ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်စည်တင်ပို့နိုင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရော

 

မြစ်ကြီးနား   ဖေဖော်ဝါရီ  ၂၃


ကချင်ပြည်နယ် ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာ တွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ကုန်/  သွင်းကုန်များ  တင်သွင်းနိုင်ရေးအတွက်  မြန်မာ - တရုတ် ကုန်စည်    ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်း ကော်မတီနှင့် ကုန်သည်လုပ်ငန်းရှင်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ဖေဖော်ဝါရီ ၂၃ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး    မလိခခန်းမ၌    ပြုလုပ် သည်။

 


နယ်စပ်ဂိတ်များ ဖွင့်လှစ်နိုင်ရေး


ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လုပ်ငန်းကော်မတီနှင့် ကုန်သည် လုပ်ငန်းရှင်များအားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ကန်ပိုက်တီနယ်စပ်မှတစ်ဆင့်     မြန်မာ-တရုတ် ကုန်စည်စီးဆင်းမှုလုပ်ငန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်မှ စတင်ဆောင်ရွက်လာခဲ့ရာ မိမိတို့ပြည်နယ် အတွက်သာမက နိုင်ငံတော်အတွက် ဘဏ္ဍာငွေများရရှိလာနိုင်ခဲ့ပြီဖြစ်ကြောင်း၊    ထို့အပြင်    ပို့ကုန်/သွင်းကုန်များအတွက်   ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ တရားဝင်တင်ပို့နိုင်ရေး နှစ်ဖက်သဘောတူ MOU  ရေးထိုးဆောင်ရွက်နိုင်ရေးနှင့်   ကန်ပိုက်တီ နယ်စပ်ဂိတ်အပြင် လွယ်ဂျယ်၊ ပန်ဝါ၊ ဖီမော်နယ်စပ် ဂိတ်များ   ပုံမှန်အတိုင်း   ဖွင့်လှစ်နိုင်ရေး   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရမည်        ဖြစ်ကြောင်း၊ အလားတူ  ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်းမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားရမည်     ဖြစ်ကြောင်း မှာကြားသည်။

 


ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်    ကုန်သည်လုပ်ငန်းရှင် များက နယ်စပ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍   ပို့ကုန်/သွင်းကုန်များ   တင်ပို့ဆောင်ရွက် နိုင်မှုအခြေအနေများ၊ တစ်သျှူးငှက်ပျောပို့ကုန်အပြင်  ကျန်စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်ရေးကိစ္စရပ် များ၊ ထိန်ချုံးအပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများ အသင်းနှင့်    ညှိနှိုင်းဆွေးနွေး   ဆောင်ရွက်ခဲ့မှုအခြေ အနေများ၊ ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ထားရှိမှုများ၊ ပို့ကုန်များ တင်ပို့ရာတွင်    တွေ့ကြုံရသည့်     အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပတ်သက်၍ လုပ်ငန်းကော်မတီမှ ညှိနှိုင်းဆောင်ရွက်ပေးသွားရမည့်   ကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။

 


ပို့ကုန်များ တိုးမြှင့်ပို့ဆောင်နိုင်ရေး


 ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က  နှစ်နိုင်ငံ   ကုန်သွယ်ရေးလုပ်ငန်း     စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက်   တစ်ဖက်တရုတ်နိုင်ငံ ကုန်သည်အသင်းများနှင့် ညှိနှိုင်း၍ MOU ရေးထိုး နိုင်ရေး၊ ပို့ကုန်များ တိုးမြှင့်ပို့ဆောင်နိုင်ရေး၊ ကုန်စည် စီးဆင်းမှုလမ်းကြောင်းအတွက် စစ်ဆေးကြပ်မတ် သွားမည့် စုပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် လိုအပ်သည် များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

 


အလားတူ  ပြည်နယ်ဝန်ကြီးချုပ်သည်  အဆိုပါ ခန်းမ၌ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ   ပြည်နယ်အဆင့်ကော်မတီ   လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပသည်။

 


 လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်    ပြည်နယ် အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာ ချထားပြီး    စခန်းပိတ်သိမ်းရေးနှင့်    ပြန်လည် ထူထောင်ရေးလုပ်ငန်းများ       ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ စခန်းများ ပိတ်သိမ်းရေးအတွက် ပြောင်းရွှေ့နေရာချထားပေးမည့်   နေရာများတွင် နေအိမ်များ  ပြုပြင်/အသစ်တည်ဆောက်ပေးနေမှုအခြေအနေများ၊  ရေ၊ မီးနှင့် နေထိုင်စားသောက်မှု အဆင်ပြေစေရေး   ထောက်ပံ့ဆောင်ရွက်ပေးရမည့် အခြေအနေများနှင့်စပ်လျဉ်း၍  အကြံပြုဆွေးနွေး တင်ပြရာ    ပြည်နယ်ဝန်ကြီးချုပ်က   နေရပ်စွန့်ခွာ ပြည်သူများ၏ အရေးကိစ္စ ကြီး/ ငယ်မရွေး တာဝန်ယူ ကူညီဆောင်ရွက်ပေးနေကြသည့်  ကော်မတီအဖွဲ့ဝင် များအပါအဝင် ဘာသာရေးအသင်းအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များအနေဖြင့် အစိုးရအဖွဲ့နှင့် လက်တွဲ၍ အတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး နှင့် လိုအပ်သည်များ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်    ဆောင်ရွက်ပေးခဲ့ကြောင်း    သိရ သည်။                                  

ပြည်နယ်(ပြန်/ဆက်)