ကချင်ပြည်နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ပုံမှန်အတိုင်းရောင်းချပေးရေး ဆွေးနွေး

 

မြစ်ကြီးနား  ဧပြီ  ၂၁


လတ်တလော     ပျံ့နှံ့နေသည့် စက်သုံးဆီနှင့်    ပတ်သက်သည့် သတင်းအမှားများကြောင့် မြစ်ကြီး နားမြို့ရှိ      စက်သုံးဆီသုံးစွဲသူ ပြည်သူများ စိုးရိမ်ပူပန်မှုနှင့်အတူ အလုအယက်ဝယ်ယူနေကြသည့် အခြေအနေများအပေါ် စက်သုံးဆီ လက်လီအရောင်းဆိုင်များ  သတ် မှတ်ဈေးနှုန်းဖြင့်    ပုံမှန်အတိုင်း ရောင်းချနိုင်ရေးအတွက်  ကချင် ပြည်နယ်   သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်သည် စက်သုံးဆီ အရောင်းဆိုင်လုပ်ငန်း ရှင်များနှင့်    မြန်မာ့  ရေနံဓာတု ဗေဒလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူး ရေးဌာန  (မြစ်ကြီးနား)ရုံး၌  ဧပြီ ၂၀ ရက် နံနက် က   ညှိနှိုင်းဆွေးနွေး ခဲ့သည်။

 


ထိုသို့တွေ့ဆုံစဉ်  ပြည်နယ် ဝန်ကြီးက  စက်သုံးဆီလက်လီ ရောင်းချနေသည့်  အရောင်းဆိုင် လုပ်ငန်းရှင်များ၏ စက်သုံးဆီတင် သွင်း ဖြန့်ဖြူးရောင်းချလျက်ရှိ သည့်အခြေအနေများ၊  ပြည်သူ များ စိုးရိမ်ပူပန်မှုဖြင့် ဝယ်ယူမှု အပေါ် စက်သုံးဆီပြတ်လပ်မှု မရှိ စေရေး ရောင်းချဖြန့်ဖြူးနိုင်သည့် အခြေအနေများ၊        ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်   ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ 

 


ထို့ပြင် သက်ဆိုင်ရာဌာနမှ စက်သုံးဆီ    တင်သွင်းခွင့်နှင့် ပတ်သက်၍ ကြန့်ကြာမှုမရှိစေရေး ဥပဒေ၊   လုပ်ထုံးလုပ်နည်းနှင့်အညီ  ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည့်  ကိစ္စရပ်များနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

 

 ဆက် လက်၍ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များက လက်ရှိ စက်သုံးဆီ ရောင်းချပေးနေမှုများ၊    သိရှိလို သည်များနှင့်   ပေါင်းစပ်ပေးရန် လိုအပ်သည်များအား   အကြံပြု ဆွေးနွေး   တင်ပြမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

 


မြစ်ကြီးနားမြို့တွင် လတ်တ လော စက်သုံးဆီနှင့် ပတ်သက် သည့် သတင်းအမှားများကြောင့် ဧပြီ ၁၉ ရက်က ပြည်သူများ စိုးရိမ် ပူပန်မှုများဖြင့် စက်သုံးဆီ ဝယ်ယူ စုဆောင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဧပြီ ၂၀ ရက်တွင် စက်သုံးဆီအရောင်း ဆိုင်များ၌ ပုံမှန်ရောင်းချလျက်ရှိ သည်။      

 

ပြည်နယ်(ပြန်/ဆက်)