
မြစ်ကြီးနား ဧပြီ ၂၁
မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ၌တိရစ္ဆာန်အစာအဖြစ် အစေ့ထုတ်ပြောင်း ချဉ်ဖတ် (Maize Silage) ကို တရုတ်နိုင်ငံသို့ စိုက်ပျိုး ထုတ်လုပ်တင်ပို့မှု၊ ထုပ်ပိုးမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ ၂၀ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။
တိရစ္ဆာန်အစာအဖြစ် အစေ့ထုတ်ပြောင်း ချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ နည်း စနစ်ကျ တိုးတက်မြင့်မားစွာထုတ်လုပ်နိုင်ရေးအတွက် အားပေးတိုက်တွန်းလျက်ရှိပါ ကြောင်း၊ အစေ့ထုတ်ပြောင်း ချဉ်ဖတ်စိုက်ပျိုး ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့တင်ပို့မည့် အစီ အစဉ်သည် ပြည်နယ်၏စိုက်ပျိုးမွေးမြူရေး ကဏ္ဍအတွက် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍ တစ်ရပ်ဖြစ်သည့်အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သတ်မှတ်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း က တိရစ္ဆာန်အစာ အစေ့ထုတ်ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများကို သုံးသပ်ရှင်းလင်းဆွေးနွေးပြီး ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဌေးလွင်နှင့် ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသန်းအေးတို့က တိရစ္ဆာန် အစာအဖြစ် အစေ့ထုတ်ပြောင်း ချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သတ်မှတ်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ်နိုင် ရေးအတွက် သိပ္ပံနည်းကျစိုက်ပျိုးနိုင်ရေး လေ့ကျင့်ပညာပေးခြင်းနှင့် ပိုးမွှားကင်းစင်ပြီး စံသတ်မှတ်ချက်နှင့်အညီ တင်ပို့နိုင်ရေး အတွက် စစ်ဆေးကြပ်မတ်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ Century Sun Investment and Development ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက တာလောကြီးကျေးရွာအတွင်းရှိ မြေဧက ၂၀၀ ပေါ်တွင် အစေ့ထုတ်ပြောင်း ချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အစေ့ထုတ်ပြောင်းစိုက်ပျိုး တင်ပို့မှု၊ ထုပ်ပိုးမှုနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည် များကို လုပ်ထုံး၊ လုပ်နည်း၊ ညွှန်ကြားချက်များ နှင့်အညီ အမြန်ဆုံးကူညီဆောင်ရွက်ပေးနိုင် ရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)