ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ၊ မနောအက၊ အားကစားပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် မသန်စွမ်းဝှီးချဲဘတ်စကက်ဘော ပြိုင်ပွဲဖွင့်ပွဲများသို့ တက်ရောက်

 

မြစ်ကြီးနား   ဇန်နဝါရီ   ၆


ကချင်ပြည်နယ်အစိုးရအဖွဲ့  အနေ ဖြင့် မြစ်ကြီးနားမြို့၌ (၇၆)   နှစ် မြောက်     ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများ၊ ပြခန်းပြပွဲများ၊ အားကစားပြိုင်ပွဲ များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး   စီစဉ်ဆောင်ရွက် လျက်ရှိရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူ များနှင့်အတူ ဇန်နဝါရီ ၆ ရက်က မြစ်ကြီးနားမြို့  Northern Star ဂေါက်ကလပ်၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့    အထိမ်း အမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ သို့ တက်ရောက်သည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ကို ပြည်နယ်အတွင်းရှိ ဂေါက်သီး ရိုက်အားကစားသမား ၁၂၀  ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်   ၊    ပြည်နယ် တရားလွှတ်တော်    တရားသူကြီး ချုပ်၊     ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက    စပေးဘော ဖြစ်သည့်  Smoke Ball    (ရောင်စုံ မီးခိုးဘောလုံး)ကို ရိုက်၍ ဖွင့်လှစ် ပေးခဲ့ကြသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီး ချုပ်သည်  ဧရာရပ်ကွက်အတွင်း ရှိ    ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းနှင့်အပြင်တို့တွင် ပြည်နယ် အထွေထွေအုပ်ချုပ်အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/အမှုထမ်းများ နှင့်အတူ အမှိုက်များ ကောက်ယူ ခြင်း၊ သစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်းတို့ကို     စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး    ပြည်နယ် ဝန်ကြီးချုပ်က    ရုံးဝင်းအဝင် လမ်းဘေးဝဲ/ယာတို့တွင် အလှပန်း ပင်များ ဖြည့်စွက်စိုက်ပျိုးနိုင်ရေး၊ ပြည်နယ်နေ့အထိမ်းအမှတ်အခမ်း အနားတွင် သန့်ရှင်းသာယာလှပ နေစေရေး  ကြိုတင်ပြုပြင်မွမ်းမံ နိုင်ရေး     တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ရုံးရှေ့မြက်ခင်း ပြင်၌   ၉  ရက်နှင့်  ၁၀  ရက်တို့တွင် ပြည်နယ်နေ့အခမ်းအနား  အဖွင့် မနောနှင့်    အပိတ်မနောအက ကို စုပေါင်းကကြရာတွင် ကချင် တိုင်းရင်းသားတို့၏  ရိုးရာဓလေ့ ထုံးစံနှင့်အညီ  မှန်ကန်ညီညာစွာ ကနိုင်ရေး ဌာနဆိုင်ရာ ဝန်ထမ်း များ၊    တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊   သူနာပြု သင်တန်းသူများအား   အစမ်း လေ့ကျင့်ကပြမှုကို        ကြည့်ရှု အားပေးသည်။
ထိုမှတစ်ဆင့်     ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့     ကိုယ်ကာယ ပြန်လည်      သန်စွမ်းရေးဌာန၌ ပြည်နယ်အားကစားနှင့်  ကာယ ပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနတို့      ပူးပေါင်း၍ (၇၆)နှစ်မြောက်   ကချင်ပြည်နယ် နေ့အထိမ်းအမှတ်    မသန်စွမ်း ဝှီးချဲ   ဘတ်စကက်ဘောပြိုင်ပွဲသို့ တက်ရောက်ပြီး       မသန်စွမ်း အားကစားသမားများအား ရင်းရင်း နှီးနှီး မိတ်ဆက်တွေ့ဆုံ အားပေး ကာ မသန်စွမ်းဘတ်စကက်ဘောအားကစားသမားများ   အတွက် ဘောလုံးများကို ထောက်ပံ့ပေးအပ် ခဲ့ပြီး     ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲ      စတင်ကျင်းပနိုင်ရေး ဘတ်စကက်ဘောကို    ဂိုးပိုက် အတွင်းသို့   ပစ်သွင်းဖွင့်လှစ်ပေး ခဲ့ကာ     ပြိုင်ပွဲကျင်းပမှုများကို ကြည့်ရှုအားပေးကြသည်။


ပြည်နယ်(ပြန်/ဆက်)