ကချင်ပြည်နယ်အတွင်းရှိ လမ်းတံတား၊ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်   အောက်တိုဘာ   ၁၇


ဆောက်လုပ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည်    ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနား မြို့ရှိ မူးယစ်ဆေးစွဲရောဂါကုဆေးရုံကြီးသို့ ရောက်ရှိ ပြီး    အဆောက်အဦဦးစီးဌာန    အဆောက်အဦ အထူးအဖွဲ့(၈)က တာဝန်ယူတည်ဆောက်နေသော လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက် ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ မေခဝန်ထမ်းအိမ်ရာ စခန်းအတွင်း ရှိ  လေးခန်းတွဲ   လေးထပ်   အဆောက်အအုံနှစ်လုံး တည်ဆောက်ရေးလုပ်ငန်းခွင်သို့    ရောက်ရှိကြရာ တာဝန်ရှိသူများက     ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို  ရှင်းလင်းတင်ပြပြီး  ပြည်ထောင်စု ဝန်ကြီးက   လုပ်ငန်းခွင်အတွင်း  လိုက်လံကြည့်ရှု စစ်ဆေးသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက   ကြီးကြပ်တာဝန်ယူ ဆောင်ရွက်သော မေခဝန်ထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ် အဆောက်အအုံ ၃၂ လုံး၊ အခန်းပေါင်း ၅၁၂ ခန်းကို ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိအဆောက် အအုံ ၁၉ လုံး၊ အခန်းပေါင်း ၃၀၄ ခန်း ဆောင်ရွက် ပြီးဖြစ်သည်။ ယခုအခါ  မေခဝန်ထမ်းအိမ်ရာစခန်းတွင် လေးခန်းတွဲ   လေးထပ်   အဆောက်အအုံ  နှစ်လုံး တည်ဆောက်လျက်ရှိရာ လုပ်ငန်းအားလုံး ၉၅ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ဗန်းမော်-မြစ်ကြီးနား လမ်းအပိုင်း ၇၆၃ ဒသမ ၄၅ ကီလိုမီတာမှ ၇၇၀ ဒသမ ၄၇ ကီလိုမီတာတွင်  White Monolith လမ်းကုမ္ပဏီမှ စက်ယန္တရားများဖြင့် ကတ္တရာကွန်ကရစ်(AC)ခင်းနေမှုကို   သွားရောက် ကြည့်ရှုစစ်ဆေးသည်။


မှာကြား


ယနေ့တွင် ပြည်ထောင်စုဝန်ကြီး    ဦးရွှေလေး သည် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်  လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဆိုင်ရာ     တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှောင်လမ်း  ကတ္တရာခင်းခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရေစီး၊ ရေထွက် ကောင်းမွန်ရေးအတွက် ရေပြွန်များ၊ Box Culvert များ စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ရွှေဘို-မြစ်ကြီးနားလမ်း KBS ကုမ္ပဏီ ၏ ယာယီလမ်းစခန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ရွှေဘို-မြစ်ကြီးနားလမ်း ကီလိုမီတာ (၄၇၅ ဒသမ ၉၀ မှ ၄၇၉ ဒသမ သုည အထိ)၃ ဒသမ ၁၀ ကီလိုမီတာအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၏    အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် (75mm)ဒု AC Overlay ခင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြကြရာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားပြီး ကတ္တရာကွန်ကရစ်(AC)ခင်းနေမှုကို ကြည့်ရှုစစ်ဆေး သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကချင်ပြည်နယ်ရှိ အဆောက်အဦ၊ လမ်း၊ တံတား၊  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ  တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။ 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကချင် ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တာဝန်ယူဆောင်ရွက်သောလုပ်ငန်းများကို အရှိန် အဟုန်မပျက်   ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည်   ဖြစ်ပါကြောင်း၊  လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်မီပြီးစီးရေးနှင့်  အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီရန် အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လိုက်နာရန် လိုပါကြောင်း၊ မိမိပြည်နယ်အတွင်းရှိ အဆောက်အအုံ၊ လမ်း၊  တံတား တည်ဆောက်ရေးလုပ်ငန်းများ တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်စေ လိုပါကြောင်း ပြောကြားသည်။


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထို့နောက်    ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လမ်းပန်းဆက်သွယ်ရေး     ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီ ရေး၊ ကချင်ပြည်နယ်အတွင်းရှိ လမ်း၊ တံတားများ တိုးတက်မှုနှင့် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ အိမ်ရာစီမံကိန်းလုပ်ငန်းများ၊    ကျေးလက်လမ်း၊ တံတားများ အခြေအနေများ၊ ကချင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော တံတားများကို ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                          

 

သတင်းစဉ်