ကချင်ပြည်နယ်၌ ၂၀၂၃ ခုနှစ် မေလအထိ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုပေါင်း ၂၄၅ မှု၊ ပြစ်မှုကျူးလွန်သူ ၃၁၀ တို့ကို အရေးယူနိုင်ခဲ့

 

မြစ်ကြီးနား   ဇွန်   ၂၇
(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကို   ယမန်နေ့   နံနက်ပိုင်းက    ကချင်ပြည်နယ် မြစ်ကြီးနားမြို့   ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်က  ကချင်ပြည်နယ်၌  ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း ၇၆၆ မှု၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၈၅၂၆ ဒသမ ၁၄၇ သန်း၊ ပြစ်မှုကျူးလွန်သူ ၉၆၆ ဦးနှင့် ၂၀၂၃ ခုနှစ် မေလအထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း ၂၄၅ မှု စုစုပေါင်းတန်ဖိုးငွေကျပ် ၆၈၃၈ ဒသမ ၃၃၈ သန်း၊ ပြစ်မှုကျူးလွန်သူ ၃၁၀တို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့ ကြောင်း၊ အလားတူ  ၂၀၂၂ - ၂၀၂၃ ခုနှစ် ဘိန်းစိုက်ရာသီ အတွင်း တပ်မတော်၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  ဌာန ဆိုင်ရာများနှင့် ပြည်သူလူထုပူးပေါင်းပြီး ဘိန်းခင်း ၈၀ ဒသမ ၅ ဧကကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြား သည်။
    ထို့နောက် အခမ်းအနားတွင် ပြည်နယ်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ် လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင် ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး ဌာန    ပြည်ထောင်စုဝန်ကြီး၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော   ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌထံမှ    ပေးပို့ သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ က အထိမ်းအမှတ်နေ့ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်   ပန်းချီပြိုင်ပွဲ၊   ကာတွန်းပြိုင်ပွဲ၊ ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင်  ဆုရ   ကျောင်းသား   ကျောင်းသူများ  တစ်နှစ်တာ အတွင်း မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးရာတွင် စွမ်းစွမ်းတမံ  ဆောင်ရွက်ခဲ့ကြသူများအား  ဂုဏ်ပြု ချီးမြှင့်ငွေနှင့်  ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ (ဝဲပုံ)
    ယင်းနောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။   ပြည်နယ်(ပြန်/ဆက်)