ကလေးသူငယ် အလုပ်သမားပပျောက်ရေး၊ အကူအညီပေးရေး၊ အသိပညာပေးရေးလုပ်ငန်းများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၂၉


မြန်မာနိုင်ငံ     ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ   အသိပညာပေးရေးနှင့်    စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီ   (၁/၂၀၂၁)  ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့ မွန်းလွဲ ၁ နာရီတွင်  နေပြည်တော်ရှိ  ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့        မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေး နှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ   ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးရဲတင့်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။


အဓိပ္ပာယ်ဖွင့်ဆို 


ရှေးဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အဖွင့်အမှာ  စကားပြောကြားရာတွင်   ကလေးအလုပ်သမားကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်  ကလေးများ၏     ရုပ်ပိုင်း၊  စိတ်ပိုင်းနှင့်  လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောမဆောင်သည့်  သက်ရောက်မှုရှိစေ နိုင်သော အလုပ်၊ ပညာရေးကို  အနှောင့်အယှက်ဖြစ်စေ သော အလုပ်၊ ကျောင်းတက်ရမည့် အခွင့်အရေးကို  ပိတ်ပင်စေသည့်အလုပ်၊  အချိန်မတန်မီ  မဖြစ်မနေ  ကျောင်းထွက်စေသည့်အလုပ်၊  ကျောင်းတက်ခြင်း နှင့်အတူ ပြင်းထန်သော အလုပ်ကို  အချိန်ကြာမြင့်စွာ လုပ်ရသော   အလုပ်များကို   လုပ်ကိုင်နေရသော ကလေးများကို ဆိုလိုပါကြောင်း။


နုပျိုငယ်ရွယ်စဉ်တွင် ကျောင်းတက်၍  အတတ် ပညာ၊ အသိပညာရှာဖွေမှု မပြုလုပ်နိုင်ဘဲ  ကလေး သူငယ်အခွင့်အရေးဆုံးရှုံးမှုများကို တားဆီးကာကွယ် နိုင်ရန် လိုအပ်ပါကြောင်း၊  လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အတွက် နိုင်ငံကို ဖွံ့ဖြိုးတိုးတက်  အောင် စွမ်းဆောင်နိုင်မည့် ဗလငါးတန်နှင့်ပြည့်စုံသော ကလေးသူငယ်များဖြစ်လာရန်  တာဝန်ရှိသူများနှင့် မိဘဆရာသမားများ၊ သက်ဆိုင်သူများက လေ့ကျင့် ပြုစုပျိုးထောင်ပေးကြရန် လိုအပ်ပါကြောင်း။


အရှိန်အဟုန်ဖြင့် ဆောင်ရွက်


ပညာရှာရမည့်အချိန်တွင်   အန္တရာယ်ရှိသည့်   အလုပ်များကို မလုပ်စေရန်၊ စီးပွားရေးအရ  အမြတ် ထုတ်မခံရစေရန်၊ အချိန်မတိုင်မီ ကျောင်းထွက်ရခြင်း များ မဖြစ်စေရန် မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် စွမ်းဆောင်  ရည်မြှင့်တင်ရေးကို  အရှိန်အဟုန်ဖြင့်  ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊    ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့်ဒေသများကို ဦးစားပေး    စီမံကိန်းနယ်မြေ    သတ်မှတ်ထားပြီး ထိုနေရာ  ငါးခုတွင် Complaint Center နှင့် Hot Line   များ ဖွင့်လှစ်၍ ကလေးသူငယ်အလုပ်သမား  ပပျောက်ရေး၊ အကူအညီပေးရေး၊ အသိပညာပေးရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ရန်၊  လုပ်ငန်းခွင်ကိုမရောက်ဘဲ ပညာသင်ကြားနိုင်စေရေး အသိပညာပေးမှုများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် အသိပညာပေးရေးနှင့်  စွမ်းဆောင် ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊  အလုပ်ရုံနှင့်  အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းနှင့် တက်ရောက် လာကြသူများက ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ    အသိပညာပေးရေးနှင့်   စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက်      ဆောင်ရွက်သွားကြမည့် အစီအစဉ်များကို  ရှင်းလင်းတင်ပြကြရာ  လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။ 


သတင်းစဉ်