
မြစ်ကြီးနား မေ ၁၃
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာယာယီတိမ်းရှောင်စခန်းနေပြည်သူများ နေရပ်ပြန်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပံ့ပိုးခြင်းလုပ်ငန်းများ မြန်ဆန် ထိရောက်စွာဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာများနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူများ ညှိနှိုင်းအစည်းအဝေးကို မေ ၁၂ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (အောက်ပုံ)
ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နေရပ်စွန့်ခွာယာယီတိမ်းရှောင် စခန်းနေပြည်သူများ နေရပ်ပြန်လည်နေရာချထား ခြင်းနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာပံ့ပိုးခြင်း လုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးဖြင့် ပေါင်းစပ် စီမံဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ နီပွန်ဖောင်ဒေးရှင်း၏ အကူ အညီဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် ထိရောက် မြန်ဆန်ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ပြည်နယ် အတွင်း နီပွန်ဖောင်ဒေးရှင်း၏ အကူအညီဖြင့် နေရပ် စွန့်ခွာတိမ်းရှောင်ပြည်သူများအတွက် နေရပ် ပြန်လည်နေရာချထားခြင်း၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် တန်ဖိုးနည်းနေအိမ်များ အသစ်တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ တာဝန်ရှိသူများက တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ညနေပိုင်း တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ပြည်နယ်အတွင်း ဝေးလံခက်ခဲ သည့် ခေါင်လန်ဖူးဒေသ၊ ဆော့လော်ဒေသအပါအဝင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပေးသည်။
ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးနှင့် လူမှုပရဟိတ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ပြည်နယ် အစိုးရအဖွဲ့၏ စီမံထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြေပြန့်ဒေသများ သာမက တောင်ပေါ်ဒေသများတွင်ပါ လွှမ်းခြုံထိုးနှံ ပေးနိုင်ရေး ဝေးလံခက်ခဲသည့် ခေါင်လန်ဖူးမြို့နယ်၊ ဆော့လော်မြို့နယ်များအပါအဝင် အင်ဂျန်းယန် မြို့နယ်၊ ဗန်းမော်ခရိုင်နှင့် တနိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နယ်မြေအခြေအနေအရသော်လည်းကောင်း၊ ဝေးလံ ပြီးသွားလာရခက်ခဲသည့် တောင်ပေါ်ဒေသများတွင် လည်းကောင်း အခက်အခဲအသီးသီးကို ရင်ဆိုင် ဖြတ်ကျော်ကာ စေတနာအပြည့်အဝဖြင့် ယခုလို ဆောင်ရွက်ခဲ့ကြသူများကို မိမိတို့အနေဖြင့် ဂုဏ်ပြု ထိုက်သူများကို အသိအမှတ်ပြု ဂုဏ်ပြုပေးခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ် ဆေးထိုးလုပ်ငန်းတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ ကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာ ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)