
နေပြည်တော် စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ယနေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အင်ဒိုင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၂၁၅ ဦးတို့ကို သွေးတိုးရောဂါ၊ အထွေထွေ အားနည်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အထွေထွေရောဂါတို့ နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့အတူ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံဆေးကုသ ရေးအဖွဲ့များက မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် ဟေမာအရှေ့ရပ်ကွက် မဟာ ဝေယန်ဘုံကျော် မိုးကောင်း ကျောင်းတိုက်ရှိ သံဃာတော် ၁၆၅ ပါးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီး ချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသ မှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေး ပြီး ECG၊ Ultrasound စက်တို့ဖြင့် ရောဂါ ရှာဖွေစမ်းသပ်ခြင်း၊ သွေးဖောက် ၍ ဆီးချို/ သွေးချိုစစ်ဆေးခြင်း၊ သွေးအုပ်စုများ စစ်ဆေးပေးခြင်း နှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက် ပေးကာ ဆေးရုံတက်ရောက်ကုသ ရန် လိုအပ်သော သံဃာတော်များ ကို နယ်မြေခံတပ်မတော်ဆေးရုံ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ် သော သံဃာတော် ၁၂၆ ပါးတို့ကို နယ်မြေခံ ဆေးကုသရေးအဖွဲ့က စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင် ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက် နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ဖူးမြော်ကြည်ညို အားပေးစကား လျှောက်ထားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်