
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့သို့ အလှူငွေနှင့် စားသောက်ကုန်များ
ပေးအပ်လှူဒါန်းပွဲနှင့်ရေဘေးအန္တရာယ်အပေါ်အရေးပေါ်တုံ့ပြန်မှုလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများဆောလျင်စွာ စနစ်တကျစီမံဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်
မြစ်ကြီးနား ဇူလိုင် ၉
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက် မပြတ် ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ စံချိန်တင် ကြီးမြင့်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ရွှေကူ မြို့နယ်များတွင် ရေကြီး/ ရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကူညီကယ်ဆယ် စောင့်ရှောက်ပေးလျက်ရှိရာ ရေဘေး သင့်ပြည်သူများ အား ကူညီထောက်ပံ့နိုင်ရေးအတွက် ဒေသခံအလှူ ရှင်များက ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့သို့ ငွေသားနှင့် စားသောက်ကုန်ပစ္စည်း များ လှူဒါန်းပွဲကို ဇူလိုင် ၉ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ခါကာဘိုရာဇီခန်းမ၌ ကျင်းပ သည်။
ကျေးဇူးတင်ဂုဏ်ပြု
လှူဒါန်းပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအား မိမိတို့၏ ညီအစ်ကိုမောင်နှမများ ဖြစ်သည့် ရေဘေးသင့်ပြည်သူများအတွက် ယခုလို လာရောက်ထောက်ပံ့လှူဒါန်းပေးခြင်းကို ပြည်သူ များကိုယ်စား မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း ပြောကြားကာ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အတွက်မြစ်ကြီးနားမြို့နေ ဦးရဲရင့်ဆွေ မိသားစုက ငွေကျပ်သိန်း ၅၀၀၊ (အပေါ်ယာပုံ) ယူနန် ပေါင်ဆန်းဟိန်ယိအုပ်စုကုမ္ပဏီလီမိတက်က ငွေကျပ် သိန်း ၁၀၀၊ ဆန်အိတ် ၁၀၀ နှင့် ကြက်ဥအလုံး ၁၈၀၀၀၊ ရွှေသစ်သီးစိုက်ပျိုးရေး ကုမ္ပဏီက ဆန်အိတ် ၁၀၀၊ ဦးမျိုးမြင့်အောင်(Centric Food Co.,Ltd) က ငွေကျပ် ၇၇ သိန်းတန်ဖိုးရှိ စားအုန်းဆီပိဿာ ၁၁၀၀ ၊ ပြည်နယ်ဆီလုပ်ငန်းရှင်များ အသင်းက ငွေကျပ် ၁၀ သိန်းနှင့် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက ငွေကျပ် ငါးသိန်းတို့ဖြင့် စုစုပေါင်းငွေကျပ် ၆၁၅ သိန်း၊ ဆန်အိတ် ၂၀၀၊ စားအုန်းဆီပိဿာ ၁၁၀၀နှင့် ကြက်ဥ အလုံး ၁၈၀၀၀ လှူဒါန်းမှုအား လက်ခံရယူပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ် သည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများစီမံ
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ပြည်နယ်အတွင်း ဖြစ်ပေါ် လျက်ရှိသည့် ရေကြီး၊ ရေလျှံမှုဖြစ်စဉ်များအပေါ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆောလျင်စွာဖြင့် စနစ်တကျစုဖွဲ့၍ စီမံဆောင်ရွက်နိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဧရာဝတီမြစ်ရေ ကြီးမြင့်မှု၊ မိုးသည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့်မြို့နယ်များ တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက် နိုင်ခဲ့သဖြင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိသော် လည်း စိုက်ပျိုးမြေများနှင့် လမ်း၊ တံတားနှင့် နေအိမ် အချို့ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယနေ့ ရေပြန်လည်ကျဆင်းသည့် မြစ်ကြီးနားနှင့် ဝိုင်းမော် တို့တွင် ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီးဖြစ်သော် လည်း ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပြန်လည် ထူထောင်ရေးနှင့်ထိခိုက်ဆုံးရှုံးမှုများအား စနစ်တကျ ပြီးပြည့်စုံအောင် အလျင်မြန်ဆုံးစီမံဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ က ပြည်နယ်အတွင်း သဘာဝဘေးဖြစ်ရပ်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့မှု၊ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ နှင့် ပိုမိုကောင်းမွန်သော တုံ့ပြန်မှုများအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဖြစ်စဉ်/ ဖြစ်ရပ်များအပေါ် လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အလေးထား သတိပြုဆောင်ရွက်ရမည့် ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးတင်ပြပြီး သက်ဆိုင် ရာကော်မတီများအလိုက် တာဝန်ရှိသူများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ရေကြီးမှုကြောင့် ကူညီကယ်ဆယ်ဆောင်ရွက်ခဲ့မှုများ၊ ရေဘေးသင့် ပြည်သူများအတွက် ကူညီထောက်ပံ့မှုနှင့် လှူဒါန်းလက်ခံရရှိမှု အခြေအနေများ၊ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရမည့် လုပ်ငန်းများ၊ ထိခိုက်ဆုံးရှုံးမှုများအပေါ် စစ်တမ်း ကောက်ယူခဲ့မှုအခြေအနေများ၊ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ကူးစက်ရောဂါများမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံ ကိန်းများ၊ ဖြစ်ပွားခဲ့သည့် သဘာဝဘေးဖြစ်စဉ်အပေါ် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအပေါ် လိုအပ် ချက်များ၊ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို သုံးသပ်ဆွေးနွေးတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သဘာဝဘေးဖြစ်စဉ်/ ဖြစ်ရပ်များအပေါ် ကြိုတင် ကာကွယ်ရာတွင်လည်းကောင်း၊ အရေးပေါ်အခြေ အနေတွင် တုံ့ပြန်ဆောင်ရွက်ရာတွင် လည်းကောင်း၊ ပြန်လည်ထူထောင်ရာတွင် လည်းကောင်း အတွေ့ အကြုံများအပေါ် အားနည်းချက်/ အားသာချက်များ ကို သုံးသပ်လေ့လာပြီး ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်း များကို စည်းလုံးညီညွတ်စွာဖြင့် စနစ်တကျစီမံ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)