ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အတွင်း PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်  သတ်ဖြတ်မှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့်  ထွက်ပြေးတိမ်းရှောင်လာသည့်  ပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

 

နေပြည်တော်  အောက်တိုဘာ   ၁၈


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်နှင့် မကွေး တိုင်းဒေသကြီး ဂန့်ဂေါ  မြို့နယ်အတွင်းရှိ   ကျေးရွာ များ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်း ဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့်   ကျေးရွာ များရှိ ဒေသခံပြည်သူများသည် ၎င်းတို့၏ နေအိမ် များတွင် နေထိုင်နိုင်ခြင်းမရှိဘဲ လုံခြုံစိတ်ချရသည့် နယ်မြေခံတပ်ရင်းများတွင် ခေတ္တတိမ်းရှောင် နေထိုင် လျက်ရှိသည်။
အဆိုပါ   တိမ်းရှောင်လာသည့်   ပြည်သူများ နေထိုင်စားသောက်မှု   အဆင်ပြေစေရန်အတွက် ယနေ့တွင်     အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကလေးတပ်နယ်မှ တာဝန်ရှိသူများက ကလေးမြို့ နယ်မြေခံတပ်၌ ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် အတွင်းတို့မှ အိမ်ထောင်စု ၄၄ စု၊ လူဦးရေ ၁၆၅ ဦးတို့အတွက် ဆန် ၂၅ အိတ်၊ ကုလားပဲ တစ်အိတ်၊ နို့ဆီဘူးများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်