ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေး ပူတာအိုလွင်ပြင်ပတ်လမ်း ၂၅ မိုင်အတွင်း လမ်းလုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

 

ပူတာအို    ဇန်နဝါရီ    ၂၂


ကချင်ပြည်နယ်        ပူတာအို ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူတာအိုလွင်ပြင် ပတ်လမ်း ၂၅ မိုင် အတွင်း လမ်းလုပ်ငန်းများ ဆောင် ရွက်နေမှုများနှင့်   ပတ်သက်၍ ဇန်နဝါရီ ၂၁ ရက်က  ပြည်နယ် ဝန်ကြီးချုပ်      ဦးခက်ထိန်နန် သည်  ပူတာအိုမြို့သို့  လေကြောင်း ခရီးစဉ်ဖြင့်       ရောက်ရှိခဲ့ပြီး ပြည်နယ်       သယံဇာတရေးရာ ဝန်ကြီး၊     ပြည်နယ်ဥပဒေချုပ် နှင့် ပြည်နယ်အဆင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်      အတူ ကွင်းဆင်းစစ်ဆေးသည်။

 


ပူတာအိုမြို့နယ်      အတွင်း တောင်ပေါ်မြေပြန့်လွင်ပြင်ဖြစ်ပြီး ကျေးရွာပေါင်း ၂၈ ရွာ၊ အိမ်ခြေ ၂၀၅၆ လုံးနှင့် လူဦးရေစုစုပေါင်း ၁၀၉၄၀  တို့အတွက်   ပညာရေး၊ ကျန်းမာရေး၊     လူမှုရေးကဏ္ဍ များ   ဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရေး၊   လယ်ယာထွက်ကုန်သီးနှံ များ ဈေးကွက်သို့ အချိန်မီတင်ပို့  နိုင်ရေးနှင့်     ဒေသတွင်း    လူထု အခြေပြု       ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏       စီမံ ကြီးကြပ်မှုဖြင့်  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက် လျက်ရှိသည့် ပူတာအို- လယ်မယ် ဝါဂျီ - နမ်ရှယ်ကော့ - မန်စေခွန်- မန်စေလမ်း     (ပူတာအိုလွင်ပြင် ပတ်လမ်း) လမ်းအရှည် ၂၅ မိုင် အတွင်းရှိ ပမ္မတီးကျေးရွာအတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တစ်မိုင်    ဆောင်ရွက်နေမှုများနှင့် လွင်ပြင်ပတ်လမ်း     ဆောင်ရွက် ပြီးစီးမှု၊     ဆောင်ရွက်ဆဲအခြေ အနေများနှင့်        ပတ်သက်၍ ကျေးလက်လမ်း  ဖွံ့ဖြိုးရေးဦးစီး ဌာနမှ    ပြည်နယ်ဦးစီးမှူးနှင့်  ခရိုင်ဦးစီးမှူးတို့၏ တင်ပြမှုများ အပေါ်  ပြည်နယ်ဝန်ကြီးချုပ်က  ကြည့်ရှုစစ်ဆေးပြီး     လိုအပ်သည် များ    ဖြည့်ဆည်း    ဆောင်ရွက် ပေးသည်။

 


ထိုမှတစ်ဆင့်     ပြည်နယ် ဝန်ကြီးချုပ်သည် လွင်ပြင်ပတ် လမ်းအတွင်း     နမ်ရှယ်ကော့ ကျေးရွာနှင့် ဆထီလော်ကျေးရွာ အကြား     မြေပြန့်လွင်ပြင်နေရာ ၌      ကျေးလက်နေပြည်သူများ အတွက် လယ်ယာမြေဖော်ထုတ်၍ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ပေးနိုင်ရေး  မြေဆီလွှာဖြစ်ထွန်းမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ပြီး      နန့်ပလပ်ချောင်းအတွင်း ကျေးလက်နေ        ပြည်သူများ ကုန်ထုတ်ရာတွင် လွယ်ကူလျင်မြန် စွာ ဆောင်ရွက်နိုင်ရေးအတွက် တံတားအသစ်    တည်ဆောက် ပေးနိုင်ရေး      ကြိုးတံတားမှတစ်ဆင့် တည်ဆောက်မည့်      နေရာကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက်       မန်စေ - မန်စေခွန်လမ်းပိုင်း     တစ်မိုင်ကို ကွန်ကရစ်လမ်းခင်းကျင်း ဆောင် ရွက်နိုင်ရေး       လမ်းသားတိုးချဲ့ ဆောင်ရွက်နေမှုများ၊   လမ်းဘေး ဝဲ/ယာ လမ်းလုပ်ငန်းများ ဆောင် ရွက်နေမှု     အခြေအနေများနှင့် ပတ်သက်၍    တာဝန်ရှိသူများ တင်ပြမှုများအပေါ်    ပြည်နယ် ဝန်ကြီးချုပ်က ဒေသအတွက်အမှန် တကယ်   အကျိုးပြုမည့် လုပ်ငန်း ဖြစ်သည့်အတွက် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ      ဆောင်ရွက် နိုင်ရေး  မှာကြားကြောင်း  သိရ သည်။


ပြည်နယ်(ပြန်/ဆက်)