ကလေးသန်းပေါင်းများစွာကို အကျိုးပြုနိုင်သည့် ကမ္ဘာ့ပထမဆုံးငှက်ဖျားထိုးဆေး

 

နွယ်နီလင်း

 

ဗြိတိန် ဆေးဝါးကုမ္ပဏီ ဂျီအက်စ်ကေသည် ကမ္ဘာပေါ်တွင် ပထမဆုံး  ငှက်ဖျားရောဂါ  ထိုးဆေးကို   ထုတ်လုပ်ရန်   စာချုပ်တစ်ရပ်ကို   ချုပ်ဆိုလိုက်ပြီး    ထိုးဆေး   ထုတ်လုပ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း  ကုလသမဂ္ဂ  ကလေးသူငယ်များ  ရန်ပုံငွေအဖွဲ့  (ယူနီဆက်ဖ်)  က ဩဂုတ် ၁၆ ရက်က ထုတ်ပြန်သည်။

 


လူငယ်ထောင်ပေါင်းများစွာ၏  အသက်ကို ကယ်တင်နိုင်တော့မည်


အမေရိကန်ဒေါ်လာ  သန်း  ၁၇၀ အထိ တန်ဖိုးရှိသော အထင် ကရ  သဘောတူညီချက်သည် လာမည့်သုံးနှစ်တာကာလအတွင်း  ရရှိနိုင်သော      အာရ်တီ အက်စ်အက်စ်     (RTS,S)    ထိုးဆေး ပမာဏ ၁၈  သန်း ထိ    ထုတ်လုပ်ပေးမည် ဖြစ်ပြီး      နှစ်စဉ်      လူငယ်         ထောင်ပေါင်း     များစွာ၏        အသက်ကို  ကယ်တင်နိုင် တော့မည် ဖြစ်သည်။

 


ငါးနှစ်အောက်ကလေး များသည် ငှက်ဖျားရောဂါ ဒဏ်ကို      အခံရဆုံးသူများ ဖြစ်ကြပြီး ၂၀၂၀ ပြည့်နှစ်  အတွင်း          အာဖရိက ဒေသ      တစ်ခုတည်း၌ပင် ယောက်ျားလေး          နှင့် မိန်းကလေး    တစ်သန်းခွဲ နီးပါး       ငှက်ဖျားရောဂါ ကြောင့်       သေဆုံးခဲ့ပြီး တစ်မိနစ်လျှင် တစ်ဦးနှုန်း သေဆုံးခဲ့သည်။

 


ယူနီဆက်ဖ်၏ ထောက်ပံ့ရေးဌာနမှ ဒါရိုက်တာ အက်တလီဗာ ခါဒဲလီက     ငှက်ဖျားရောဂါ   ထိုးဆေး   ထုတ်လုပ်မှုလုပ်ငန်းကို        အောင်မြင်အောင်   ဆက်လက်လုပ်ဆောင်ရန်  ထုတ်လုပ်သူများထံ      ရှင်းလင်းပြတ်သားသော     သတင်းစကား   ပေးပို့ထားကြောင်း ပြောကြားသည်။

 


တီထွင်ဆန်းသစ်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လိုအပ်


“ ကာကွယ်ဆေးနဲ့  ငှက်ဖျားရောဂါတိုက်ဖျက်ဖို့အတွက်  ဒါက  အစပဲလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကာကွယ်ဆေး ရရှိနိုင်မည့် ထောက်ပံ့မှုတွေ    ဒီထက်တိုးလာဖို့နဲ့   ကျန်းမာရေးနဲ့   ညီညွတ်တဲ့ ကာကွယ်ဆေးဈေးကွက်ကို     ဖော်ဆောင်နိုင်ဖို့၊      မျိုးဆက်သစ် ကာကွယ်ဆေး   အမျိုးအစားတွေအတွက်  တီထွင်ဆန်းသစ်မှုတွေ ဆက်လက်    လုပ်ဆောင် နိုင်ဖို့    လိုအပ်ပါတယ်။ ဒါဟာ        ငှက်ဖျားရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ် ရေး         အစီအစဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ ကလေးတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့နဲ့ ငှက်ဖျား ရောဂါ      ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ဖို့        စုပေါင်း ကြိုးပမ်းမှုရဲ့ ကြီးမားသော ခြေလှမ်းတစ်ရပ်      ဖြစ်ပါ တယ်”  ဟု  ၎င်းက   ပြော ကြားသည်။

 


ငှက်ဖျားရောဂါသည် ကပ်ပါးပိုးများကြောင့် ဖြစ် ပွားခြင်းဖြစ်ပြီး      ရောဂါပိုး သယ်ဆောင်သည့် အနော့  ဖလစ်ခြင်အမ        များမှ တစ်ဆင့်   လူသို့ ကူးစက်နိုင် သည်။     ငှက်ဖျားရောဂါကို ကာကွယ်ကုသ၍  ရနိုင်သော်လည်း မကုသဘဲထားလျှင်  အသက် ဆုံးရှုံးနိုင်သည်။

 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ နိုင်ငံပေါင်း ၃၀ ကျော်တွင်  ငှက်ဖျားရောဂါ ကူးစက်မှု အလယ်အလတ်မှ  ပိုမိုများပြားသောဒေသ များ အများအပြားရှိပြီး အဆိုပါကာကွယ်ဆေးသည် တစ်နှစ်လျှင် ကလေး   ၂၅   သန်းကျော်ကို   ငှက်ဖျားရောဂါဖြစ်ပွားမှုမှ   အကာ အကွယ် ပေးစွမ်းနိုင်မည်ဖြစ်သည်။

 


၃၅   နှစ်ကြာ  သုတေသနနှင့်    ဖွံ့ဖြိုးတိုးတက်မှုရလဒ်များအရ အာရ်တီအက်စ်အက်စ် ငှက်ဖျားရောဂါ ကာကွယ်ဆေးသည် ကပ်ပါး ရောဂါကို တိုက်ဖျက်ပေးနိုင်သည့် ပထမဆုံး ကာကွယ်ဆေးဖြစ်သည်။ ၎င်းကို  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် ၂၀၁၉ ခုနှစ် တွင်   ဂါနာ၊  ကင်ညာနှင့်  မာလာဝီနိုင်ငံတို့တွင် ရှေ့ပြေးအစီအဉ် တစ်ရပ်ဖြစ် စတင်အသုံးပြုနိုင်ခဲ့ပြီး ကလေးပေါင်း ၈၀၀၀၀၀ ကျော်ကို ထိုးနှံပေးနိုင်ခဲ့သည်။

 


ကာကွယ်ဆေးလိုအပ်ချက် မြင့်မားနေဦးမည်


ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ငှက်ဖျားကူးစက်မှု အလယ် အလတ်မှ မြင့်မားသောနိုင်ငံများကို ဦးစားပေးအနေဖြင့် ကာကွယ် ဆေးများကို  ကျယ်ကျယ်ပြန့်ပြန့်  အသုံးပြုသွားရန်  ကုလသမဂ္ဂ ကျန်းမာရေးအေဂျင်စီက    အကြံပြုခဲ့သည်။     ဆက်လက်၍လည်း ငှက်ဖျားရောဂါ  ကာကွယ်ဆေးလိုအပ်ချက်  မြင့်မားနေဦးမည်ဟု ယူနီဆက်ဖ်က မျှော်မှန်းထားသည်။

 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်ချက်အရ ကမ္ဘာ့ ငှက်ဖျားရောဂါဖြစ်ပွားမှု   ခန့်မှန်းခြေအားဖြင့်  ၂၀၂၀  ပြည့်နှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ ၂၄၁ သန်းရှိခဲ့ပြီး  ရောဂါကြောင့် သေဆုံးသူ ၆၂၇၀၀၀ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူ  ၁၄  သန်းခန့်ပိုများလာပြီး   သေဆုံးသူ  ၆၉၀၀၀ ခန့်ပိုများလာခဲ့သည်။ အဆိုပါ တိုးတက်လာသည့် သေဆုံး သူများ၏ သုံးပုံနှစ်ပုံခန့် လူဦးရေ ၄၇၀၀၀ ခန့်သည် ကပ်ရောဂါ ကာလအတွင်း  ငှက်ဖျားရောဂါကာကွယ်ရေး၊ ရောဂါရှာဖွေရေးနှင့် ကုသရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ရသည့် အခြေအနေများ နှင့်လည်း ဆက်စပ်နေသည်။


ဆင်ဟွာ