
မြစ်ကြီးနား ဇန်နဝါရီ ၁၀
ကချင်တိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အနုပညာဂီတလုပ်ငန်းဖြင့် ပိုမို ထုတ်ဖော်ပြသနိုင်ရေး အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တို့သည် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကချင်အနုပညာရှင်များအသင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။ (
တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကချင်အနုပညာ ရှင်များ အသင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ J Z ဒေါင်လွမ်း၊ အဖွဲ့ဝင် G ဇုန်းကိ၊ အဖွဲ့ဝင်များ တက် ရောက်ကြသည်။
ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ယခုအခါ ရုပ်ရှင်၊ ဂီတ၊ အနုပညာ လုပ်ငန်းများသည် ပြန်လည် အသက်ဝင် နိုးထလာပြီဖြစ်ပါ ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံ များ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်ပြသနေပြီ ဖြစ်ပါကြောင်း၊ ကချင် တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အနုပညာလုပ်ငန်းဖြင့် ဖွံ့ဖြိုး တိုးတက်လာစေရေး လိုအပ်သည် များကို ဆွေးနွေးပေးကြစေလို ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်း သားများနှင့် ပေါင်းစည်းပြီး အနု ပညာလုပ်ငန်းကို ပိုမိုဆောင်ရွက် စေလိုပါကြောင်း၊ MRTV တွင် ရုပ်သံလွှင့် အစီအစဉ်များစွာဖြင့် ပိုမိုသစ်လွင်သည့် အစီအစဉ်များ ထုတ်လွှင့်နိုင်ရေး စီမံဆောင်ရွက် ထားရှိပါကြောင်း၊ ယနေ့ ကချင် တိုင်းရင်းသားတို့၏ အနုပညာ လုပ်ငန်းများအတွက် နိုင်ငံပိုင် မီဒီယာအဖြစ် ပံ့ပိုးကူညီလိုပါ ကြောင်း ပြောကြားသည်။
ညှိနှိုင်းပေါင်းစပ်ပေး
ထို့နောက် ကချင်အနုပညာရှင် များအသင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ JZ ဒေါင်လွမ်း၊ G ဇုန်းကိနှင့် အဖွဲ့ဝင်များက ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက် ၍ ဆောင်ရွက်နိုင်ရေး လိုအပ် သည်များကို ဆွေးနွေးတင်ပြကြ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြည်ထောင်စုဝန်ကြီးက ကချင် အနုပညာရှင်များ အသင်းအဖွဲ့ချုပ် ၏ လက်ရှိဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများ၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂီတလုပ်ငန်းများ ထုတ် လွှင့်ပြသနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ပြည်နယ် (ပြန်/ဆက်)