ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

 

မြစ်ကြီးနား  နိုဝင်ဘာ  ၂၉


ကချင်ပြည်နယ်အတွင်း   အမျိုး သမီးများအပေါ်   အကြမ်းဖက်မှု ပပျောက်ရေး    ၁၆   ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်း အနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉  နာရီက  မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနော ရွှေပြည်ခန်းမ၌    ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်   ဦးခက် ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

 


အခမ်းအနားတွင်  ပြည်နယ် ဝန်ကြီးချုပ်က အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်း မျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများမှ   ကာကွယ်စောင့်ရှောက်ရေးအတွက် သက်ဆိုင်သည့် လုပ်ငန်းအစီအစဉ် များ၊ မူဝါဒများ၊ စီမံကိန်းစီမံချက် များ၊  လမ်းညွှန်ချက်များကို   ချမှတ် ဖော်ဆောင်သည့်    နေရာတွင်    နိုင်ငံတော်အစိုးရ၊   ပုဂ္ဂလိကနှင့် ပြည်သူများအားလုံးကပါ ဝိုင်းဝန်း ပူးပေါင်းပြီး     အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

 


ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်နှင့်     ဇနီး   ဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များက    မြစ်ကြီးနား မြို့ပေါ်မှ မေတ္တာရိပ်မြုံ ပရဟိတ ဂေဟာနှင့်    ချမ်းမြေ့ပရဟိတ ဂေဟာတို့မှ သားငယ်၊ သမီးငယ် များ၏   အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ပေးရေး အတွက် တေးသီချင်းများ၊ သရုပ် ဖော် အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်မှုကို  ကြည့်ရှုအားပေး ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်       ဇနီးတို့က       ပရဟိတ    ဂေဟာများအတွက်         ထောက်ပံ့ငွေကျပ်     နှစ်သိန်းစီ     ပေးအပ်ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)