ကလေးမြို့နယ်၌ တပ်မတော်မှ အမျိုးသား ၄၀ ကျော် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးမှုများဆက်တိုက်လုပ်ဆောင်လာ ကြောင်း ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃ 
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်     ဘုံတောကျေးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက်က  အမျိုးသား ၄၀ နီးပါးကို     တပ်မတော်က ဖမ်းဆီးသွားကြောင်းနှင့် ဖေဖော်ဝါရီ ၂     ရက်ကလည်း      ကလေး မြောက်ပိုင်း၊        ကျီကုန်းရွာ၌ သီရိလင်္ကာဘုန်းကြီးကျောင်းတွင် ဒကစမှူးကိုယ်တိုင်     ဆင်းကာ ပြည်သူ့စစ်အတွက်    လူအင်အား ၄၀ မဖြစ်မနေပေးရန် တောင်းသွား သည်ဟု  မဟုတ်မမှန်သတင်းများ ကို  လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အထက်ပါ        သတင်းနှင့် ပတ်သက်၍ ကလေးမြို့လုံခြုံရေးတာဝန်ခံအရာရှိတစ်ဦး၏    ပြော ကြားချက်အရ   ဖေဖော်ဝါရီ ၁၂ ရက်တွင်   တပ်မတော်မှ ဘုံတော ကျေးရွာသို့   သွားရောက်ခဲ့ခြင်း မရှိကြောင်း၊  အမျိုးသား ၄၀  ကို ဖမ်းဆီးသည်    ဆိုသည်မှာလည်း   သတင်းမှားသာ     ဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၂ ရက်တွင်    ကျီကုန်း ရွာ  သီရိလင်္ကာဘုန်းကြီးကျောင်း တွင် ဒကစမှူးက ပြည်သူ့စစ်အဖွဲ့ ဝင်များနှင့်သွားရောက်တွေ့ဆုံ၍ အားပေးစကား      ပြောကြားခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခြင်းများ    ဆောင်ရွက်မှု ကို        ပြည်ဖျက်မီဒီယာများက    မဟုတ်မမှန်    လုပ်ကြံသတင်းများ     လုပ်ကြံရေးသား  ဖြန့်ဝေခြင်းသာ    ဖြစ်ကြောင်း သတင်းရရှိသည်။     
သတင်းစဉ်