
မြစ်ကြီးနား ဇန်နဝါရီ ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ စိုက်ပျိုး ရေး ဦးစီးဌာနနှင့် တောင်သူ အကျိုးတူ ပူးပေါင်းဆောင်ရွက် သည့် ဧက ၁၀၀ စံပြစိုက်ကွက် ၌ ပြည်နယ်အတွင်း စိုက်ပျိုး ရေး အသိပညာပေး စံပြစိုက်ကွင်း တစ်ခု တစ်နှစ်ပတ်လုံး သုံးသီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီ ၁၇ ရက်က ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်သည် ပြည်နယ်ဝန်ကြီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဧက ၁၀၀ စံပြ စိုက်ကွက်အတွင်း ဖြတ်သန်း စီးဆင်းသည့် အင်ဂျန်းခချောင်းရေကြီးရေလျှံမှုကြောင့် သီးနှံဆုံးရှုံး မှုမှ ကာကွယ်နိုင်ရေး ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေနုတ် မြောင်းအဖြစ် အရှည်ပေ ၁၀၀၀၀ ကျော်ကို အနက်ငါးပေ ပြန်လည် တူးဖော်ခြင်းလုပ်ငန်း၊ အရှည် ပေ ၇၀ ကျောက်စီခြင်းလုပ်ငန်း၊ တာပေါင်ဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု လမ်းမကြီးဘေး မန်ခိန်ရပ်ကွက် အတွင်း ဧက ၁၀၀ စံပြစိုက်ကွက် အတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ ဆင်းရွှေကြာ-၂ မျိုးသန့် နေကြာပင်များ ဧက ၃၄ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိမှု ကို ဒေသခံတောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စံပြစိုက်ကွက်အတွင်း မိုးစပါးအပါ အဝင် ဒုတိယသီးနှံအဖြစ် ဆီထွက် သီးနှံ နေကြာ/ပဲပုပ်နှင့် တတိယ သီးနှံအဖြစ် ဟင်းသီးဟင်းရွက် စိုက်ခင်းများဖြင့် တစ်နှစ်ပတ်လုံး နွေ၊ မိုး၊ ဆောင်း သုံးသီးပုံစံဖြင့် တောင်သူပညာပေး စိုက်ပျိုးနိုင် ရေး စီမံဆောင်ရွက်ထားရှိမှုများ အား တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့အပြင် ဧက ၁၀၀ စံပြ စိုက်ကွက်အတွင်း အင်ဂျန်း ခချောင်း ပြန်လည်တူးဖော်ထားရှိ မှု၊ စိုက်ကွက်များအတွင်း လက်တံ မြောင်းများ ပြန်လည်တူးဖော် ပေးနိုင်ရေး၊ နွေရာသီ စိုက်ပျိုးရေ လုံလောက်မှု ရှိစေရေးအတွက် စက်ရေတွင်း ကိုးတွင်းနှင့် ဆိုလာ စနစ်ဖြင့် ရေတွင်း တစ်တွင်း တူးဖော် ဆောင်ရွက်ပေးထားမှု အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တစ်နှစ်ပတ်လုံး သီးထပ်သီးနှံများ ဖြင့် သန့်ရှင်းသာယာလှပသည့် တောင်သူပညာပေး စံပြစိုက်ကွက် တစ်ခု ဖြစ်ပေါ်လာစေရေး လိုအပ် သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)