ကလောဘူတာ၌ သမိုင်းအမွေအနှစ်ဖြစ်သည့် မီးရထားစက်ခေါင်းနှင့် လူစီးတွဲတစ်တွဲရောက်ရှိပြသ

 

ကလော    ဩဂုတ်   ၆


ရှမ်းပြည်နယ်တောင်ပိုင်း      ကလောမြို့နယ်၌ ဟိုတယ်နှင့်   ခရီးသွားလာရေးလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးကို    စဉ်ဆက်မပြတ်  ဆောင်ရွက်လျက် ရှိရာ   မြန်မာ့မီးရထားလုပ်ငန်း   ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတစ်ခုသည်လည်း အပါအဝင်ဖြစ်သည်။
ကလောဘူတာသည်    နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ  အဆောက်အအုံတစ်ခု  ဖြစ်သည့်အပြင် သမိုင်းအမွေအနှစ်တစ်ခုလည်းဖြစ်ရာ     ယနေ့တွင် ခရီးသွားပြည်သူများ      လာရောက်လေ့လာနိုင်ရန် အတွက် သက်တမ်း ၇၅ နှစ်ရှိ မီးရထားစက်ခေါင်းနှင့် သက်တမ်း နှစ်  ၇၀  ခန့်ရှိ   လူစီးတွဲတစ်တွဲကိုလည်း ပြသထားမည်ဖြစ်ကြောင်း သိရသည်။

 


၎င်းမီးရထားစက်ခေါင်းနှင့်     လူစီးတွဲကို သာစည်မြို့နယ်မှ ဩဂုတ် ၅ ရက်  နံနက်  ၈  နာရီ က  သယ်ဆောင်လာရာ   ကလောဘူတာသို့  ညနေ ၅ နာရီခန့်က ရောက်ရှိခဲ့သည်။

 


အဆိုပါ မီးရထားစက်ခေါင်းသည် ဘွိုင်လာဖိအား ပေါင် ၁၈၀၊ ဆလင်ဒါအချင်း ၁၅ လက်မ၊  Stroke ၂၂ လက်မ၊  ကျောက်မီးသွေးဝင်ဆံ့နိုင်မှု  ပမာဏ ၃ တန်၊ ရေဝင်ဆံ့နိုင်မှုပမာဏ ဂါလန် ၁၅၅၀၊ စက်ခေါင်း အလျား  ၃၆   ပေ   တစ်လက်မခွဲ၊    စက်အလေးချိန်  (ကျောက်မီးသွေးနှင့်ရေအပြည့်) ၅၅ ဒသမ ၇တန် စက်ခေါင်းအလေးချိန် ၄၂ ဒသမ ၆ တန်ရှိပြီး အင်္ဂလန် နိုင်ငံ  Robert  Stephenson&  Hawthorns Ltd. ကုမ္ပဏီက ၁၉၄၈  ခုနှစ်တွင်  ထုတ်လုပ်ခဲ့သည်။  ယင်းစက်ခေါင်းကို         တွဲရွှေ့တွဲပြောင်းရာတွင်    အသုံးပြုခဲ့သည်ဟု သိရသည်။

 


အဆိုပါ    လူစီးတွဲကိုမူ    မြစ်ငယ်လူစီးတွဲနှင့် ကုန်တွဲစက်ရုံက ၁၉၅၅ ခုနှစ်က ထုတ်လုပ်အသုံးပြုခဲ့ သည်။   ယင်းလူစီးတွဲအသုံးပြုသည့်   ဘိုဂီအမျိုး အစားမှာ 4Wheeler ၊ တွဲလွတ်အလေးချိန်  ၉ တန်၊ တွဲအလျား၂၂ ပေ၊ တွဲအကျယ် ၈ ပေ၂ လက်မ၊  တွဲ အမြင့် ၁၀ ပေ ၁၀ လက်မရှိသည်။  ၎င်းမီးရထား စက်ခေါင်းနှင့်လူစီးတွဲများကို        ကလောဘူတာ၏ လက်ယာဘက်တွင် ပြသထားမည်ဖြစ်ကြောင်းနှင့်နယ်မြေဗဟုသုတ  ရှာမှီးလိုသူများအတွက် အပျော်စီး လူ ၂၀   ဆံ့ ရထားတွဲကိုလည်း  ကလော - မြင်းဒိုက်-အောင်ပန်းဘူတာအထိ  မကြာမီဖွင့်လှစ်  ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း ကလောဘူတာရုံပိုင်ကြီးထံ မှ သိရသည်။                           
   အေးခိုင်(ကလော)