
မြစ်ကြီးနား သြဂုတ် ၂၅
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုဒေသဝမ်းစာဖူလုံရေးနှင့် ဒေသတွင်း ကဏ္ဍပေါင်းစုံ/ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ပူတာအိုဒေသ ရပ်မိ ရပ်ဖများနှင့် သြဂုတ် ၂၅ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပူတာအိုဒေသကို သုံးနှစ်အတွင်း ဒေသဝမ်းစာဖူလုံစေရေးအတွက် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပူတာအိုဒေသအတွင်း သွားလာရခက်ခဲပြီး ဝေးလံ သောနေရာများစွာ ကျန်ရှိနေသေးသဖြင့် မိမိတို့အနေ ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေကျပ် ၁၁၃၅ သန်း ခွဲဝေချထားပေးပြီး ဒေသအတွက် တစ်နေ့လျှင် ၁၈ တန်ကျ ဆန်စက်ကိုလည်း တည်ထောင်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကို လည်း ကဏ္ဍပေါင်းစုံမှ စီမံဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ သို့ဖြစ်ပါ၍ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက် မှုများအပြင် တည်ဆောက်ရေးလုပ်ငန်းများတွင် ပိုမို ခွင့်ပြုလျာထား ဆောင်ရွက်သွားနိုင်ရေးအတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများက ညှိနှိုင်း ပေါင်းစပ်ဆွေးနွေး ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့် ဆောင်က ပူတာအိုဒေသအတွင်း ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်လာစေရေး ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးစိုက်ပျိုးမှုနှင့် အထွက်နှုန်း တိုးတက်လာသည့် အခြေအနေများ၊ ခေါင်လန်ဖူး၊ ရှိန်းခေါင်ဒေသ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးရမည့် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသ၏ ရပ်မိ ရပ်ဖ များက ပူတာအိုဒေသတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် လမ်းပန်းဆက်သွယ်ရေး၊ တည် ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆောင်ရွက်ဆဲအခြေအနေ များနှင့် ခေါင်လန်ဖူးဒေသ ဆန်ရိက္ခာဖူလုံစေရေး၊ ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ များကို ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကချင်ပြည်နယ် ပူတာအိုခရိုင်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်က မိုးစပါးစိုက်ဧက ၃၆၈၈၀ တွင် အထွက်နှုန်း ၄၀ ဒသမ ၉၈ တင်းရရှိသဖြင့် ဝမ်းစာဖူလုံမှုတွင် ၈၆ ဒသမ ၂၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အထွက်တိုး မျိုးစပါး ဆင်းဧကရီ - ၃ မျိုးစေ့ ၁၂၂၁ တင်း ဖြန့်ဝေ ဆောင်ရွက်ခဲ့ရာ စိုက်ဧက ၃၇၀၆၀ တွင် အထွက် နှုန်းတင်းပေါင်း ၄၃ ဒသမ ၇၆ ရှိခဲ့သဖြင့် ဖူလုံမှုသည် ၈၈ ဒသမ ၆၆ ရာခိုင်နှုန်းတိုးတက်လာပြီး ယခုနှစ်တွင် ဆင်းဧကရီ-၃ အထွက်တိုး မျိုးစပါး တင်း ၅၀၀၀ ဖြန့်ဝေပေးထားပြီး သြဂုတ် ၁၅ ရက်အထိ စာရင်း ကောက်ယူမှုအရ မိုးစပါး စိုက်ပျိုးမှု ၃၇၂၈၈ ဧက အထိရှိလာပြီး ရာသီကုန်တွင် ဝမ်းစာဖူလုံမှု ၉၃ ရာခိုင်နှုန်းကျော်အထိ တိုးတက်လာမည်ဖြစ်ကြောင်း နှင့် လာမည့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဖူလုံမှု ၁၀၀ ရာခိုင်နှုန်းကျော် တိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုဒေသအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံ ငွေမှ မတည်ထောက်ပံ့ငွေကျပ် ၁၁၃၅ သန်းဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ရပ်ကွက်/ ကျေးရွာပေါင်း ၃၆ ရွာအတွက် စီမံကိန်းလုပ်ငန်းပေါင်း ၃၃ ခုတို့တွင် ရင်းနှီးမတည်ဆောင်ရွက်လျက်ရှိသည့် အပြင် ခေါင်လန်ဖူးဒေသ စိုက်ပျိုးရေးလုပ်ငန်းစီမံကိန်းငါးခုအတွက် ငွေကျပ်သန်း ၈၀ နှင့် ဝက် မွေးမြူ ရေးလုပ်ငန်းအတွက် ငွေကျပ်သန်း ၂၀ စုစုပေါင်း ရန်ပုံငွေကျပ် သန်း ၁၀၀ ရင်းနှီးမတည်ပေးထားနိုင် ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)