုင် ရန် လိုအပ်သဖြင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ်ရခြင်းဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမို အလေးထားဆောင်ရွက်ရန်အတွက် ပြန်လည် သုံးသပ်လိုသည့်အချက်များကို ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအား အလွဲသုံးခြင်း၊ အကြမ်းဖက် ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းများမှ ပိုမို ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာ အခန်းကဏ္ဍ များအလိုက် ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူ၊ မြေပြင် အမှန်တကယ် ဆောင်ရွက်နေသူများအနေဖြင့် အသေး စိတ် သုံးသပ်ဖော်ထုတ်သွားရန်နှင့် ဥပဒေတွင် သတ်မှတ်ချက်များကို တိကျစွာ ထည့်သွင်းဆောင် ရွက်သွားရမည်ဖြစ်သကဲ့သို့ အသေးစိတ်တာဝန်နှင့် စည်းကမ်းသတ်မှတ်ချက်များကို ဆက်လက်ရေးဆွဲ ဆောင်ရွက်မည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာနည်းဥပဒေတွင် ထည့်သွင်းဆောင်ရွက်သွား ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ် ဆွေးနွေး ဆောင်ရွက်သွားရန် လိုမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ် ဆိုင်ရာတာဝန်ရှိသူက ကလေးသူငယ် အခွင့်အရေး များဆိုင်ရာဥပဒေကို ပြန်လည်သုံးသပ်ရေးအတွက် လုပ်ငန်းအဖွဲ့အား ၁၆ ဦးဖြင့် ဖွဲ့စည်းပြီး ဆွေးနွေးဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဥပဒေ၏ ပြန်လည် သုံးသပ်ရန် လိုအပ်သည့် သက်ဆိုင်ရာအခန်းများ၊ ပုဒ်မများအလိုက် တွေ့ရှိချက်များနှင့် လျာထား ပြင်ဆင်ရန်အချက်များကို သုံးသပ်တင်ပြ၍ ရှင်းလင်း တင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးအကြံပြုခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနသည် ကလေးသူများ၏ အခွင့်အရေးကို ဖော်ဆောင်ရသည့် ဌာနဖြစ်သည့် အားလျော်စွာ ကလေးသူငယ်၏ အခွင့်အရေးများကို တတ်နိုင်သမျှ အကောင်းဆုံးဖော်ဆောင်နိုင်ရေး၊ ဥပဒေဖြင့် အကာ အကွယ်ဥပဒေပေးနိုင်ရေး အလေးပေးဆောင်ရွက်ရ မည်ဖြစ်သကဲ့သို့ ဥပဒေပိုင်းဆိုင်ရာ အမြင်ရှုထောင့်များ ကိုလည်း မျက်ခြည်မပြတ်စေရေးနှင့် ပြည်တွင်းအခြေ အနေနှင့် ရေရှည်ကိုက်ညီ ဆီလျော်မှုရှိစေရေးကိုပါ အလေးပေးသုံးသပ်ရမည့် အချက်များ၊ ဥပဒေပိုမို ထိရောက်ကောင်းမွန်စေရေးအတွက် ထည့်သွင်း စဉ်းစားဆောင်ရွက်သင့်သည်များကို ဖြည့်စွက် ဆွေးနွေးသည်။
သတင်းစဉ်