ကလေးမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 

နေပြည်တော်  ဇူလိုင်  ၁၇


တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများအား တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံ  ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  စစ်ကိုင်းတိုင်းဒေသကြီး  ကလေးမြို့ရှိ  ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊  ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်ရင်းသား ပြည်သူများအား ကလေးမြို့နယ်   စုပေါင်းရုံးအစည်းအဝေးခန်းမ၌     တပ်မတော်သား     ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အတူပူးပေါင်း၍  ကျန်းမာရေးစစ်ဆေးပေးပြီး ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများ ဆောင်ရွက်ပေးကြသည်။


ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ကလေးတပ်နယ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်