ကလေးငယ်များစွာ သေဆုံးမှုဖြစ်ပွားပြီးနောက် ချောင်းဆိုးပျောက် သောက်ဆေးရည်ရောင်းချမှုကို အင်ဒိုနီးရှား တားမြစ်ထား

 

နေနှောင်းအိမ်
 

အင်ဒိုနီးရှားနိုင်ငံမှာ    ကလေးငယ်    ၁၀၀      နီးပါး    သေဆုံးမှုဖြစ်ပွားပြီးတဲ့နောက်  ချောင်းဆိုးပျောက် သောက်ဆေးရည်အားလုံး ရောင်းချမှုကို ဆိုင်းငံ့ ထားလိုက်ကြောင်း   နိုင်ငံတကာသတင်းရင်းမြစ်တွေမှာ    အကျယ်တဝင့်   ဖော်ပြထားပါတယ်။    အနောက်အာဖရိကနိုင်ငံတစ်ခုမှာ       ချောင်းဆိုး ပျောက်ဆေးရည်တစ်မျိုး သောက်သုံးမိခြင်းကြောင့်  ကလေးငယ် ၇၀ နီးပါး သေဆုံးကြောင်း  သတင်း ထွက်ပေါ်လာပြီး   ရက်သတ္တအနည်းငယ်အကြာမှာ အင်ဒိုနီးရှားနိုင်ငံရဲ့  အခုလို သတင်းထွက်ပေါ်လာတာ  ဖြစ်ပါတယ်။ 

 


ကလေးငယ် ၉၉ ဦးအထိ သေဆုံးမှုဖြစ်


တချို့သောက်ဆေးရည်တွေမှာ ကျောက်ကပ် ကို ဆိုးဆိုးရွားရွားထိခိုက်စေတဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်ကြောင်း တွေ့ရှိရပြီး အဲဒီလို တွေ့ရှိမှုကြောင့် ယခုနှစ်အတွင်းမှာ     ကလေးငယ်    ၉၉   ဦးအထိ သေဆုံးမှုဖြစ်ပေါ်ခဲ့ခြင်း  ဖြစ်တယ်လို့  အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် အဲဒီ သောက်ဆေးရည်တွေနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံ ကနေ တင်သွင်းတာလား ဒါမှမဟုတ် ပြည်တွင်းမှာပဲ ထုတ်လုပ်ခဲ့တာလားဆိုတာကိုတော့   သဲသဲကွဲကွဲ မသိရသေးဘူးလို့ ဆိုပါတယ်။

 


သတိထားသင့်ကြောင်း ထုတ်ပြန်ကြေညာထား


ကျောက်ကပ်ကို    ဆိုးဆိုးရွားရွား  ထိခိုက်တဲ့ ကလေးငယ် ၂၀၀  ခန့်ရှိပြီး  အများစုမှာ အသက် ငါးနှစ်အောက် ကလေးတွေဖြစ်တယ်ဆိုတဲ့ အစီရင် ခံစာတစ်ခုကို    လက်ခံရရှိထားတယ်လို့  မကြာ သေးမီရက်ပိုင်းက         အင်ဒိုနီးရှားကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီနောက်မှာ တော့    အာဖရိကနိုင်ငံတစ်ခုမှာ   ကလေးငယ် ၇၀  နီးပါးသေဆုံးမှုနဲ့  ပတ်သက်ပြီး ချောင်းဆိုးပျောက် ဆေးရည်   လေးမျိုးနဲ့ ဆက်စပ်တယ်ဆိုတာကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့    သတိထားသင့်ကြောင်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့    (ဒဗလျူအိတ်ချ်အို) က ထုတ်ပြန်ကြေညာထားတာ တွေ့ရပါတယ်။ 
ကျောက်ကပ်ကို ဆိုးဆိုးရွားရွားထိခိုက်
အိန္ဒိယဆေးဝါးကုမ္ပဏီက     ထုတ်လုပ်တဲ့ သောက်ဆေးရည်တွေမှာ        ဒိုင်အီသလင်းဂလိုင် ကောနဲ့    အီသလင်းဂလိုင်ကော    (diethylene glycol and ethylene glycol) တွေ လက်သင့်မခံ နိုင်တဲ့ ပမာဏတွေအထိ ပါဝင်နေကြောင်း ဒဗလျူ အိတ်ချ်အိုက   တွေ့ရှိထားတယ်လို့  ဆိုပါတယ်။ ဒါ့အပြင်   အဲဒီသောက်ဆေးရည်တွေဟာ ကျောက် ကပ်ကို ဆိုးဆိုးရွားရွားထိခိုက်တာနဲ့လည်း ဆက်စပ် နေတယ်လို့လည်း ဆိုပါတယ်။

 


မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေး


ထုတ်ကုန်တွေအတွက် ဘေးကင်းမှုအာမခံချက် မပေးနိုင်တဲ့    အိန္ဒိယဆေးဝါးကုမ္ပဏီ   Maiden Pharmaceuticals က ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဒဗလျူအိတ်ချ်အိုက  ပြောပါတယ်။ အဲဒီဆေးဝါး ကုမ္ပဏီဟာ နိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ် အခြေစိုက်  ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်ပြီး  အာရှ၊ အာဖရိကနဲ့   လက်တင်အမေရိကတို့ကို  တင်ပို့ ရောင်းချတယ်လို့    နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။  ဒဗလျူအိတ်ချ်အိုရဲ့ ပြောကြားချက်ကို   အဆိုပါကုမ္ပဏီက  မှတ်ချက် တစ်စုံတစ်ရာပေးခြင်း မရှိသေးသော်ငြား အိန္ဒိယ တာဝန်ရှိသူတွေက ဆေးရည်နဲ့ သေဆုံးသူတွေကြား ဆက်စပ်မှုရှိတဲ့ အထောက်အထားကို မျှဝေပေးဖို့ အတွက်    ဒဗလျူအိတ်ချ်အိုကို   တောင်းဆိုထား တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒဗလျူအိတ်ချ်အိုက ကမ္ဘာ့နိုင်ငံတွေကို အဲဒီဆေးဝါးတွေနဲ့ ပတ်သက်ပြီး သတိထားသင့်ကြောင်း ထုတ်ပြန်ထားပြီးနောက် အိန္ဒိယအစိုးရက အဆိုပါ ဆေးဝါးတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ 

 


တရားမဝင်ဈေးကွက်မှတစ်ဆင့်    ဖြန့်ဖြူးရောင်းချ


Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup နဲ့ Magrip N Cold Syrup စတဲ့ ဆေးဝါးလေးမျိုးကို ဒဗလျူအိတ်ချ်အိုက ဖော်ထုတ်ခဲ့တာပါ။ အဲဒီဆေးဝါး လေးမျိုးကို  အနောက်အာဖရိကနိုင်ငံမှာ ဖော်ထုတ် နိုင်ခဲ့တာဖြစ်ပြီး တရားမဝင်ဈေးကွက်မှတစ်ဆင့် အခြားနိုင်ငံနဲ့ ဒေသတွေကို ဖြန့်ဖြူးရောင်းချတာ ဖြစ်နိုင်တယ်လို့လည်း ဒဗလျူအိတ်ချ်အိုက ဆိုပါ တယ်။ 

 


သေဆုံးမှုနှုန်း သိသိသာသာကျဆင်းလာ


အဲဒီနောက်   ၎င်းဆေးဝါးတွေကို  အသုံးပြုတဲ့ သူတွေ   အထူးသဖြင့်  ကလေးငယ်တွေအနေနဲ့ ပြင်းထန်တဲ့ဒဏ်ရာ သို့မဟုတ် သေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ကြောင်း ဒဗလျူအိတ်ချ်အိုက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အနောက်အာဖရိကနိုင်ငံတစ်နိုင်ငံမှာ အဆိုပါဆေးဝါးတွေကို သုံးစွဲမှုပိတ်ပင် လိုက်ပြီး ဆေးတောင့်ကို ပြောင်းလဲသောက်သုံးကြဖို့ ပြည်သူတွေကို       တိုက်တွန်းလိုက်ပြီးနောက် သေဆုံးမှုနှုန်း သိသိသာသာကျဆင်းလာတယ်လို့ သိရပါတယ်။ 

 


အချို့ဆေးဝါးတွေမှာ အလားတူဓာတုဒြပ်ပေါင်းတွေ တွေ့ရှိ


ပြည်တွင်းမှာအသုံးပြုနေတဲ့ အချို့ဆေးဝါးတွေ မှာလည်း အလားတူ ဓာတုဒြပ်ပေါင်းတွေ တွေ့ရှိခဲ့ တယ်လို့ မကြာသေးမီကာလအတွင်း အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး   ဘူဒီဂွန်နာဒီ  ဆာဒီကင်က ပြောပါတယ်။   ကျောက်ကပ်ကို  ဆိုးဆိုးရွားရွား ထိခိုက်တဲ့  အသက်ငါးနှစ်အောက်  ကလေးလူနာ တွေမှာ  ဒိုင်အီသလင်းဂလိုင်ကောနဲ့   အီသလင်း ဂလိုင်ကောတွေ    ပါဝင်နေတာ    တွေ့ရတယ်လို့ ဘူဒီဂွန်နာဒီ ဆာဒီကင်က ဆိုပါတယ်။ 

 


အမှန်တကယ်သေဆုံးသူ အရေအတွက်ထက် ပိုမိုများပြားနိုင်


သို့သော်လည်း   ၎င်းက  အဆိပ်သင့်ဆေးဝါး မည်မျှပါဝင်နေသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။  အနောက်အာဖရိကနိုင်ငံမှာ  အသုံးပြုတဲ့ ချောင်းဆိုးပျောက်ဆေးရည်ကို    ပြည်တွင်းမှာ ရောင်းချခြင်း မရှိဘူးလို့တော့ အင်ဒိုနီးရှားအာဏာ ပိုင်တွေက ပြောပါတယ်။ အမှန်တကယ် သေဆုံးသူ အရေအတွက်မှာ အစီရင်ခံတင်ပြထားတဲ့ သေဆုံးသူ တွေထက် ပိုမိုများပြားနိုင်တယ်လို့ ကူးစက်ရောဂါ ဗေဒပညာရှင်တစ်ဦးက ဆိုပါတယ်။ 

 


ဒီလိုရောဂါမျိုးတွေ့လိုက်ရတာဟာ   ရေခဲတုံး ကြီးရဲ့ ထိပ်စွန်းပိုင်းလောက်ကိုပဲ မြင်တွေ့ရတာပါ။ ဆိုလိုတာက အဲဒီလိုဖြစ်နေတဲ့သူတွေ အများကြီး ရှိနိုင်တယ်လို့    ဆိုလိုတာဖြစ်ကြောင်း  ဂရစ်ဖစ် တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒပညာရှင်တစ်ဦး ဖြစ်သူ ဒစ်ကီ ဘူဒီမန်းက ပြောပါတယ်။

 


ယာယီပိတ်ပင်ထား


ရောဂါဝေဒနာခံစားနေရတဲ့   ကလေးငယ်တွေ သောက်တဲ့ဆေးရည်ရဲ့ ကုန်အမှတ်တံဆိပ်နဲ့ အမျိုး အစားကို အင်ဒိုနီးရှားအာဏာပိုင်တွေက လက်ရှိ အချိန်အထိ ထုတ်ဖော်ပြောကြားခြင်း မရှိပေမယ့် လည်း ဆေးရည်နဲ့ အရည်အားလုံးကို  ရောင်းချခြင်း နဲ့    ဆေးညွှန်းများကိုတော့   ယာယီပိတ်ပင်ထား ပါတယ်။        ။


ကိုးကား - news/world-asia-63324653