
မြစ်ကြီးနား ဇန်နဝါရီ ၂၁
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများနှင့်အတူ ဇန်နဝါရီ ၂ဝ ရက် နံနက် ၁ဝ နာရီခွဲက စီတာပူ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံ ပေးမှုကို ကချင်ပြည်နယ် ဝန်ကြီး ချုပ်နှင့်အတူ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်တို့က စီတာပူရပ်ကွက် အတွင်းရှိ ဒေသခံပြည်သူများအား ကချင်ပြည်နယ် အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်း၏ ဝိုင်းဝန်း ကူညီမှုဖြင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၏ ကာကွယ်ဆေး ထိုးနှံနေမှုကို ကြည့်ရှုအားပေးကာ ကာကွယ်ဆေး လာရောက်ထိုးနှံ သော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားပြီး နှာခေါင်းစည်းများ ကို အခမဲ့ဖြန့်ဝေပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီးများသည် ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ အား တွေ့ဆုံအားပေးစကား ပြော ကြားကာ ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ပြည်နယ်(ပြန်/ဆက်)