
နေပြည်တော် အောက်တိုဘာ ၂၀
တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘော တူညီချက်များအတိုင်း အလေးထားလိုက်နာဆောင် ရွက်လျက်ရှိပြီး NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကြီးကိုလည်း အနှစ်သာရရှိစွာ နိုင်ငံတော် အဆင့် အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။
ထိုသို့ တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေလိုသော ရည်ရွယ်ချက်များဖြင့် KIA တပ်မဟာ(၆) လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်း အဖွဲ့များက အောက်တိုဘာ ၁၉ ရက် နံနက် ၆ နာရီခွဲ ခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မုံးကိုးမြို့၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့် အကွာရှိ တပ်မတော်မှ နယ်မြေထိန်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် နမ့်ကွတ်စခန်းအား နေရာ (၃)နေရာမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်လာရာ စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ ဝင်များက မဆုတ်မနစ် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ သော်လည်း သောင်းကျန်းသူအင်အား များပြားလာမှု ကြောင့် စစ်ကူ စစ်ကြောင်းများ မရောက်မီ ညနေ ၄ နာရီခွဲခန့်တွင် စခန်းမှ ခေတ္တဆုတ်ခွာခဲ့ပြီး စစ်ကူ စစ်ကြောင်းများဖြင့် ပြန်လည်ပူးပေါင်းလျက် စခန်း နေရာအား ပြန်လည်သိမ်းပိုက်နိုင်ရေး ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ တိုက်ခိုက်လာမှုကြောင့် တပ်မတော် စစ်ကြောင်းများကလည်း KIA တပ်မဟာ(၆)နေရာ အား လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူတို့ဖြင့် တန်ပြန်တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ KIA အဖွဲ့၏ ကာကင်းနေရာတစ်ခုအား KIA တပ်ဖွဲ့ဝင် အလောင်း အချို့နှင့်အတူ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် KIA ဌာနချုပ် လိုင်ဇာ၏ ရှေ့ကာနေရာ ဖြစ်သော မိုက်ဆာပါတွင် အခြေပြုလျက်ရှိသည့် KIA အဖွဲ့များက ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ရွာအနီးရှိ တပ်မတော်မှ ဗန်းမော်-ဝိုင်းမော် ကားလမ်းထိန်းစခန်း အဖြစ် ဆောင်ရွက်လျက်ရှိသည့် လဲလုံစခန်းအား ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈ ရက်မှစ၍ အောက်တိုဘာ ၂၀ ရက်အထိ ၈၁ ကြိမ်တိုင် အင်အား အလုံးအရင်း ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော်လည်း စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များက အမြောက်နှင့် လေကြောင်း ပစ်ကူရယူ၍ ရွပ်ရွပ်ချွံချွံ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာမှ ယနေ့ အောက်တိုဘာ ၂၀ ရက် မွန်းလွဲ ၃ နာရီခန့် တွင် သောင်းကျန်းသူ အင်အားများပြားလာသည့် အတွက် စခန်းမှ ခေတ္တဆုတ်ခွာပေးလိုက်ရကြောင်း သိရှိရပြီး စစ်ကူစစ်ကြောင်းများဖြင့် ပူးပေါင်းလျက် အဆိုပါစခန်းအား အမြန်ဆုံးပြန်လည်သိမ်းပိုက် ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်